၅-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Facebook "MFF"

မြန်မာ ။          ။ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မွန်ဂိုလီးယားအသင်းနဲ့ မြန်မာအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်မွန်ဂိုလီးယားအသင်းက (၁-၀)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အိမ်ရှင်အသင်းက ပထမပိုင်းပွဲချိန် (၁၈)မိနစ်မှာတင် အဖွင့်ဂိုးကိုရရှိခဲ့ပြီး ပွဲချိန် (၆၅)မိနစ်မှာ ကွင်းလယ်လူ မောင်မောင်လွင် (၂)၀ါ တစ်နီ နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ မြန်မာအသင်းဟာ ဂျပန်၊ ကာဂျစ်စတန် ၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယားအသင်းတွေနဲ့ အုပ်စုတစ်ခုတည်းကျနေခဲ့ပြီး ပထမဆုံးပွဲစဉ်မှာပဲ အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဖော်လန် ။       ။ အက်သလက်တီကိုအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်က သူ့ရဲ့အသင်းဟောင်းဟာ လက်ရှိအချိန်မှာ လာလီဂါ ချန်ပီယံဆုကို စိန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ လက်ရှိအချိန်မှာ ရာသီအစ(၃)ပွဲစလုံးကို အနိုင်ရထားပြီး လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အက်သလက်တီကို က သူတို့ရဲ့လူငယ်တွေကြောင့် ချန်ပီယံဆုအတွက် မျှော်လင့်လို့ရနေတဲ့အနေအထားမှာရှိနေတယ်လို့ ဖော်လန်က သုံးသပ်လိုက်တာပါ။ ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းရဲ့အဓိက ကစားသမားတွေ အသက်အရွယ်ရလာတဲ့အနေအထားကလည်း အက်သလက်အတွက် အခွင့်အရေးဖြစ်တယ်လို့ ဖော်လန်က ဆိုလိုက်ပါတယ်။

ဆမ်အလာဒွိုက်စ် ။       ။ ပရီးမီးယားလိဂ်မန်နေဂျာဟောင်းကြီး ဆမ်အလာဒွိုက်စ်ကတော့ အဲဗာတန်အသင်းဟာ မန်ယူ၊ ချယ်လ်ဆီးအသင်းတို့ထက် ပိုမြင့်တဲ့အဆင့်တစ်ခုကို ရာသီကုန်မှာ အရယူနိုင်လိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။ လက်ရှိမှာ မန်ယူ၊ ချယ်လ်ဆီးတို့ရဲ့ ခြေချော်နေတဲ့အနေအထားတွေကြောင့် အဲဗာတန်ဟာ ရာသီကုန်ချိန်မှာ အဆင့်(၆)အတွင်း ၀င်သွားနိုင်လိမ့်မယ်လို့ ဆမ်အလာဒွိုက်စ်က ခန့်မှန်းပြောဆိုသွားခဲ့တာပါ။

READ
၃၁-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာ ကို လာမယ့်ဇန်န၀ါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့အတွက် လာလီဂါကလပ် ဘီလ်ဘာအိုနဲ့ ဆိုဆီဒက် တို့က ပစ်မှတ်ထားနေကြပါတယ်။ ချယ်လ်ဆီးအသင်းမှာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ညာနောက်ခံလူ ဟာ လာမယ့်ပွဲစဉ်တွေမှာ လမ်းပတ်ရဲ့ လူစာရင်းကနေ ချန်လှပ်ထားခြင်းခံရလိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေပြီး လူငယ်ကစားသမားလေး ရိစ်ဂျိမ်းစ်ကိုနေရာပေးဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဘက်ပီ ။         ။ မိုနာကိုအသင်းရဲ့ကွင်းလယ်ကစားသမား ဖာဘရီဂက်စ် က PSG အသင်းရဲ့တိုက်စစ်မှူး ဘက်ပီ ဟာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဖာဘရီဂက်စ်က ဘက်ပီဟာ အွန်နရီနဲ့တူတဲ့ ကစားသမားမျိုြးုဖစ်ပြီး သူ့ရဲ့ပါးနပ်မှုနဲ့ ဘောလုံးစွမ်းရည်က တကယ့်ကို လက်ဖျားခါစရာပါပဲလို့ ချီးကျူးသွားခဲ့ပါတယ်။

မန်စီးတီး ။       ။ မန်စီးတီးအသင်းဟာ အဓိက နောက်ခံလူ လာပေါ်တေး ဒဏ်ရာရသွားတဲ့အနေအထားကြောင့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ကစားသမားခေါ်ရတော့မယ်လို့ Mirror ကသုံးသပ်ပါတယ်။  ညာဖက်ဒူးဒဏ်ရာရရှိသွားခဲ့လို့ ကာလရှည်နားရဖို့ရှိနေတဲ့ လာပေါ်တေး ကြောင့် မန်စီးတီးခံစစ်ဟာ လာမယ့်ပွဲစဉ်တွေမှာ ရုန်းကန်ရဖို့ရှိနေပြီး ဂျွန်စတုံးနဲ့ အော်တာမန်ဒီတို့သာ အဓိက ခံစစ်မှူးတွေအဖြစ် ကျန်တော့တာကလည်း ဂွာဒီယိုလာကို အကျပ်အတည်းဖြစ်စေလိမ့်မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

READ
၂၃-၉-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

လိုရစ် ။ ။ စပါးအသင်းဂိုးသမား ဟူဂိုလိုရစ်က စပါးအသင်းရဲ့လက်ရှိကစားပုံဟာ စုစည်းမှု ဒါမှမဟုတ် အနိုင်ရလိုမှု ပျောက်ဆုံးနေတဲ့ ပုံစံမျိုးဖြစ်နေပြီး ဒီအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် ချန်ပီယံဆုနဲ့ ဝေးကွာသွားမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၉)နေရာမှာ ရပ်တည်နေတဲ့ စပါးအသင်းဟာ လီဗာပူးလ်နဲ့ (၇)မှတ်အကွ၊ မန်စီးတီးနဲ့ (၅)မှတ်ကွာ အနေအထားကိုရောက်ရှိနေတာဖြစ်ပြီး ပိုချက်တီနိုရဲ့ ကစားသမားသစ်တွေကလည်း ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေခဲ့ရတာပါ။

မီခီတာရန် ။     ။ ရိုးမားအသင်းကို တစ်ရာသီ အငှားနဲ့ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်လူ မီခီတာရန် က ရိုးမားကိုပြောင်းရွှေ့ခဲ့ရခြင်းဟာ သူ့အတွက် အခွင့်အရေးကောင်းဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ အာဆင်နယ်အသင်းမှာ ကစားချိနအနည်းငယ်သာ ရရှိခဲ့ကြောင်းပြောဆိုလိုက်ပါတယ်။ အသက် (၃၀)အရွယ် ကွင်းလယ်လူဟာ အာဆင်နယ်အသင်းကိုရောက်ရှိခဲ့တဲ့ (၁၈)လအတွင်းမှာ ပရီးမီးယားလိဂ်ပွဲ (၂၉)ပွဲသာ ကစားခဲ့ရပြီး ပြိုင်ပွဲစုံသွင်းဂိုး (၉)ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။

Linn

Source : TheSun , Goal , Mirror

SHARE