၆-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter " Mirror"

ဒီလစ် ။ ။ အေဂျက်ဇ်အသင်းနောက်ခံလူ ဒီလစ် ရဲ့သတင်းဟာ ဒီနေ့အချိန်အထိ မရေမရာဖြစ်နေဆဲပဲဖြစ်ပြီး ဂျုဗင်တပ်စ်အသင်းနဲ့ ညှိနှိုင်းမှုတွေက အဆင်မပြေဖြစ်နေခဲ့တယ်လို့ Mirror က ဖော်ပြပါတယ်။ လက်ရှိအခြေအနေမှာတော့ မန်ယူအသင်းကတောင် ဂျူဗင်တပ်စ်အသင်းထက် ဒီလစ်ကိုခေါ်ဖို့ ပိုမိုနီးစပ်နေခဲ့ပြီး အသက် (၁၉)နှစ်အရွယ် ကစားသမားဟာ မန်ယူရဲ့ကမ်းလှမ်းမှုကို လက်ခံစဉ်းစားနေပြီဖြစ်တယ်လို့ Mirror က ဖော်ပြသွားခဲ့ပါတယ်။

ပီပီ ။    ။ လိုင်လီအသင်းဥက္ကဌ ဂျရတ်လိုပက်ဇ် က အသင်းရဲ့တောင်ပံကစားသမား ပီပီ ကို ခေါ်ယူဖို့အတွက် လီဗာပူးလ်ရဲ့ကမ်းလှမ်းမှုကို လက်ခံဆွေးနွေးနေပြီဖြစ်တဲ့ကြောင်း အသိပေးလိုက်ပါတယ်။ အိုင်ဗရီကို့စ်အသင်းရဲ့ တောင်ပံကစားသမားဟာ လက်ရှိအချိန်မှာ အာဖရိကဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ကစားနေရပြီး ပြိုင်ပွဲပြီးဆုံးချိန်မှာ အပြောင်းအရွှေ့လည်းအပြီးသတ်ဖို့ရှိတယ်လို့ လိုပက်ဇ်က ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်ဟာ ပီပီအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၇၀)လောက် ပေးရဖို့ရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး ဘိုင်ယန်၊ အာဆင်နယ်နဲ့ မန်ယူအသင်းတွေကလည်း ပီပီ ကို စိတ်ဝင်စားနေကြပါတယ်။

(AP Photo/Hassan Ammar)

အိုဇေးလ် ။       ။ အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမား အိုဇေးလ် ကို ဖီနာဘာချီအသင်းဆီ အငှားနဲ့စေလွှတ်ဖို့ စီစဉ်နေပြီလို့ တူရကီသတင်းစာတွေက ဖော်ပြနေကြပါပြီ။ အာဆင်နယ်အသင်းရဲ့ လစာမြင့်ကစားသမားဟာ ရောင်းချမယ့်စာရင်းထဲ ရှိနေပေမယ့်လည်း ခေါ်ယူချင်တဲ့အသင်းတွေကတော့ ရှားပါးနေခဲ့တာပါ။ တစ်ပတ်ကို ပေါင် (၃၅၀၀၀၀)ဆိုတဲ့ အိုဇေးလ်ရဲ့လုပ်ခလစာကြောင့် အငှားခေါ်ချင်နေတဲ့ ကလပ်အသင်းတွေတောင် မရှိပဲ ဖြစ်နေခဲ့ပြီး လက်ရှိအချိန်မှာတော့ ဖီနာဘာချီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
ဆာလက်နဲ့ သူနဲ့ကြားက အံ့သြလောက်စရာ ခြားနားချက်ကြီးကို ရော်နယ်ဒိုထုတ်ဖော်

 

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းနည်းပြသစ်ဖြစ်လာခဲ့တဲ့ လမ်းပတ်ရဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ဟာ ဒီနေ့မနက်ပိုင်းမှာ စတင်ခဲ့ပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်အပြီးမှာတော့ လမ်းပတ်ဟာ ဗြိတိန်မီဒီယာတချို့ရဲ့ အင်တာဗျူး အစီအစဉ်ကို လက်ခံခဲ့ပြီး သူ့အနေနဲ့ ချယ်လ်ဆီးအသင်းရဲ့သမိုင်းမှာ အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်တဲ့ အင်္ဂလိပ်လူမျိုးမန်နေဂျာ တစ်ယောက် ဖြစ်ချင်ကြောင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ဗြိတိန်လောင်းကစားဒိုင်တချို့ကတော့ ဒီရာသီရဲ့ ပထမဆုံးအထုတ်ခံရမယ့် နည်းပြအဖြစ် လမ်းပတ်ကို အလေးပေးထားကြပြီး ချယ်လ်ဆီးမှာ အောင်မြင်မှုရဖို့ ရုန်းကန်ရလိမ့်မယ်လို့ သုံးသပ်ထားခဲ့ကြတာပါ။

READ
၂-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Twitter “Mirror”

အာဆင်နယ် ။   ။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘာစီလိုနာကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်ကို အငှားနဲ့ ခေါ်ယူခဲ့ပြီး အသင်းနဲ့ အံမ၀င်လို့ ပြန်လွှတ်ခဲ့ရတဲ့ အာဆင်နယ်ဟာ ဒီအပြောင်းအရွှေ့ရာသီမှာလည်း ဘာစီလိုနာ ကစားသမားတစ်ဦးကို အငှားနဲ့ ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေပြန်ပါပြီ။ ဘာစီလိုနာအသင်း တောင်ပံကစားသမား မယ်လ်ကွန်ကို အာဆင်နယ်က အငှားနဲ့ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ဆက်ဆံရေးကောင်းတွေရှိနေတဲ့ နည်းပြ အမ်မရီကြောင့် အာဆင်နယ်ဟာ မယ်လ်ကွန်ကို အငှားနဲ့ရဖို့ နီးစပ်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

နေမာ ။ ။ ဘာစီလိုနာအသင်းအနေနဲ့ နေမာကို ပြန်လည်ခေါ်ယူချင်တယ်ဆိုရင် ဒီအပြောင်းအရွှေ့မှာ အပြီးသတ်လုပ်ဆောင်သွားဖို့ PSG အသင်းက တိုက်တွန်းလိုက်ပါတယ်။ PSG အသင်း ကိုယ်တိုင်ကလည်း အသင်းနဲ့အဆင်မပြေတဲ့ ကစားသမားကို ပြန်လည်ရောင်းချသွားချင်နေပြီး ဆွေးနွေးမှုတွေ စတင်ဖို့အသိပေးလိုက်တာပါ။ ဘာစီလိုနာအသင်းကတော့ ဂရစ်ဇ်မန်းကို ခေါ်ယူမယ့်ကိစ္စ အပြီးမသတ်နိုင်သေးသို နေမာရဲ့အပြောင်းအရွှေ့အတွက်လည်း မစတင်ရသေးတဲ့အနေအထားကို ရောက်ရှိနေခဲ့တာပါ။

(AP Photo/Eugenio Savio)

Linn

Source : TheSun , Mirror , Goal

SHARE