၇-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဆိုးလ်ရှား။       ။ မန်ယူအသင်းရဲ့ ယာယီနည်းပြဆိုးလ်ရှားက ဖေဖော်ဝါရီလအတွင်း ပီအက်စ်ဂျီ၊ ချယ်လ်ဆီး ၊ လီဗာပူးလ်တို့နဲ့ ယှဉ်ပြိုင်သွားရမယ့် ပွဲကျပ်(၃)ပွဲအတွက် ပွဲထွက်လူစာရင်းကိုတောင် ကြိုတင်စဉ်းစား ထားပြီး သွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ ဆိုးလ်ရှားက “ ဖာဂူဆန်ဟာ သူရင်ဆိုင်ရမယ့် ပွဲတွေ အတွက် အစောကြီးတည်းက ကြိုတင် အစီအစဉ်ဆွဲပြီး ပြင်ဆင်သွားလေ့ရှိပါတယ်။ ကျွန်တော်လည်း သူ့လိုပါပဲ။ ဒီလအတွင်းမှာ ကစားရမယ့်ပွဲတွေအတွက် အသင်းက အသင့်ဖြစ်နေပါပြီ။ လက်ရှိအသင်းရဲ့ လူစာရင်းအရ လည်း ပြိုင်ဘက်အသင်းရဲ့ အနေအထားပေါ်မူတည်ပြီး အကောင်းဆုံး အဆင်ပြေသလို ပွဲထုတ်လို့ ရနေပါတယ် ” လို့ ဖွင့်ဟခဲ့ပါတယ်။ မန်ယူအသင်းဟာ ဖေဖော်ဝါရီ (၁၃)ရက်နေ့မှာ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်၊ ဖေဖော်ဝါရီ (၁၉)ရက်နဲ့ (၂၄)ရက်နေ့တွေမှာ ချယ်လ်ဆီး၊ လီဗာပူးလ်အသင်းတွေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကစားရမှာ ဖြစ်ပါတယ်။

UEFA။            ။ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က မန်စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ကို ရည်ရွယ်ပြီး ဘဏ္ဏာရေးစည်းမျဉ်း(FFP) သတ်မှတ်ချက်တွေနဲ့ မကိုက်ညီ တဲ့ မည်သည့်ဥရောပအသင်းကိုမဆို ချန်ပီ ယံလိဂ်ပြိုင်ပွဲက ထုတ်ပယ်ပစ်ဖို့ ၀န်လေးနေမှာ မဟုတ်ကြောင်း သတိပေးပြောကြား လိုက်ပါတယ်။ UEFA ရဲ့ ဥက္ကဌ အလက်ဇန်းဒါး ဆီဖာရင်က “ ကျွန်တော်တို့ဟာ အသင်းအားလုံးကို တစ်ပြေးညီတည်း ဆက်ဆံသွားမှာပါ။ စည်းကမ်းနဲ့ မညီညွတ်တဲ့ အသင်းတွေကို ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့အတွက် ကျွန်တော့်မှာ ဘာဖိအား၊ ဘာပြဿနာမှ မရှိပါဘူး ” လို့ သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

ဖရန်ကီ ဒီဂျွန်း။  ။ လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားတော့မယ့် အေဂျက်ဇ်ကွင်းလယ် လူ ဖရန်ကီ ဒီဂျွန်းက မက်ဆီလိုမျိုး ကစားသမားဘ၀က အနားယူတဲ့ အချိန်အထိ ဘာစီလိုနာအသင်းမှာပဲ ကစားသွာချင်ကြောင်း ဖွင့်ဟ ၀န်ခံခဲ့ပါတယ်။ အေဂျက်စ်အသင်းကနေ ဘာစီလိုနာကို ပြောင်းရွှေ့ကြေး ယူရို (၇၅)သန်းနဲ့ လာမယ့်ဘောလုံးရာသီအစမှာ ပြောင်းရွှေ့တော့မယ့် ဒီဂျွန်းက “ ဘာစီလိုနာမှာ ကစားခွင့်ရဖို့ဆို တာ ကျွန်တော့်ရဲ့ အိပ်မက်ပါ။ ကျွန်တော်သာ ဘာစီလိုနာမှာ ခြေစွမ်းပြနိုင်ခဲ့ရင် မက်ဆီလိုမျိုး ဘာစီလိုနာမှာပဲ ကစားသမား ဘ၀ကို အဆုံးသတ်သွားချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

