၇-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Dailymail

ဆာရီ ။ ။ ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီ က မနေ့ညက ပွဲစဉ်မှာ လူစားလဲခံရလို့ ပေါက်ကွဲနေခဲ့တဲ့ ရော်နယ်ဒိုရဲ့အခြေအနေကို ပြန်လည်ရှင်းပြသွားခဲ့ပါတယ်။ ပွဲချိန် (၈၂)မိနစ်၊ တစ်ဂိုးစီ သရေကျနေချိန်မှာ ဒိုင်ဘာလာ နဲ့ လူစားလဲခံခဲ့ရတဲ့ ရော်နယ်ဒိုဟာ ကွင်းအတွင်းက ထွက်လာချိန်မှာ ဒေါသထွက်နေခဲ့ပြီး အကြောင်းကတော့ သူ့ဒူးမှာ ဒဏ်ရာအနည်းငယ် ရရှိသွားတာကြောင့်ဖြစ်တယ်လို့ ဆာရီက ဖွင့်ဟ သွားခဲ့တာပါ။

ပက်ဒရို ။         ။ ချယ်လ်ဆီးအသင်း တောင်ပံကစားသမား ပက်ဒရိုဟာ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာ ချယ်လ်ဆီးကနေ ထွက်ခွာသွားဖို့ရှိနေတယ်လို့ TheSun က ဖော်ပြပါတယ်။ ပက်ဒရို ဟာ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ဖို့ ခြေလှမ်းပြင်နေသလို ၊ တူရကီ ကလပ်အသင်း ဖီနာဘာချီ ဆီကို ပြောင်းရွှေ့သွားဖွယ်လည်းရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

 

ဇာခါ ။  ။ အေစီမီလန်အသင်းဟာ အာဆင်နယ်ပရိသတ်တွေနဲ့ အဆင်မပြေဖြစ်နေတဲ့ ကွင်းလယ်လူ ဇာခါ ကို အီတလီမြေဆီခေါ်ဖို့ စောင့်ကြည့်နေပါတယ်။ Calcio Mercato ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ပရိသတ်တွေနဲ့ ပြဿနာဖြစ်ခဲ့ပြီးနောက် ဇာခါ ဟာ အာဆင်နယ်ကနေ ထွက်ခွာဖို့ ကြိုးစားနေပြီး အသင်းအနေနဲ့လည်း ရောင်းချဖို့ ဆန္ဒရှိနေပြီလို့ သတင်းတွေက ဖော်ပြနေကြတာပါ။

ဝေါ်လ်ကာ ။     ။ မန်စီးတီးအသင်း ပရိသတ်တွေကတော့ မနေ့ညက ပွဲစဉ်မှာ အသင်းအတွက် ဂိုးဖမ်းပေးခဲ့တဲ့ နောက်ခံလူ ဝေါ်လ်ကာရဲ့ လက်စွမ်းဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဂိုးဖမ်းခဲ့စဉ်ကထက် အများကြီး ပိုကောင်းတယ်လို့ ချီးကျူးနေကြပါတယ်။ ဂိုးသမား ဘရာဗို ထုတ်ပယ်ခံရမှုကြောင့် ဂိုးဖမ်းပေးခဲ့ရတဲ့ ဝေါ်လ်ကာ ဟာ မန်စီးတီးအတွက် ဘောလုံးကို (၂)ကြိမ်ဖမ်းယူပေးနိုင်ခဲ့ပြီး ပရိသတ်တွေက ချီးကျူးခံခဲ့ရတာပါ။ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာလည်း ဂိုးသမားအဖြစ် ၀င်ရောက်ကစားခဲ့ဖူးပြီး (၂၀၁၄)ခုနှစ်အတွင်းက ဂရိကလပ်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဂိုးသမားလိုရစ် အထုတ်ခံရမှုကြောင့် ဟယ်ရီကိန်းဟာ ဂိုးသမားအဖြစ် ၀င်ကစားပေးခဲ့ရပြီး ပြိုင်ဖက်အသင်းကန်လိုက်တဲ့ ပြစ်ဒဏ်ဘောကို မကာကွယ်နိုင်တာကြောင့် ဂိုးပေးခဲ့ရတာပါ။

ဟာဇက် ။        ။ အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးက ဟာဇက်တစ်ယောက် ရီးယဲလ်မှာ ပုံစံကောင်းမပြနိုင်တာဟာ သူ့ရဲ့အလေးချိန်တက်လာတဲ့ ခန္ဓာကိုယ်အနေအထားကြောင့်ဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ရီးယဲလ်အသင်းကို ရောက်ရှိလာခဲ့ပြီးနောက် ဟာဇက် ဟာ ချယ်လ်ဆီးအသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခြင်းမရှိတော့ပဲ အသင်းအတွက် သွင်းဂိုး (၁)ဂိုးနဲ့ ဂိုးဖန်တီးမှု (၃)ကြိမ်ကိုသာ ပြုလုပ်ပေးထားနိုင်ခဲ့တာပါ။

READ
လာကာဇက်တီမှာ ဘန်ဇီမာကဲ့သို့ ထူးချွန်လာနိုင်ဟု အိုဇေးလ်ချီးကျူး

Linn

Source : TheSun , Mirror , Goal

SHARE