၇-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

လူကာကူ ။     ။ မန်ယူအသင်းတိုက်စစ်မှူး လူကာကူ ဟာ ဒဏ်ရာပြဿနာကြောင့် ဂျူဗင်တပ်စ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ မန်ယူအသင်းနည်းပြ မော်ရင်ဟို ကတော့ အသင်းရဲ့ တိုက်စစ်မှာ ပွဲထွက်လာဖို့ ရက်ရှ်ဖို့ဒ်က အခွင့်အရေးရှိနေတယ်လို့ ပြောဆိုထားခဲ့ပြီး အခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဆန်းချက်ဇ်လည်း လူစာရင်းမှာ ပါဝင်လာဖို့ရှိနေပါတယ်။ လူကာကူဟာ တနင်္ဂနွေမှာ ကစားရမယ့် မန်ချက်စတာဒါဘီ ပွဲစဉ်ကိုလည်း ဆက်လက် လွဲချော်ဖို့ရှိနေသေးတယ်လို့ မန်ယူအသင်းဆေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မိုဗစ် ။  ။ အယ်လ်အေဂလက်ဆီအသင်းရဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ် က (၂၀၁၈) မေဂျာလိဂ်ဘောလုံးရာသီ ကုန်ဆုံးသွားပြီဖြစ်ပေမယ့်လည်း တခြားအသင်းတွေဆီ အငှားသွားရောက်ကစားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် (၃၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တိုက်စစ်မှူးကို မန်ယူနဲ့ အေစီအသင်းတို့က အငှားခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်နေခဲ့တဲ့အပေါ် မိုဗစ်က ငြင်းဆန်သွားခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းအတွက်ပဲ အာရုံစိုက်ထားတယ်လို့ ဆိုလိုက်ပါတယ်။

(AP Photo/Marcio Jose Sanchez, File)

ပေါ့ဂ်ဘာ ။      ။ မန်ယူအသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာက ဂျူဗင်တပ်စ်ကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့လာခဲ့ခြင်းအပေါ် နောင်တမရဘူးလို့ ပြောဆိုလိုက်ပါတယ်။ ပေါ့ဂ်ဘာ ဟာ (၂၀၁၆) ခုနှစ်က ပေါင် (၈၉) သန်းနဲ့ ဂျူဗင်တပ်စ်ကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေခဲ့ရတာပါ။ နည်းပြ မော်ရင်ဟိုနဲ့ သူ့ရဲ့ကြားမှာ ဆက်ဆံရေးတင်းမာနေတာနဲ့ ပတ်သက်ပြီး ပေါ့ဂ်ဘာက သူတို့ကြားမှာပြဿနာတွေ မရှိတော့ဘူးလို့ ပြောဆိုသွားခဲ့ပြီး အသင်းခေါင်းဆောင်ရာထူးကို စွန့်လွှတ်ခဲ့ရမှုအပေါ်မှာလည်း ဘယ်လိုမှ မခံစားရဘူးလို့ ဆိုလိုက်ပါတယ်။

READ
၂၃-၅-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Matt Dunham)

ဗယ်လ်ဗာဒီ ။   ။ ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီ က အသင်းအနေနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းအပေါ် ဂုဏ်ယူမိကြောင်းပြောဆိုလိုက်ပြီး အုပ်စုတွင်းက နောက်တစ်ဆင့်ကို ထပ်မံတက်ရောက်နိုင်မယ့် အသင်းတစ်သင်းကို သုံးသပ်လိုက်ပါတယ်။ ဗယ်လ်ဗာဒီ က ဘာစီလိုနာအသင်းနည်းတူ နောက်တစ်ဆင့်ကို တက်ရောက်မယ့် အသင်းတစ်သင်းက အင်တာမီလန်ပဲ ဖြစ်ပြီး စပါးအသင်းကတော့ နောက်တစ်ဆင့်ကို တက်နိုင်ဖို့ တော်တော်လေးခက်ခဲလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ ဗယ်လ်ဗာဒီ က မက်ဆီရဲ့ လက်ဒဏ်ရာကြောင့် အရဲစွန့်ပြီး အသုံးမပြုရဲသေးကြောင်းနဲ့ ထပ်မံဒဏ်ရာရရှိသွားမှာကို စိုးရိမ်နေရဆဲဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ရော်နယ်ဒို ။    ။ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒို ဟာ မန်ယူအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးသွင်းနိုင်လိမ့်မယ်လို့ နည်းပြ အယ်လီဂရီက ဆိုလိုက်ပါတယ်။ မန်ယူအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်မှာ ဂျူဗင်တပ်စ်တို့ (၀-၁) ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ဂိုးသွင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း နည်းပြ အယ်လီဂရီကတော့ ဒီနေ့ကစားမယ့်ပွဲစဉ်မှာ ရော်နယ်ဒိုတစ်ယောက် အသင်းဟောင်းကို သေချာပေါက် ဂိုးသွင်းနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

READ
၂၆-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ပက်ကော့ ။     ။ လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သွင်းဂိုး (၂) ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဇဗက်ဒါ အသင်းတိုက်စစ်မှူး ပက်ကော့ က လီဗာပူးလ်ဖက်ကို (၂) ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် အပျော်တွေလွန်ပြီး (၃)ညလောက် အိပ်ပျော်မှာမဟုတ်တော့ဘူးလို့ ဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်ဟာ ပွဲချိန် ပထမပိုင်းမှာတင်ပဲ ပက်ကော့ရဲ့ သွင်းဂိုး (၂) ဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပြီး ခေါင်းတိုက်ဂိုးတစ်ဂိုးနဲ့ ဂိုးဧရိယာပြင်ပက သွင်းဂိုးတစ်ဂိုးကို ပက်ကော့က သွင်းယူပေးသွားခဲ့တာပါ။

(AP Photo/Marko Drobnjakovic)

ဂရစ်ဇ်မန်း ။    ။ အက်သလက်တီကိုအသင်း တိုက်စစ်မှူး ဂရစ်ဇ်မန်းက ဒီနှစ် ချန်ပီယံလိဂ်ဆုဖလားအတွက် မန်စီးတီးအသင်းက ရေပန်းအစားဆုံးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပြီး နည်းပြ ဂွာဒီယိုလာကြောင့် မန်စီးတီးဟာ ဆုဖလား ရရှိသွားနိုင်တယ်လို့ သုံးသပ်လိုက်ပါတယ်။ ဂရစ်ဇ်မန်းက မန်စီးတီးအသင်းရဲ့ လက်ရှိခြေစွမ်းဟာ အကောင်းဆုံး ပုံစံမှာ ရှိနေတာကြောင့်လည်း ပြိုင်ဖက်အသင်းတွေအနေနဲ့ သူတို့ကို အနိုင်ကစားဖို့ ခက်ခဲလိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

Linn

Source : Dailymail , TheSun , Mirror

SHARE