၅-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "TheSun"

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ လမ်းပတ်ဟာ အသင်းအတွက် တစ်ပွဲမှာ တာဝန်ယူပေးရသေးခြင်း မရှိသေးပေမယ့်လည်း ဒီရာသီမှာ ထုတ်ပယ်ခံရမယ့်ပထမဆုံးနည်းပြအဖြစ် အလေးပေးခြင်းခံနေရပါပြီ။ လမ်းပတ်လိုပဲ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကလည်း ဒီရာသီရဲ့ ပထမဆုံးထုတ်ပယ်ခံရမယ့် နည်းပြအဖြစ် ရှိနေပြီး ဗြိတိန်လောင်းကစားဒိုင်တွေက သူတို့နှစ်ယောက်ရဲ့ ထုတ်ပယ်ခံရမှုကို (၆)လေး (၁)လေးနဲ့ လောင်းကြေးဖွင့်ခဲ့ကြပါတယ်။

အဲရစ်ဆင် ။      ။ စပါးအသင်းနောက်ခံကစားသမားဟောင်း ချင်ဘွန်ဒါ က အဲရစ်ဆင်အနေနဲ့ ရီးယဲလ်အသင်းကိုပြောင်းဖို့ ရွေးချယ်ခဲ့တယ်ဆိုရင်လည်း ပွဲထွက်ကစားသမားဖြစ်လာမှာ မဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။ ရီးယဲလ်အသင်းဟာ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကို မရခဲ့ရင် စပါးရဲ့ အဲရစ်ဆင်ကိုခေါ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း စပါးက ထွက်ခွာချင်နေတယ်လို့ သတင်းတွေ ထွက်နေခဲ့တာပါ။ချင်ဘွန်ဒါကတော့ ကစားသမားကောင်းတွေ များလှတဲ့ ရီးယဲလ်လိုနေရာမျိုးဆီ အဲရစ်ဆင်ရောက်သွားခဲ့တယ်ဆိုရင်တောင် ပွဲထွက်ခွင့်ရဖို့ လွယ်ကူမှာမဟုတ်ဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။

(Liselotte Sabroe/Scanpix via AP)

ဂန်ဒိုဂန် ။        ။ မန်စီးတီးအသင်းဟာ (၂၀၂၀)ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ဂန်ဒိုဂန် ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ ဆွေးနွေးနေပြီလို့ ESPN က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူခဲ့တဲ့ ဂန်ဒိုဂန်ဟာ ဒီရာသီမှာတော့ ကစားသမားသစ်တွေရောက်ရှိလာတာကြောင့် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရလိမ့်မယ်လို့ သုံးသပ်ခြင်း ခံထားရသူပါ။

READ
၂၃-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Mindaugas Kulbis)

မော်ရင်ဟို ။     ။ မန်ယူအသင်းကနေ ထွက်ခွာလာပြီးတဲ့နောက် အသင်းသစ် ရရှိသေးခြင်းမရှိတဲ့ နည်းပြ မော်ရင်ဟို က သူ့အနေနဲ့ စီးရီးအေမှာ နည်းပြအဖြစ် လုပ်ကိုင်ဖို့ စိတ်ဝင်စားနေတယ်လို့ ၀န်ခံလိုက်ပါတယ်။ (၂၀၁၈) ဒီဇင်ဘာမှာ မန်ယူအသင်းနဲ့ လမ်းခွဲခဲ့တဲ့ မော်ရင်ဟို ဟာ PSG အသင်းနည်းပြ၊ နယူးကာဆယ်နည်းပြ ရာထူးတွေအတွက် ရေပန်းစားနေခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ နည်းပြအဖြစ် ပြန်လည်ထမ်းဆောင်ဖို့ တိကျတဲ့ကမ်းလှမ်းမှုမျိုးကို မရရှိထားသေးဘူးလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

(AP Photo/Michel Euler)

ဒါဘီ ။  ။ ဒါဘီအသင်းဟာ နယ်သာလန်ကစားသမားဟောင်း ကိုကူး ကို (၄)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပြီ ဆိုတဲ့အကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ ဒါဘီအသင်းတာဝန်ရှိသူတွေဟာ အသင်းကနေ ထွက်ခွာသွားတဲ့ လမ်းပတ်ရဲ့နေရာကို အစားထိုးဖို့ နည်းပြသစ်တစ်ဦးကို အမြန်ဆုံး ရှာဖွေခဲ့ကြတာဖြစ်ပြီး PSV နဲ့ ဖီနာဘာချီ အသင်းတို့ကို နည်းပြခဲ့ဖူးတဲ့ ကိုကူးကို နည်းပြသစ်အဖြစ် ရွေးချယ်သွားခဲ့တာပါ။

READ
၉-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

ဟီဂူအင် ။       ။ ရိုးမားအသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဟီဂူအင် ကို ခေါ်ယူဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း အီတလီသတင်းစာတွေက ဖော်ပြနေကြပါပြီ။ ပြီးခဲ့တဲ့ ရာသီတုန်းက အေစီမီလန်နဲ့ ချယ်လ်ဆီးတို့မှာ စုစုပေါင်းသွင်းဂိုး (၁၅) ဂိုး သွင်းပေးထားတဲ့ တိုက်စစ်မှူးဟာ ရိုးမားအသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်နေခဲ့ပြီး မကြာခင်မှာ ခေါ်ယူနိုင်တော့မယ်လို့ သတင်းတွေ ထွက်နေခဲ့တာပါ။

Linn

Source : TheSun , Mirror , Goal

SHARE