READ
၅-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

လင်ဂတ်။        ။ မန်ယူအသင်းရဲ့ တောင်ပံကစားသမား လင်ဂတ်က ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ယှဉ် ပြိုင်ကစားရမယ့် ပီအက်စ်ဂျီအသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား အမ်ဘက်ပီရဲ့ ကြောက်စရာကောင်း လောက်အောင် ဘောလုံးပါရမီ ပြည့်ဝသူတစ်ဦးဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။ လင်ဂတ်က “ဘက်ပီဟာ ရက်ရှ်ဖို့ လိုပါပဲ။ အရမ်းကောင်းတဲ့ လူငယ်ခြေတက် ကစားသမားတစ်ဦးပါ။ သူဟာ လက်ရှိအသင်းမှာ နေရာ တစ်နေရာရဖို့ အများကြီး ကြိုးစားခဲ့ရပါတယ်။ သူ့အရွယ်နဲ့ ဒီလောက်ခြေစွမ်းပြနေနိုင်တာ အံ့သြဖို့ ကောင်းလွန်း ပါတယ်။ ပီအက်စ်ဂျီအသင်းကို အိမ်ကွင်းမှာ အနိုင်ယူပြီး နောက်တစ်ဆင့် တက်လှမ်းဖို့အတွက်တော့ အကောင်းဆုံး ကြိုးစားသွားမှာပါ” လို့ လင်ဂတ်က Goal.com နဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

ကော်တင်ဟို။    ။ ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ အသင်းက ထွက်ခွာဖွယ်ဖို့ ရာခိုင်နှုန်းများနေတဲ့ တောင်ပံကစားသမား ဟာဇက်နေရာမှာ အစားထိုးမယ့် ဘာစီလိုနာအသင်းက ကော်တင်ဟိုကို စိတ်ဝင်စားနေ တယ်လို့ အင်္ဂလိပ်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ (၂၀၁၇)ခုနှစ် ဇန်န၀ါရီလကမှာ ပေါင်(၁၄၂)သန်းနဲ့ လီဗာပူးလ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ ကော်တင်ဟိုဟာ ဘာစီလိုနာမှာ ခြေစွမ်းမပြနိုင်ဖြစ်နေသလို အသင်းကလည်း ရောင်းထုတ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ကော်တင်ဟိုကို ချယ်လ်ဆီးအ ပြင် မန်ယူအသင်းကလည်း စိတ်ဝင်စားနေပြီး ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဘာတိုမူကတော့ ကော်တင်ဟိုကို ရောင်းချဖို့အတွက် မရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

READ
၁၉-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Arsenal FC

တော်ရဲရား။      ။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ တော်ရဲရားက အာဆင်နယ်အသင်းဟာ ရာသီအကုန် မှာ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့အတွက် ထိုက်တန်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် (၂၂)နှစ်အရွယ် တော်ရဲရားက “ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က မန်ယူဟာ ကျွန်တော်တို့ နောက်မှာပါ။ အခု အမှတ်ပေးဇယားမှာ ကျွန်တော်တို့ကို သူတို့ ကျော်တက်သွားပါပြီ။ ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ဆိုရင် ချယ်လ်ဆီး၊ မန်ယူတို့လို အသင်းတွေကို ဖြတ်ကျော်ရမှာပါ။ သူတို့ကို ဖြတ်ကျော်ဖို့ မလွယ်ကူပေမယ့် အကောင်းဆုံး ကြိုးစားသွားမှာပါ။ အာဆင်နယ်ဟာ အသင်းကြီးတစ်သင်းဖြစ်ပြီး ချန်ပီယံလိဂ်မှာ ပုံမှန်ကစား ခွင့်ရဖို့ ထိုက်တန်ပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ပီအက်စ်ဂျီ။      ။ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြ တူချယ်လ်က အသင်းရဲ့ အဓိကကွင်းလယ်လူ မာကို ဗာရက် တီဟာ ဒဏ်ရာပြဿနာကြောင့် မန်ယူအသင်းရဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတယ်လို့ မီဒီယာတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက်(၂၆)နှစ်အရွယ် အီတလီကွင်း လယ်လူဟာ ယခုနှစ်ဘောလုံးရာသီမှာ ပီအက်စ်ဂျီအတွက် (၂၁)ပွဲသာ ကစားပေးထားပြီး ဒဏ်ရာပြဿနာတွေ နဲ့ ရုန်းကန်နေရသူပါ။ ပီအက်စ်ဂျီအသင်းဟာ အဓိက ကစားသမား နေမာအပြင် ကွင်းလယ်လူ ဗာရက်တီပါ ဒဏ်ရာပြဿနာတွေကြောင့် မန်ယူအသင်းနဲ့ပွဲကို လွဲချော်ဖွယ်ရှိနေတာကြောင့် ရုန်းကန်ရဖွယ် ရှိနေတယ်လို့ မီဒီယာတွေက သုံးသပ်ခဲ့ကြပါတယ်။

Ref : Goal.com , BBCSport , Metro

SHARE