၇-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက PSG ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ အသင်းကစားသမားတွေကို ဘယ်လိုစကားမျိုးပြောဆိုခဲ့သလဲဆိုတာကို ဖွင့်ဟလိုက်ပါတယ်။ ဆိုးလ်ရှားက ပွဲအပြီးမှာ မန်ယူအသင်းသားတွေကို စုဝေးစေခဲ့ပြီး ဒါဟာ အားလုံးစုပေါင်းပြီး လုပ်ခဲ့တာဖြစ်ကြောင်းနဲ့ ဒါမှ မန်ယူအသင်းစိတ်ဓာတ်အစစ်အမှန်ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဖွင့်ဟသွားခဲ့တာပါ။ ဆိုးလ်ရှားဟာ ဒီနိုင်ပွဲကြောင့် မန်ယူအသင်းရဲ့ အမြဲတမ်းနည်းပြတစ်ယောက် ဖြစ်လာဖို့ ရာနှုန်းပြည့်နီးပါး သေချာသွားခဲ့ပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဆာရီ ။ ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ဒီနေ့ည ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်ဟာ ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဝင်နိုင်ဖို့လောက် အရေးမကြီးဘူးလို့ ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးဟာ ဒီနေ့ည (၂း၃၀)အချိန်မှာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်ပွဲစဉ် ပထမအကျော့အဖြစ် ယူကရိန်းကလပ် ဒိုင်နမိုကိဗ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာပါ။ ဆာရီက သူ့အတွက်ရော၊ ချယ်လ်ဆီးအသင်းအတွက်ပါ ဒီနေ့ညပွဲစဉ်ရလဒ်ထက် ရာသီကုန်ဆုံးချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရ၊မရ ဆိုတာကသာ အရေးကြီးကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

REX

ကယ်ဒါရွန် ။     ။ရီးယဲလ်အသင်းဥက္ကဌဟောင်း ကယ်ဒါရွန် က ရီးယဲလ်အသင်းနဲ့ အေဂျက်ဇ်အသင်းတို့ ပွဲစဉ်ကို ကြည့်ရှုဖြစ်ခဲ့ကြောင်းနဲ့ အဲဒီပွဲစဉ်မှာ မိုဒရစ်၊ အဆန်ဆီယို တို့ကလွဲပြီး ကျန်တဲ့ကစားသမား (၉)ယောက်စလုံးဟာ ဒုတိယတန်းကစားသမားအဆင့်လောက်သာ ရှိကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ ရီးယဲလ်အသင်းရဲ့ကျရှုံးမှုတွေက လက်ရှိဥက္ကဌ ပီရက်ဇ်ကြောင့်လို့ အပြစ်တင်သွားခဲ့တဲ့ ကယ်ဒါရွန်က ရီးယဲလ်ရဲ့ လက်ရှိကစားသမားတွေဟာ အသင်းမှာ ကစားကြဖို့တောင် မထိုက်တန်တော့ဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

READ
၂၄-၇-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AFP

ဇီဒန်း ။ ။ ရီးယဲလ်အသင်းနည်းပြဟောင်း ဇီဒန်းက ရီးယဲလ်အသင်းဆီ ပြန်လာဦးမလားဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ဖြေဆိုသွားခဲ့ပါတယ်။ ရီးယဲလ်အတွက် ချန်ပီယံလိဂ်ဖလား (၃)နှစ်ဆက် ရယူပေးခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ဇီဒန်းက ရီးယဲလ်အသင်းဥက္ကဌ ပီရက်ဇ်ဟာ သူ့ဆီကို ဖုန်းဆက်ပြီး အသင်းဆီပြန်လာဖို့ ဆက်သွယ်ခဲ့ကြောင်းနဲ့ လက်ရှိအချိန်မှာတော့ ရီးယဲလ်ဆီပြန်သွားဖို့ မဖြစ်နိုင်သေးကြောင်း ဖွင့်ဟလိုက်တာပါ။ ဒါပေမယ့် လာမယ့်ဇွန်လမှာ ပြန်လာဖို့ဆိုရင်တော့ ဖြစ်နိုင်ကြောင်းနဲ့ သူ့စိတ်ကြိုက်ကစားသမားတွေကို ခေါ်ယူပေးဖို့ လိုအပ်မှာဖြစ်ကြောင်း ဇီဒန်းက ထပ်လောင်းအသိပေးသွားခဲ့တယ်လို့ Marca က ဖော်ပြပါတယ်။

AFP

ဘားသက်ဇ် ။    ။ မန်ယူအသင်းရဲ့ ဂိုးသမားဟောင်း ဘားသက်ဇ် က PSG အနေနဲ့ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့ရခြင်းဟာ ပြိုင်ဖက်အပေါ် အထင်သေးမိခဲ့တာကြောင့်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ပြင်သစ်လက်ရွေးစင် ဂိုးသမားဟောင်းကြီးက PSG ကစားသမားတွေဟာ ဒီပွဲစဉ်ကို လွယ်လွယ်လေးနဲ့ အနိုင်ရလိမ့်မယ်လို့ ထင်နေခဲ့ကြပြီး ပွဲစဉ်တစ်လျှောက်လုံး ပေါ့ပေါ့ဆဆ ကစားခဲ့ကြတယ်လို့ မှတ်ချက်ပေးလိုက်တာပါ။ ဘားသက်ဇ်က PSG အသင်းကစားသမားတွေရဲ့ ကစားပုံနဲ့ စွမ်းဆောင်ရည်ပိုင်းဟာ မန်ယူကစားသမားတွေထက် သာခဲ့ပေမယ့်လည်း ပြိုင်ဖက်ကို လျော့တွက်ခဲ့ကြတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

READ
၁၆-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဆန်ချို ။          ။ ဒေါ့တ်မွန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဆန်ချိုဟာ မန်ယူ၊ PSG အသင်းတို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်သွားခဲ့ပြီး ဒေါ့တ်မွန်မှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ TheSun က ဖော်ပြပါတယ်။ အသက် (၁၈)နှစ်အရွယ် ကွင်းလယ်ကစားသမားလေးဟာ သူ့ရဲ့သစ္စာရှိမှုကို ပြသဖို့အတွက် ဒေါ့တ်မွန်အသင်းမှာ ဆက်လက်ရှိနေဖို့ဆုံးဖြတ်ခဲ့ပြီး နောက်ထပ် နှစ်အနည်းငယ်အထိ ဒေါ့တ်မွန်မှာ ကစားပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

Twitter

Linn

Source : TheSun , Mirror , Goal

SHARE