၅-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်ယူ ။ ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဒီနေ့ည ကစားမယ့် FA ဖလားပွဲစဉ်မှာ ကွင်းလယ်လူ ပေါ့ဂ်ဘာကို အနားပေးသွားမှာဖြစ်ပြီး တိုက်စစ်မှူးဆန်းချက်ဇ်ကိုတော့ ပွဲထွက်လူစာရင်းမှာ အသုံးပြုသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းဟာ ဒီနေ့ည (၇း၀၀) အချိန်မှာ ရီဒင်းအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမားအချို့ကို အနားပေးဖို့ ဆိုးလ်ရှားက စီစဉ်နေတာဖြစ်ပါတယ်။ ဆိုးလ်ရှားက အသင်းရဲ့ ကစားသမားတွေဟာ ကြံ့ခိုင်မှုအတွက် အနားယူဖို့လိုအပ်နေသလို၊ အချို့ကလည်း ပွဲထွက်ခွင့်ရရှိဖို့ လိုအပ်နေကြတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာပါ။

မိုရာတာ ။        ။ ချယ်လ်ဆီးအသင်းလက်ထောက်နည်းပြ ဇိုလာ က အသင်းတိုက်စစ်မှူး မိုရာတာ အနေနဲ့ ဖိအားဒဏ်ကို ခံနိုင်ရည်ရှိဖို့ လိုအပ်နေပြီဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်မှာ ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မိုရာတာဟာ ချယ်လ်ဆီးကနေ ထွက်ခွာဖို့တောင် စီစဉ်နေပြီး စီးရီးအေကိုရောက်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ဇိုလာ ကတော့ မိုရာတာအနေနဲ့ ချယ်လ်ဆီးအသင်းမှာ ဆက်ရှိနေဖို့ဆိုရင် သူရင်ဆိုင်နေရတဲ့ ဖိအားတွေကို တွန်းလှန်နိုင်ဖို့ လိုလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့တာပါ။

READ
၂၅-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Frank Augstein)

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ ဘာစီလိုနာအသင်းကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်ကိုခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေကိုရောက်ရှိနေပြီဖြစ်ကြောင်း စပိန်သတင်းစာတွေက ဖော်ပြနေကြပါတယ်။ Marca သတင်းစာရဲ့ ဖော်ပြချက်အရ အသက် (၂၄)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ရမ်ဆေးရဲ့နေရာကို အစားထိုးဖို့ အာဆင်နယ်ကို ရောက်ရှိသွားတော့မှာဖြစ်ပြီး ဆွေးနွေးမှုတွေ ပြီးစီးလုနီးပါးအခြေအနေကို ရောက်နေပြီလို့ သိရပါတယ်။ ဆွာရက်ဇ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် (၆)ပွဲသာ ကစားပေးထားရသေးပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် အသင်းကနေ ထွက်ခွာချင်နေသူပါ။

AFP

ပိုချက်တီနို ။     ။ စပါးအသင်းနည်းပြ ပိုချက်တီနို က ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်တွေ ရောက်ရှိလာဖို့မျှော်လင့်မထားဘူးလို့ ပြောဆိုလိုက်ပါတယ်။ စပါးအသင်းဟာ တိုက်စစ်မှူး ဆွန်ဟောင်မင်ကို နိုင်ငံတကာပွဲစဉ်တွေကြောင့် တစ်လလောက်ဆုံးရှုံးရဖို့ရှိနေပေမယ့် ပိုချက်တီနိုကတော့ အသင်းရဲ့ လက်ရှိအနေအထားဟာ ကျေနပ်စရာဖြစ်ကြောင်းနဲ့ ကစားသမားသစ်တွေ ရောက်ရှိမလာဘူးဆိုရင်လည်း စိတ်ပျက်နေစရာမဟုတ်ကြောင်း ပြောဆိုသွားခဲ့တာပါ။ စပါးအသင်းဘုတ်အဖွဲ့ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတုန်းကလည်း ကစားသမားသစ် တစ်ဦးမှ ခေါ်ယူမပေးခဲ့ပဲ ပိုချက်တီနိုကို ကစားသမားဟောင်းတွေနဲ့သာ ရှေ့ဆက်စေခဲ့တာပါ။

ဂိုဒင် ။  ။ ဒီရာသီကုန်ရင် အက်သလက်အသင်းကနေ ထွက်ခွာတော့မယ့်နောက်ခံလူ ဂိုဒင်ဟာ အင်တာမီလန်အသင်းကို ရောက်ရှိဖို့ အနီးစပ်ဆုံးဖြစ်နေပြီလို့ Sky Italia က ဖော်ပြပါတယ်။ အသက် (၃၂)နှစ်အရွယ် နောက်ခံကစားသမားကို အင်တာမီလန်အသင်းက (၂)နှစ် စာချုပ်နဲ့ခေါ်ယူမှာဖြစ်ပြီး အက်သလက်မှာထက် မြင့်မားတဲ့ လစာနှုန်းထားကိုပေးချေသွားဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။ အက်သလက်ဟာ ရာသီကုန်ဆုံးချိန်မှာ ဖိလစ်ပီလူးဝစ္စနဲ့ ဟွမ်ဖရန် တို့လို အဓိက နောက်ခံလူတွေကိုလည်း ဆုံးရှုံးရဖွယ်ရှိနေပြီး စာချုပ်သက်တမ်းတိုးဖို့ ညှိနှိုင်းမှုတွေဟာ အဆင်မပြေဖြစ်နေပါတယ်။

READ
ရုတ်တရက်ဆိုမသိသာပဲ သေချာကြည့်မှတွေ့မယ့်ပုံ (မြင်တတ်မှ)
EPA

အေစီ ။ ။ အေစီမီလန်အသင်းဟာ တိုက်စစ်မှူး ဘိုရီနီ ကို တရုတ်စူပါလိဂ်ကလပ် ရှန်ဇန်းအသင်းဆီရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ အေစီမီလန်ရဲ့ တာဝန်ရှိသူတွေဟာ ဘိုရီနီကိုရောင်းချဖို့ တရုတ်ကလပ်အသင်းနဲ့ဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီး အပြီးသတ်ဆွေးနွေးမှုတွေ ပြုလုပ်ဖို့သာ ကျန်ရှိနေတော့တာပါ။ ဆန်းဒါးလန်းအသင်းရဲ့တိုက်စစ်မှူးဟောင်း ဘိုရီနီ ဟာ ဒီရာသီမှာ အေစီမီလန်အသင်းအတွက် (၁၂) ပွဲ ကစားပေးထားပြီး (၁) ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE