၁၀-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

လူကာကူ ။      ။ မန်ယူအသင်းဟာ လူကာကူအတွက် ကမ်းလှမ်းလာခဲ့တဲ့ ပါရီဆစ်+ငွေသား ကမ်းလှမ်းမှုကို ပယ်ချသွားခဲ့ပါတယ်။ မန်ယူကို မော်ရင်ဟို ကိုင်တွယ်ခဲ့စဉ်က ပါရီဆစ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပြီး အဲဒီအချိန်တုန်းကတော့ အင်တာမီလန်အသင်းက ငြင်းပယ်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အင်တာက ပါရီဆစ်အပြင် ငွေသားအလိုက်ပေးပြီး လူကာကူ ကိုခေါ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း မန်ယူအသင်းက ငြင်းပယ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဗြိတိန်မီဒီယာတွေကတော့ မန်ယူဟာ လူကာကူအတွက်ငွေသားသီးသန့် ကမ်းလှမ်းမှုကို အလိုရှိနေတာဖြစ်ပြီး ပေါင်သန်း(၇၀)လောက်အထိ လိုချင်နေခဲ့တယ်လို့ ရေးသားနေကြပါတယ်။

ဒရက်စလာ ။    ။ PSG အသင်းတောင်ပံကစားသမား ဒရက်စလာ က ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ကစားမယ့်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုသွားခဲ့ပြီး လက်ရှိမှာ PSG ကနေ ထွက်ခွာဦးမှာ မဟုတ်သေးဘူးလို့ အတည်ပြုလိုက်ပါတယ်။ ဒရက်စလာကို စပါး၊ ၀က်စ်ဟမ်း စတဲ့အသင်းတွေက ခေါ်ယူချင်နေတာဖြစ်ပြီး ကစားသမားကိုယ်တိုင်က အသင်းပြောင်းဖို့ စိတ်ကူးမရှိဘူးလို့ ငြင်းဆန်သွားခဲ့တာပါ။

(AP Photo/Mindaugas Kulbis)

ဂျိမ်းစ်ရိုဒရီဂွက်ဇ် ။        ။ နာပိုလီအသင်းနည်းပြ အန်ဆယ်လော့တီဟာ ရီးယဲလ်အသင်းကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ Calcio သတင်းစာက ဖော်ပြပါတယ်။ ကိုလံဘီယာအသင်းရဲ့ ကွင်းလယ်ကစားသမားဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ (၂)ရာသီ အငှားနဲ့ သွားရောက်ကစားပြီးတဲ့နောက် ရီးယဲလ်အသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီး ရီးယဲလ်တာဝန်ရှိသူတွေက ဒီအပြောင်းအရွှေ့မှာ ပြန်လည်ရောင်းချသွားဖို့ပြင်ဆင်နေတာပါ။

READ
ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ အထင်ကရ နာမည်ပြောင်များ
(AP Photo/Mindaugas Kulbis)

အယ်လ်ဂါဇီ ။    ။ ပရီးမီးယားလိဂ်မြေကို တန်းတက်လာခဲ့တဲ့ ဗီလာအသင်းဟာ အသင်းရဲ့ကွင်းလယ်ကစားသမား အယ်လ်ဂါဇီကို အပြီးသတ်စာချုပ် ချုပ်ဆိုပြီးခေါ်ယူလိုက်ပါတယ်။ လိုင်လီအသင်းကနေ ဗီလာအသင်းကို အငှားလာရောက်ကစားနေတဲ့ အသက် (၂၄)နှစ်အရွယ် ကွင်းလယ်ကစားသမားလေးဟာ ပြီးခဲ့တဲ့ရာသီမှာ ဗီလာအတွက် သွင်းဂိုး(၅)ဂိုးအထိ သွင်းယူပေးခဲ့ပြီး ခြေစွမ်းပြခဲ့တာကြောင့် အခုလို အပြီးသတ်စာချုပ် ချုပ်ဆိုခေါ်ယူလိုက်တာဖြစ်ပါတယ်။

 

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ ပဲလေ့စ်အသင်းနောက်ခံလူ ဘစ်ဆာကာ ကိုခေါ်ဖို့ ပြန်လည်ကြိုးစားလာခဲ့ပြီး သန်း(၆၀)လောက်အထိ တိုးမြှင့်ပေးသွားဖို့ အစီအစဉ်ရှိနေတယ်လို့ Standard Sport က ဖော်ပြပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဘစ်ဆာကာ ကို ပေါင်(၃၅)သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ပဲလေ့စ်အသင်းက ပယ်ချခဲ့တာပါ။ မန်ယူနည်းပြ ဆိုးလ်ရှားအတွက်တော့ ဘစ်ဆာကာ ကိုခေါ်ယူရေးဟာ ဦးစားပေးပစ်မှတ်ဖြစ်နေလို့ မန်ယူကိုရောက်ရှိလာမယ့် ဒုတိယမြောက်ကစားသမား ဖြစ်လာနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
ဘယ်လ်ဂျီယံမှာ ဘယ်သူ ဆရာကြီးလို့ ထင်လဲ

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းက စိတ်ဝင်စားနေတဲ့ စိန့်အက်တီနီနောက်ခံလူ ဆာလီဘာရဲ့ အေးဂျင့်ဟာ ဗြိတိန်ကိုရောက်ရှိလာခဲ့တာကြောင့် အပြောင်းအရွှေ့က ပိုလို့ စိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။ စိန့်အက်တီနီဟာ အသက် (၁၈)နှစ်အရွယ် ခံစစ်ကစားသမားအတွက် ပေါင်(၂၆)သန်းအလိုရှိနေခဲ့ပြီး ခံစစ်ပိုင်းကို အားဖြည့်ချင်နေတဲ့ အာဆင်နယ်အတွက်လည်း တတ်နိုင်တဲ့ ငွေကြေးပမာဏ ဖြစ်လာခဲ့တာပါ။ ဆာလီဘာရဲ့ အေးဂျင့်ဖြစ်တဲ့ နီယန်းဟာ ဗြိတိန်မြေကိုရောက်နေကြောင်း အင်စတာဂရမ်ကတစ်ဆင့် အသိပေးလိုက်ပြီးတဲ့နောက် မီဒီယာတွေရဲ့စိတ်ဝင်စားမှုက ပိုမိုမြင့်တက်လာခဲ့ပါတယ်။

Linn

SHARE