လမ်းပတ် ။ ။ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့နည်းပြသစ်အဖြစ် လမ်းပတ်ကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါပြီ။ ချယ်လ်ဆီးအသင်းရဲ့ ၀က်ဆိုက်ကတစ်ဆင့် လမ်းပတ်ကို စာချုပ် ချုပ်ဆိုနေတဲ့သတင်းကို ဖော်ပြသွားခဲ့တာဖြစ်ပြီး ကြိုတင်သတင်းတွေ ထွက်ထားတဲ့အတိုင်း (၃)နှစ်စာချုပ်၊ တစ်နှစ်ကို လစာငွေ ပေါင်(၄)သန်း ရရှိမှာပါ။ လမ်းပတ်က အသင်းဝက်ဆိုက်နဲ့ အင်တာဗျူးမှာ သူ့အနေနဲ့ချယ်လ်ဆီးအသင်းရဲ့အောင်မြင်မှုတွေကို တဖန်ပြန်လည်ရယူပေးသွားမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ဘူဖွန် ။ ။ ဂျူဗင်တပ်စ်အသင်းရဲ့ ဂိုးသမားကြီး ဘူဖွန်ဟာ ပြီးခဲ့တဲ့ ရာသီမှာ PSG အသင်းဆီ သွားရောက်ကစားခဲ့ပြီးတဲ့နောက် ဒီရာသီမှာတော့ ဂျူဗင်တပ်စ်အသင်းအတွက် ပြန်လည်ကစားပေးဖို့ ရောက်ရှိလာခဲ့ပါပြီ။ ဂျူဗင်တပ်စ်ပရိသတ်တွေက တူရင်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဂိုးသမားကြီးကို သွားရောက်ကြိုဆိုခဲ့ကြပြီး ဘူဖွန်ဟာ တစ်နှစ်သက်တမ်းရှိတဲ့ စာချုပ်နဲ့ ဂျူဗင်တပ်စ်အတွက် ပြန်လည်ကစားပေးမှာဖြစ်ပါတယ်။

ပေါ့ဂ်ဘာ ။ ။ မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဆာဟာ က အသင်းကနေ ထွက်ခွာဖို့အတွက် အတိအလင်းကြိုးစားနေတဲ့ ပေါ့ဂ်ဘာရဲ့လုပ်ရပ်ဟာ စိတ်ပျက်စရာဖြစ်ကြောင်းနဲ့ တခြားကစားသမားတွေအတွက် ရှေ့ဆောင်လမ်းပြ ဖြစ်သွားနိုင်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာကတည်းက မန်ယူအသင်းကနေ ထွက်ခွာချင်ကြောင်း အသိပေးခဲ့တာဖြစ်ပြီး ဒီဘောလုံးရာသီ ကုန်ဆုံးချိန်မှာလည်း အသင်းကနေ ထွက်ခွာချင်နေကြောင်းကို နည်းပြဆိုးလ်ရှားဆီ ထပ်မံအသိပေးခဲ့တာပါ။

ဘင်ဖီကာ ။ ။ ဘင်ဖီကာအသင်းဟာ ရီးယဲလ်အသင်းတိုက်စစ်မှူး တိုမတ်စ်ကို ယူရိုသန်း(၂၀)နဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာသွားခဲ့ပါတယ်။ အသက် (၂၄)နှစ်အရွယ် တိုက်စစ်မှူး တိုမတ်စ်ဟာ ရီးယဲလ်အသင်းရဲ့ လူငယ်စီမံကိန်းတွေကတစ်ဆင့် ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ရီးယဲလ်စီနီယာအသင်းအတွက် တစ်ပွဲမှ ကစားပေးရခြင်းမရှိသေးတဲ့ ကစားသမားပါ။
DONE DEAL: @SLBenfica have confirmed the signing of Raúl de Tomás from Real Madrid on a five-year contract for a reported fee of £18m.
📸 via @SLBenfica pic.twitter.com/IVuSfXTgVx
— Squawka News (@SquawkaNews) July 4, 2019
အာဆင်နယ် ။ ။ အာဆင်နယ်အသင်းအနေနဲ့ အပြောင်းအရွှေ့မှာ စိတ်ကြိုက်ကစားသမားခေါ်ယူခွင့်ရဖို့ အူဘာမီယန်နဲ့ လာကာဇက်တို့နှစ်ဦးထဲက တစ်ဦးကိုရောင်းချသင့်ကြောင်း အသင်းကစားသမားဟောင်း အီယန်ရိုက်က အကြံပြုပါတယ်။ အာဆင်နယ်ဟာ ပဲလေ့စ်အသင်းတောင်ပံ ကစားသမား ဇာဟာ ကိုခေါ်ယူချင်နေပြီး ဘုတ်အဖွဲ့က ပိုက်ဆံထပ်မံထုတ်မပေးနိုင်တဲ့အခြေအနေမှာ ကစားသမားတွေကိုရောင်းချဖို့ အီယန်ရိုက်က အကြံပေးလိုက်တာပါ။
မာဆယ်လို ။ ။ ရီးယဲလ်အသင်းရဲ့ဘယ်နောက်ခံကစားသမား မာဆယ်လို ဟာ အသင်းကနေ ထွက်ခွာချင်နေကြောင်းကို တရားဝင်အသိပေးလိုက်ပါပြီ။ ဂျူဗင်တပ်စ်၊ အေစီမီလန်နဲ့ PSG အသင်းတို့က အလိုရှိနေတဲ့ မာဆယ်လို အနေနဲ့ လက်ရှိမှာ ကမ်းလှမ်းမှုတွေကို ရရှိထားပြီး ရီးယဲလ်ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ ကစားသမားရဲ့အေးဂျင့်က ပြောဆိုသွားခဲ့ပါတယ်။
Linn
Source : TheSun , Goal , Mirror