၅-၇-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ရော်နယ်ဒို။      ။ ဂျူဗင်တပ်အသင်းရဲ့ CEOဟောင်း မော့ဂီက ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဂျူဗင်တပ် အသင်းကို ပြောင်းရွှေ့ဖို့ စာချုပ်,ချုပ်ပြီးသားဖြစ်သလို ဆေးစစ်မှုလည်း ခံယူပြီးပြီဖြစ်ကြောင်း ခန့်နှန်း ပြောကြားသွား ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပေါင်(၈၈)သန်းနဲ့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက် ပေါ်နေခဲ့ပြီး မော့ဂီက အခုလို ပြောကြားခဲ့တာပါ။ မော့ဂီက “ရော်နယ်ဒိုဟာ ဂျူဗင်တပ်နဲ့ စာချုပ်,ချုပ်ပြီးသား၊ ဆေးစစ်ပြီးသား ဖြစ်နေမှာပါ။ ဂျာမဏီက မြူးနစ်မှာ ဂျူဗင်တပ်အတွက် ရော်နယ်ဒို ဆေး စစ်ခဲ့တယ်လို့ ကျွန်တော်သိရပါတယ်” ဆိုပြီး ဖွင့်ဟခဲ့တာပါ။

မန်ယူ။           ။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်က တန်းဆင်းသွားရပြီဖြစ်တဲ့ စတုတ်စီးတီးးအသင်းရဲ့ တောင်ပံကစားသမား ရှာကီရီကို ပေါင်(၁၂)သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း အင်္ဂလိပ်မီဒီယာတွေက ဖော်ပြသွားခဲ့ပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြသခဲ့တဲ့ ရှာကီရီရဲ့ ခြေစွမ်းကို သဘောကျနေပြီး ရှာကီရီလို ကစားသမားမျိုးကို ပေါင်(၁၂)သန်းနဲ့ရတာဟာ ထိုက်တန်တယ်ယူဆနေပါတယ်။ ရှာကီရီကလည်း ပရီးမီးယားလိဂ်မှာ ဆက်လက်ကစားလိုကြောင်း ၀န်ခံထားခဲ့တာကြောင့် ဒီအပြောင်းအရွှေ့ ဟာ ကမ္ဘာ့ဖလားအပြီးမှာ ဖြစ်ပေါ်လာနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ခဲ့ကြပါတယ်။

READ
၎-၇-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
This is Anfield

လီဗာပူးလ်။      ။ လီဗာပူးလ်အသင်းရဲ့ နည်းပြယာဂင်ကလော့ပ်ဟာ ရီးရဲလ်အသင်းနဲ့ကစားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အမှားများခဲ့တဲ့ ဂိုးသမား ကာရီယက်ပ်ကို လာမယ့်ဘောလုံးရာသီမှာ ပထမဂိုးသမားအဖြစ် ဆက် လက် အသုံးပြုသွားဖွယ်ရှိကြောင်း လီဗာပူးလ်မြို့အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ လီဗာ ပူးလ်ဟာ ရိုးမားဂိုးသမား အယ်လစ်ဆန်နဲ့ အသလက်တီကိုဂိုးသမား အိုဘလက်ခ်တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေ မယ့် မအောင်မြင်ခဲ့တာကြောင့် ကလော့ပ်က ကာရီယက်ပ်ကိုပဲ ဆက်လက်နေရာပေးဖို့ စဉ်းစားနေပါတယ်။ လီဗာပူးလ်ပရိသတ်တွေကတော့ ကလော့ပ်ရဲ့ ရွေးချယ်မှုကို စိတ်ပျက်နေကြပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ ကလော့ပ်ကို ဝေဖန်ခဲ့ကြပါတယ်။

ဘန်ဂျမန် ပါဗက်။         ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ခြေစွမ်းပြနေခဲ့တဲ့ ညာနောက်ခံကစား သမား ပါဗက်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ထိပ်သီး အသင်းတွေဖြစ်တဲ့ မန်ယူနဲ့ အာဆင်နယ်အသင်းတွေက ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ အသက်(၂၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ပြင်သစ်နောက်ခံလူဟာ လက်ရှိအချိန်မှာတော့ ဂျာမဏီကလပ် စတုတ်အသင်းမှာ ကစားနေပြီး နောက်တန်း ဘယ်၊ ညာ၊ ဗဟို နေရာ (၃)မျိုးစလုံးမှာ ကစားနိုင်တဲ့ စွယ်စုံရ နောက်ခံလူတစ်ဦးပါ။

READ
၁၀-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
CaughtOffside

အာဆင်နယ်။             ။ အာဆင်နယ်အသင်းနည်းပြသစ် အူနိုင်းအမ်မရီဟာ ဘာစီလိုနာအသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်လူ အန်ဒရီ ဂိုးမက်ဇ်ကို ပေါင်သန်း(၃၀)နဲ့ ခေါ်ယူနိုင်ဖို့ အသင်းက ကစားသမားအချို့ကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ အမ်မရီဟာ ဂိုးမက်ဇ်အပြင် ဆမ်ဒိုးရီးယားအသင်းက ဥရုဂွေးကွင်းလယ်လူ တော်ရဲရားကို လည်း ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး လက်ရှိအချိန်မှာ နောက်ခံလူ လက်ခ်ျစတိုင်နာ၊ ဆိုကေရေးတီးစ် နဲ့ ဂိုးသမားလီနိုတို့ကို ခေါ်ယူထားကြောင်း သိရပါတယ်။

ယာရေး မီနာ။   ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကိုလံဘီယာနောက်ခံလူ ယာရေး မီနာဟာ ပရီးမီးယား လိဂ်ကို ရောက်ရှိဖို့ အလွန်နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ဟာ မီနာ အတွက် ပေါင်(၂၄)သန်းနဲ့ ဘာစီလိုနာအသင်းကို ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းက တော့ ချယ်လ်ဆီးကွင်းလယ်လူ ၀ီလျံကို ပေါင်သန်း(၈၀)နဲ့ ခေါ်ယူရာမှာ မီနာကို အလိုက်ပေးကမ်းလှမ်းသွားဖို့ စီစဉ်နေပြီး ချယ်လ်ဆီးဘက်က လက်မခံမှသာ အဲဗာတန်ကို ရောင်းချဖို့ ရည်ရွည်ထားတယ်လို့ ဘာစီလိုနာ အခြေစိုက် သတင်းစာတွေက ဖော်ပြသွားခဲ့ပါတယ်။

SHARE