၅-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ကာရေဂါ ။       ။ Sky Sports ရဲ့ဘောလုံးပွဲသုံးသပ်သူတစ်ယောက်အဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ်နောက်ခံလူ ကာရေဂါ က မန်ယူအသင်းရဲ့လက်ရှိလူစာရင်းဟာ လီဗာပူးလ်လူစာရင်းထက် ပိုကောင်းနေတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ လီဗာပူးလ်ဟာ ရာသီဝက်လောက်မှာ အကောင်းဆုံး ကစားသမားအစုအဖွဲ့နဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ခဲ့ရပေမယ့်လည်း ရာသီဝက်ကျော်လွန်လာချိန်မှာတော့ သူတို့ရဲ့ ပုံစံကောင်းတွေ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ ကာရေဂါ က ဆိုးလ်ရှားရဲ့လက်ထက်မှာ နိုင်ပွဲဆက်နေတဲ့ မန်ယူရဲ့လူစာရင်းဟာ ဒေါင်ဒေါင်မြည်မဟုတ်ပေမယ့် လီဗာပူးလ်ထက်တော့ သာလွန်တဲ့ အနေအထားမှာရှိနေတယ်လို့ သူ့ရဲ့အသင်းဟောင်းကို တိုက်ခိုက်လိုက်ပါတယ်။

မက်ဆီ ။         ။ အာဂျင်တီးနားအသင်း တိုက်စစ်မှူး မက်ဆီဟာ နိုင်ငံအသင်းမှာ ပြန်ကစားပေးဖို့ ဘာစကားမှ ပြောဆိုထားခြင်းမရှိသေးဘူးလို့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူတစ်ယောက်က ဆိုပါတယ်။ အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီ က မက်ဆီဟာ သူနဲ့ အခုအချိန်အထိ သူနဲ့ စကားမပြောရသေးကြောင်းနဲ့ အသင်းဆီ ဘယ်အချိန်ပြန်လာမလဲဆိုတာ မပြောနိုင်သေးကြောင်း ဖွင့်ဟ သွားခဲ့ပါတယ်။ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း အရေးနိမ့်ခဲ့ပြီးတဲ့နောက် အသင်းအတွက် ကစားပေးဖို့ အချိန်ကာလတစ်ခုအထိ ရပ်ဆိုင်းလိုက်တဲ့ မက်ဆီ ဟာ (၂၀၁၉) မတ်လအတွင်းမှာ ပြန်လည်ကစားပေးမယ်လို့ သတင်းတွေ ထွက်နေခဲ့တာပါ။

READ
(၁၁-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
PA

လူကာကူ ။      ။ လီဗာပူးလ်အသင်းကွင်းလယ်ကစားသမားဟောင်း ဒန်နီမာဖီ က လူကာကူ ဟာ လက်ရှိအခြေအနေအတိုင်းသာ အရန်ခုံမှာ ဆက်ထိုင်နေရမယ်ဆိုရင် အသင်းကနေ ထွက်ခွာသွားဖို့ ပြင်ဆင်တော့မှာဖြစ်တယ်လို့ သုံးသပ်လိုက်ပါတယ်။ လူကာကူ ဟာ နည်းပြဆိုးလ်ရှားရဲ့ လက်ထက်မှာ ပွဲထွက်ခွင့်အတွက် ရက်ရှ်ဖို့ဒ်ကို မကျော်ဖြတ်နိုင်တော့ပဲ အရန်ခုံမှာသာထိုင်နေခဲ့ရတာပါ။ လက်ရှိမှာ ဘောလုံးပွဲ သုံးသပ်သူတစ်ယောက်အဖြစ် ဆောင်ရွက်နေတဲ့ မာဖီ က လူကာကူ ဟာ သူ့ရဲ့ပွဲထွက်ခွင့်အတွက် အသင်းကနေ ထွက်ခွာသွားမယ်လို့ ဖိအားပေးသွားမှာဖြစ်ပြီး အဲဒီနောက်မှာ အသင်းကနေ ထွက်သွားမယ်လို့ ခြိမ်းခြောက်လိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။

AFP

ရှာရယ် ။         ။ ဖူလ်ဟမ်အသင်းကွင်းလယ်ကစားသမား အန်ဒရေရှာရယ်က ဖူလ်ဟမ်အသင်းသာ တန်းဆင်းရရင် အသင်းကနေ ထွက်ခွာသွားမှာဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။ ဒေါ့တ်မွန်အသင်းကနေ (၂)နှစ်အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ ရှာရယ် ဟာ ဖူလ်ဟမ်အတွက် (၆)ဂိုး သွင်းယူပေးထားခဲ့ပေမယ့် အသင်းဖော်တွေရဲ့ ကစားပုံနဲ့ ပတ်သက်လို့တော့ မချင့်မရဲ ဖြစ်နေခဲ့တာပါ။ ရှာရယ် က ဖူလ်ဟမ်အသင်းတာဝန်ရှိသူတွေအနေနဲ့ ကစားသမားကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားချင်ရင် အသင်းတန်းမဆင်းအောင် ကြိုးစားကြရမှာဖြစ်တယ်လို့ ရှာရယ်ကသတိပေးလိုက်တာပါ။

READ
နိုင်ပွဲနဲ့အတူ ပြန်လာတဲ့မန်ယူနဲ့ မနက်ခင်း အားကစားသတင်းအစုံ
Twitter

ရော်နယ်ဒို ။     ။ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒို က ဘိုင်ယန်နဲ့ အငှားစာချုပ်ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ် ကို ဂျုဗင်တပ်စ်အသင်းမှာ လာရောက်ကစားဖို့ တိုက်တွန်းလိုက်ပါတယ်။ ကိုလံဘီယာအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကစားသမားဟာ လာမယ့်နွေရာသီမှာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ရီးယဲလ်ဆီ ပြန်ရတော့မှာပါ။ သတင်းတွေကတော့ ရော်နယ်ဒို ဟာ ရီးယဲလ်အသင်းမှာ သူနဲ့ တွဲကစားဖူးတဲ့ ရိုဒရီဂွက်ဇ်ရဲ့ခြေစွမ်းကို သဘောကျနေပြီး ဂျူဗင်တပ်စ်မှာ သူနဲ့လာရောက်တွဲကစားဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်ကြောင်း ရေးသားသွားခဲ့ပါတယ်။

Linn

Source : Goal , Mirror , TheSun

 

SHARE