၆-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဒီဂီယာ ။         ။ PSG အသင်းဟာ မန်ယူနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့တဲ့ ဂိုးသမား ဒီဂီယာအတွက် ပေါင်သန်း(၇၀)နဲ့ ကမ်းလှမ်းမှုကို စတင်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အသင်းအတွက် ပွဲထွက်ခဲ့တဲ့ ဂိုးသမား ဘူဖွန်နဲ့ လမ်းခွဲလိုက်တဲ့ PSG ဟာ အသင်းရဲ့ဂိုးသမားသစ် နေရာအတွက် ရှာဖွေမှုတွေ စတင်နေပြီဖြစ်ပြီး ဒီဂီယာ က သူတို့ရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်လာခဲ့တာပါ။ PSG ဟာ ဒီဂီယာ လိုချင်နေတဲ့ တစ်ပတ်လုပ်ခလစာ ပေါင်(၅၀၀၀၀၀) ကို ပေးချေသွားဖို့ အသင့်ရှိနေပြီး အဲဒီတစ်ချက်တည်းနဲ့တင် အပြောင်းအရွှေ့ဟာ ဖြစ်လာလိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်ဟာ အသင်းရဲ့နောက်ခံလူ မာတစ် ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ တိုက်တွန်းလိုက်ပါတယ်။ လီဗာပူးလ်ရဲ့ ခံစစ်မှာ ဗန်ဒိုက်နဲ့အတူ တွဲဖက်ပြီး အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ မာတစ် ဟာ (၂၀၂၀) နွေရာသီမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်လို့ ကလော့ပ်က သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့အတွက် တိုက်တွန်းလိုက်တာပါ။

READ
၅-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Felipe Dana)

လာဇီယို ။        ။ လာဇီယိုအသင်းဟာ အသင်းရဲ့နည်းပြ ဆီမြွန်နီ အင်ဇာဂီ ကို (၂၀၂၁)ခုနှစ်အထိ သက်တမ်းရှိတဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဆိုတဲ့အကြောင်း ပရိသတ်တွေဆီ အသိပေးလိုက်ပါတယ်။ လာဇီယိုအသင်းကို (၂၀၁၆)ခုနှစ်ကတည်းက တာဝန်ယူခဲ့တဲ့ နည်းပြဟာ ဂျူဗင်တပ်စ်၊ အေစီ စတဲ့အသင်းတွေဆီရောက်မယ်လို့ သတင်းတွေ ထွက်နေခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ လာဇီယို အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်နိုင်ခဲ့ပါပြီ။

အမ်တီတီ ။      ။ ဘာစီလိုနာအသင်းနောက်ခံကစားသမား အမ်တီတီက မန်ယူ၊ အာဆင်နယ်အသင်းတို့ရဲ့စိတ်ဝင်စားနေမှုတွေကို ပယ်ချလိုက်ပြီး သူ့အနေနဲ့ ဘာစီလိုနာမှာ ဆက်ရှိနေဖို့သာ ဆန္ဒရှိကြောင်း ပြောဆိုလိုက်ပါတယ်။ Marca သတင်းစာရဲ့ဖော်ပြချက်အရ မန်ယူအသင်းဟာ အမ်တီတီအတွက် ဆွေးနွေးမှုတွေကို စတင်ပြုလုပ်ဖို့ စီစဉ်နေပြီဖြစ်ပြီး ကစားသမားကတော့ အသင်းပြောင်းရွှေ့ဖို့ စိတ်မ၀င်စားဘူးလို့ သိရပါတယ်။

READ
ဝက်ဝံကိုနှုတ်သီးစွပ်ပြီးလက်ခုပ်တီး, ဘောလုံးပေးခိုင်းတဲ့ ရုရှားဘောလုံးအသင်းဝေဖန်ခံနေရ

အဲရစ်ဆင် ။      ။ စပါးအသင်းကနေ ထွက်ခွာဖို့ အဲရစ်ဆင် ခွင့်တောင်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အင်တာမီလန်အသင်းနည်းပြ ကွန်တီကလည်း ဒီ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြန်ပါတယ်။ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတဲ့ အဲရစ်ဆင် ဟာ စပါးအသင်းရဲ့အဆုံးအဖြတ်ကို စောင့်မျှော်နေရဦးမှာဖြစ်ပြီး မန်ယူ၊ အင်တာအသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားတဲ့စာရင်းထဲရောက်လို့လာခဲ့တာပါ။

(AP Photo/Felipe Dana)

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဆာလက်နဲ့ မာနေးတို့အနားကို ခြေဦးတောင်မသန်းဖို့ ဘာစီလိုနာနဲ့ ရီးယဲလ်တာဝန်ရှိသူတွေကို သတိပေးလိုက်ပါတယ်။ လီဗာပူးလ်အသင်းပရိသတ်တွေဟာ ဆွာရက်ဇ်နဲ့ ကော်တင်ဟို တို့ကို ဘာစီလိုနာ ခေါ်ယူသွားသလိုမျိုး လီဗာပူးလ်အသင်းရဲ့ ကစားသမားကောင်းတွေ ထပ်မံဆုံးရှုံးရမှာကို စိတ်ပူနေကြတာပါ။ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ကလည်း သူ့အနေနဲ့ တိုက်စစ်ပိုင်းကို လာမယ့်ရာသီမှာ အပြောင်းအလဲ ပြုလုပ်ဖို့ အစီအစဉ်မရှိကြောင်း ပြောဆိုထားခဲ့ပါတယ်။

Goal

Linn

 

SHARE