၅-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

ရော်နယ်ဒို ။     ။ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒို က ခြေထောက်ကျိုးသွားခဲ့တဲ့ ပေါ်တူဂီအသင်းဖော် ဂိုမက်ဇ်အတွက် ဆိုရှယ်မီဒီယာပေါ်ကနေ ဆုတောင်းစကားပြောဆိုပေးလိုက်ပါတယ်။ အဲဗာတန်နဲ့စပါးအသင်းတို့ရဲ့ပွဲစဉ်က မတော်တဆမှုကြောင့် ခြေထောက်ကျိုးသွားခဲ့ရတဲ့ ဂိုမက်ဇ် တစ်ယောက် အမြန်ဆုံး ပြန်ကောင်းလာဖို့နဲ့ ပိုပြီး မြန်မြန်ကြံ့ခိုင်လာဖို့ ဆုတောင်းကြောင်း ရော်နယ်ဒိုက သူ့ရဲ့အင်စတာဂရမ် အကောင့်ကနေ ဆုတောင်းပေးသွားခဲ့တာပါ။

အိုဇေးလ် ။       ။ အာဆင်နယ်အသင်းတိုက်စစ်မှူးဟောင်း ဘန်တနာ က အသင်းဖော်ကွင်းလယ်လူ အိုဇေးလ်တစ်ယောက် အာဆင်နယ်အသင်းကို စတင်ရောက်လာတဲ့ တစ်ပတ်အတွင်းမှာ ကလပ်ကို (၃)ခါအထိ ခေါ်သွားခဲ့ဖူးတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ (၂၀၁၃)ခုနှစ်မှာ အာဆင်နယ်အသင်းဆီရောက်ရှိလာခဲ့တဲ့ အိုဇေးလ်ဟာ အသင်းကိုရောက်ရောက်ချင်းမှာပဲ ဘန်တနာနဲ့ အဖွဲ့ကျသွားခဲ့ပြီး သူဟာ ပါတီပွဲတွေကို သဘောကျတဲ့သူတစ်ယောက်ဖြစ်တယ်လို့ ဘန်တနာ က ပြန်လည်ဖောက်သည်ချလိုက်တာပါ။

 

ချယ်လ်ဆီး ။     ။ အပြောင်းအရွှေ့ပိတ်ပင်ခံရမှုကနေ ချယ်လ်ဆီးအသင်း လွတ်မြောက်သွားခဲ့ရင် ခေါ်ယူမယ့် ကစားသမား (၅)ဦးစာရင်း ပေါ်ထွက်လာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ကစားသမားခေါ်ယူမှုတွေအတွက် ပေါင်သန်း(၁၅၀)အထိ အသုံးပြုသွားမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခွင့်ရှိတဲ့ ကစားသမားတွေကိုသာ စတင်ခေါ်ယူနိုင်ဦးမှာပါ။ ဇာဟာ၊ မူဆာဒမ်ဘီလီ ၊ ချင်းဝဲလ်၊ နသန်အကီ နဲ့ ဆန်ချို တို့ဟာ ချယ်လ်ဆီးရဲ့ အလိုရှိတဲ့ ကစားသမားတွေအဖြစ် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

အမ်မရီ ။         ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီက တောင်ပံကစားသမား ပီပီ ကို ပေါင်(၇၅)သန်းနဲ့ ခေါ်ယူခဲ့ခြင်းဟာ သူ့အတွက် ကြီးမားတဲ့ အမှားအယွင်းတစ်ခုဖြစ်တယ်လို့ ၀န်ခံလိုက်ပါတယ်။ အာဆင်နယ်ဟာ ပီပီ ကို မမျှော်လင့်ပဲ ဈေးကြီးပေးပြီး ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း အသင်းအတွက် သင့်တော်တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်မလာခဲ့ပဲ ဒီအစားခံစစ်ကစားသမားတစ်ဦးကို ခေါ်ယူလိုက်ဖို့သင့်ကြောင်း အမ်မရီက မှတ်ချက်ပေးခဲ့တာပါ။

ဝုဒ်ဝါ့ဒ် ။          ။ မန်ယူအသင်းအမှုဆောင်ချုပ် အက်ဝုဒ်ဝါ့ဒ် ဟာ ဘုန်းမောက်ကို မန်ယူအသင်း (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ မန်ယူပွဲကို လာရောက် ကြည့်ရှုခြင်းမရှိခဲ့ပဲ ရပ်ဘီကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်ကိုသာ သွားရောက်ကြည့်ရှုနေခဲ့တယ်လို့ Mirror က ဖော်ပြပါတယ်။ ၀ုဒ်ဝါ့ဒ်ဟာ ရပ်ဘီပြိုင်ပွဲတွေရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး မန်ယူအသင်းထက် ရပ်ဘီပြိုင်ပွဲတွေကိုသာ စောင့်ကြည့်ဖို့ ပိုမို စိတ်ဝင်စားတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

READ
၂၃-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

အီကာဒီ ။        ။ အင်တာမီလန်အသင်းကနေ PSG အသင်းဆီ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး အီကာဒီ က PSG အသင်းရဲ့ အမြဲတမ်းကစားသမားတစ်ယောက် ဖြစ်ဖို့ သူ့အနေနဲ့ ဘာမဆိုလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ အင်တာမီလန် ဟာ အီကာဒီ ကို ပေါင်သန်း(၆၀)နဲ့ ရောင်းချဖို့ ဆန္ဒရှိနေခဲ့ပြီး အငှားစာချုပ် ပြည့်ချိန်မှာ PSG အသင်းအနေနဲ့ ခေါ်ယူခွင့်ရှိတယ်လို့ စာချုပ်ထဲမှာ ထည့်သွင်း ချုပ်ဆိုထားခဲ့တာပါ။

Linn

Source : TheSun , Mirror , Goal

SHARE