(၇-၅-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မန်ယူ – မာရှယ်နဲ့ ဆိုးလ်ရှားတို့ နှစ်ဦးကြားမှာ ဆက်ဆံရေး အဆင်မပြေသည်အထိ ဖြစ်လာခဲ့ကြောင်း နီးစပ်တဲ့အသိုင်းအဝိုင်းထံမှ သိရပါတယ်။ မာရှယ်ဟာ မန်ယူအသင်းကို ရောက်ပြီးနောက်၊ အပယ်ခံကစားသမား ဖြစ်ခဲ့ရပြီး၊ ပွဲထွက်ခွင့် သေချာတဲ့ အသင်းတစ်ခုခုကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ဖာဒီနန် – မန်ယူကစားသမားဟောင်း ဖာဒီနန်က ဘာစီလိုနာလိုအသင်းကို ဂိုးပြတ်ရှုံးနိမ့်ထားတဲ့ အသင်းတစ်ခုအဖို့ ရလဒ်ကောင်းရဖို့ မျှော်လင့်တာဟာ ရူးမိုက်ရာကျလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ လီဗာပူးဟာ အဓိကကစားသမားတော်တော်များများ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်နေရပေမယ့် ဒုတိယအကျော့မှာ ရလဒ်ကောင်းရလိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။

ကွန်ပနီ – ယမန်နေ့ညက အနိုင်ဂိုးကို လှလှပပ သွင်းယူခဲ့တဲ့ ကွန်ပနီက ယခုနှစ်မှာ PFA အကောင်းဆုံးဆု ရရှိထားတဲ့ ဗန်ဒိုက်ထက် (၂)ဆပိုတော်သူဖြစ်ကြောင်း မန်စီးတီးပရိသတ်တွေက ချီးကျူးခဲ့ပါတယ်။ ဒီအနိုင်ဂိုးဟာ မန်စီးတီးအတွက် အလွန်အရေးပါပြီး၊ ယခုနှစ်အတွက် ချန်ပီယံအိပ်မက်ကိုအသက်ဆက်စေခဲ့တဲ့ ဂိုးပါ။ တစ်ခုရှိတာကတော့ ကွန်ပနီဟာ အဝေးကန်ချက်နဲ့ ဂိုးရယူဖို့ ကြိုးစားနေချိန်မှာ အဂူရို အပါအ၀င် အသင်းဖော်အချို့က မကန်ဖို့ ၀ိုင်းပြီး တားမြစ်ခဲ့တာ ကြောင့် ပွဲအပြီးမှာ ဒေါသတကြီးနဲ့ အဆိုပါအဖြစ်အပျက်ကို ဖွင့်ဟခဲ့ကြောင်းလည်း သိရပါတယ်။

READ
Payetရဲ့လှပတဲ့ဂိုးနဲ့အနိုင်ရသွားတဲ့ ပြင်သစ်အသင်း
Twitter

ဗန်ဒိုက်၊ ချိန်ဘာလိန် – လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ပွဲထွက်လူစာရင်းမှာ အဓိက တိုက်စစ်မှူးတွေဖြစ်တဲ့ ဆာလာနဲ့ ဖာမီနိုတို့ ပါဝင်နိုင်ဖို့ မရှိတော့တဲ့ သတင်းနဲ့အတူ နောက်ထပ် စိတ်ပျက်စရာသတင်းကတော့ ဗန်ဒိုက်နဲ့ ချိန်ဘာလိန်တို့ဟာ ယနေပြုလုပ်တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ အသင်းနဲ့အတူ ပါဝင်မလာဘဲ သီးခြားစီ ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ သူတို့တစ်တွေမှာလည်း ကြံ့ခိုင်မှုမပြည့်ဝခြင်းတွေနဲ့ ကြုံနေရကြောင်း သိရပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ကာလရှည်ပွဲထွက်ခွင့် မရရှိထားတဲ့ စတူးရစ်ခ်ျကတော့ပြန်လည်ပါဝင်လာမယ်လို့ သိရပါတယ်။

(AP Photo/Matt Dunham)

စပါး – စပါးအသင်းဟာ ဘုန်းမောက်နဲ့ပွဲစဉ်မှာ အနီကတ်ပြခံခဲ့ရတဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်အတွက် အယူခံတင်ခဲ့ကြောင်း သိရပါတယ်။ စပါးအသင်းမှာ ဟယ်ရီကိန်းအပါအဝင် အဓိက ကစားသမားအချို့ ဒဏ်ရာပြဿနာတွေရှိနေတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း အေဂျက်အသင်းနဲ့ ရင်ဆိုင်ဖို့အတွက်လည်း အတော်လေး အဆင်မပြေဖြစ်နေပြီး၊ စပါးပရိသတ်တွေအတွက် စိတ်ပူစရာပါ။

READ
သူ့နေရာအတွက် မစိုးရိမ်တဲ့ မော်ရင်ဟို

အာဆင်နယ် – အေဂျက်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဗန်ဒီဘီခ်ကို အလိုရှိနေတဲ့ အသင်းတွေထဲမှာ အာဆင်နယ်အသင်းလည်း ပါဝင်လာခဲ့ကြောင်း သိရပါတယ်။ ဒီဘိခ်ကို ခေါ်ယူဖို့ စပါးအသင်းနဲ့အပြိုင်လုရဖွယ်ရှိနေပါတယ်။ အာဆင်နယ်ဟာ ရာသီကုန်ခါနီးမှာ ရလဒ်တွေ ဆက်တိုက်ဆိုးရွားခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ခြင်းက ပရိသတ်တွေအတွက် ဒေါသထွက်စရာ ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် မဖြစ်မနေ လူခေါ်ဖို့၊ အန်မဝင်တဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။

talkSport

အန်စလော့တီ – နာပိုလီအသင်းမန်နေဂျာ အန်စလော့တီက နာပိုလီအသင်းအနေနဲ့ စပါးအသင်းကစားသမား ထရစ်ပီယာကို ယခုနှစ်ရာသီမှာ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း သိရပါတယ်။ ထရစ်ပီယာရဲ့ ဇနီးဖြစ်သူကလည်း နာပိုလီမှာ အိမ်ရှာနေတဲ့အတွက် အန်စလော့တီရဲ့ စကားဟာ ဖြစ်နိုင်ချေနဲ့ အလွန်နီးစပ်နေကြောင်း သိရပါတယ်။

လင်းသူရိန် (Shwemom)
source : skysports.com/ goal.com/ thesun.co.uk/ mirror.co.uk/ metro.co.uk

SHARE