၆-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ကာဗာနီ ။        ။ ချယ်လ်ဆီးအသင်းဟာ PSG တိုက်စစ်မှူး ကာဗာနီကို ပေါင် သန်း (၅၀)နဲ့ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ ESPN က ဖော်ပြပါတယ်။ ဒီအပြောင်းအရွှေ့မှာ ဘဏ္ဍာရေးညီမျှမှုအတွက် တိုက်စစ်မှူးတစ်ယောက်ကို ရောင်းထုတ်ရမယ့်အခြေအနေရင်ဆိုင်နေရတဲ့ PSG ဟာနေမာ၊ ဘက်ပီ တို့အစား ကာဗာနီကို ရောင်းထုတ်သွားနိုင်ခြေလည်းရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ချယ်လ်ဆီးဟာ တစ်ဖက်မှာလည်း ဟီဂူအင်နဲ့မိုရာတာကိုလဲလှယ်ဖို့ ပြန်လည်ကြိုးပမ်းနေပြီး အသင်းရဲ့တိုက်စစ်ကို အားဖြည့်ဖို့ စီစဉ်နေကြတာပါ။

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက လာမယ့်တစ်ပတ်မှာ ကစားရမယ့် စပါးအသင်းနဲ့ ပွဲစဉ်ကသာ မန်ယူရဲ့တကယ့်အရည်အချင်းကို စမ်းသပ်မယ့်ပွဲစဉ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ စပါးအသင်းရဲ့ အိမ်ကွင်းဆီကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဆိုးလ်ရှားက ရလဒ်ကောင်းတွေရယူနိုင်ဖို့ မျှော်လင့်နေတာပါ။ မန်ယူအသင်းဟာ နည်းပြသစ် ဆိုးလ်ရှားရဲ့လက်ထက်မှာ ပွဲစဉ်တိုင်းကို အနိုင်ယူထားခဲ့ပေမယ့် မန်ယူရင်ဆိုင်ရတဲ့အသင်းတွေဟာ အင်အားကြီးတဲ့အသင်းတွေ မဟုတ်ကြတာကြောင့် လွယ်လွယ်ကူကူ နိုင်ပွဲရနေတာဆိုတဲ့ မှတ်ချက်တွေလည်းရှိနေခဲ့ပါတယ်။

READ
၂၁-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
Man United Fc

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က လီဗာပူးလ်ဟာ မန်စီးတီးအသင်းနဲ့ (၄)မှတ်ကွာဟနေတဲ့ အခြေအနေဖြစ်နေပေမယ့်လည်း ချန်ပီယံဆုအတွက် အခွင့်အရေးကတော့ ဆတူပဲရှိနေသေးတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ကလော့ပ်က လီဗာပူးလ်ဟာ မန်စီးတီးလို အဆင့်မျိုးမရောက်သေးဘူးလို့ ၀န်ခံပြောဆိုသွားခဲ့ပြီး အသင်းသားတွေ အနေနဲ့ ချန်ပီယံဆုရဖို့ လက်ကျန်ပွဲစဉ်တွေမှာ အကျိတ်အနယ်တိုက်ပွဲဝင်ရလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဗိုလ်စွဲဖို့ အလေးပေးမှုမှာ ထိပ်ဆုံးက ရပ်တည်နေပြီးမန်စီးတီးက သူတို့ရဲ့နောက်မှာသာ ရှိနေသေးတာပါ။

EPA

ဖူလ်ဟမ် ။       ။ ဖူလ်ဟမ်အသင်းဟာ လီဗာပူးလ်တိုက်စစ်မှူး အိုရီဂီကို ပေါင် (၁၅) သန်းနဲ့ ကမ်းလှမ်းလိုက်တယ်လို့ Goal.com က ဖော်ပြပါတယ်။ ဖူလ်ဟမ်အသင်းပိုင်ရှင် ရှာဟစ်ခမ်း ဟာ ဇန်န၀ါရီအပြောင်းအရွှေ့မှာ အသင်းအတွက် ကစားသမားသစ်တွေ ထပ်မံခေါ်ယူပေးဖို့ စီစဉ်နေတာဖြစ်ပြီး တန်းဆင်းဇုန်ထဲကနေ လွတ်မြောက်သွားဖို့ မျှော်လင့်နေတာပါ။ လီဗာပူးလ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ တိုက်ပွဲဝင်နေရတဲ့ အိုရီဂီကိုယ်တိုင်ကလည်း အသင်းကနေ ထွက်ခွာသွားဖို့ဆန္ဒရှိနေတယ်လို့ Goal က ဖော်ပြထားပါတယ်။

READ
၂၄-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Goal

မော်ရင်ဟို။      ။ ပေါ်တူဂီကလပ်အသင်း ဘင်ဖီကာအနေနဲ့ မန်နေဂျာရာထူးအတွက် ဆက်သွယ်မှု ပြုလုပ်ထားတယ်ဆိုတဲ့အကြောင်း မော်ရင်ဟိုက အတည်ပြုသွားခဲ့ပြီး သူ့အနေနဲ့ ဘောလုံးပြိုင်ပွဲတွေထဲကို ပြန်လည်ဝင်ရောက်ဖို့ စဉ်းစားနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပေါ်တူဂီသတင်းစာ တွေမှာ မော်ရင်ဟို ကို ဘင်ဖီကာအသင်းက ကမ်းလှမ်းမှု ပြုလုပ်သွားခဲ့ကြောင်း ဖော်ပြသွားခဲ့ပြီးတဲ့နောက် မော်ရင်ဟိုရဲ့မှတ်ချက်စကားထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ နည်းပြ ဗီတိုရီယာ နဲ့ လမ်းခွဲလိုက်တဲ့ ဘင်ဖီကာ အသင်းဟာ လစ်လပ်နေတဲ့ နည်းပြနေရာအတွက် နည်းပြသစ်တစ်ဦးကို အမြန်ဆုံးရှာဖွေနေတာဖြစ်ပြီး ပေါ်တူဂီမြေကို ပြန်လည်ရောက်ရှိနေတဲ့ မော်ရင်ဟို ဆီကို ကမ်းလှမ်းမှု ပြုလုပ်သွားခဲ့တာပါ။

EPA

Linn

Source : TheSun , Goal , Mirror

 

SHARE