၇-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Goal "Twitter"

မန်စီးတီး ။       ။ မန်စီးတီးအသင်းဟာ လက်စတာနောက်ခံလူ မက်ဂွိုင်းယားကိုခေါ်ယူဖို့ ဆွေးနွေးနေမှုတွေကို ရပ်ဆိုင်းလိုက်တယ်လို့ TheSun က ဖော်ပြပါတယ်။ မန်စီးတီးအသင်းဟာ မက်ဂွိုင်းယားအတွက် ကမ်းလှမ်းမှုတွေကိုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့်လည်း လက်စတာအသင်းက ပြောင်းရွှေ့ကြေးကို ပိုမိုတိုးမြှင့်ရရှိလိုနေတာကြောင့် အပြောင်းအရွှေ့ဆွေးနွေးမှုဟာ ကြန့်ကြာနေခဲ့ရတာပါ။ လက်ရှိမှာ မက်ဂွိုင်းယားကိုခေါ်ယူဖို့အတွက် မန်စီးတီးအသင်း နုတ်ထွက်သွားခဲ့တာကြောင့် မန်ယူအသင်းဆီကိုရောက်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်သွားခဲ့ပြီလို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

လာကာဇက် ။   ။ အာဆင်နယ်အသင်းတိုက်စစ်မှူး လာကာဇက် က အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ ချန်ပီယံဆုဖလားရယူဖို့ထက် အဆင့်(၄)အတွင်း ၀င်ဖို့ကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်ရမှာဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အမှတ်ပေးဇယား အဆင့်(၅)နေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်သွားခဲ့ရပြီး ဒီရာသီမှာ အဲဒီရလဒ်မျိုး နောက်တစ်ကြိမ်မဖြစ်အောင် ကြိုးစားရမှာဖြစ်တယ်လို့ တိုက်တွန်းလိုက်တာပါ။

READ
(၁၄-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မော်ရင်ဟို ။     ။ တရုတ်စူပါလိဂ်ကလပ် ဂွမ်ဇူးအဲဗားဂရန်ဒီ အသင်းဟာ နည်းပြ မော်ရင်ဟို ကို (၃)နှစ်အတွက် လုပ်ခလစာ ပေါင်(၈၈)သန်းအထိ ပေးချေဖို့ ထပ်တိုးပြီး ကမ်းလှမ်းလိုက်ပြန်ပါတယ်။ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ဘီလီယံနာပိုင်ဆိုင်တဲ့ ကလပ်အသင်းဟာ မော်ရင်ဟိုအတွက် မြင့်မားတဲ့ လုပ်ခလစာကို ပေးချေဖို့ ကမ်းလှမ်းလိုက်တာဖြစ်ပြီး မော်ရင်ဟို ကိုယ်တိုင်ကတော့ တရုတ်ကလပ်အသင်းတစ်သင်းကို နည်းပြလုပ်ဖို့ ဆန္ဒမရှိသေးဘူးလို့ သတင်းတွေကဖော်ပြနေကြပါတယ်။

(AP Photo/Michel Euler)

ရွန်နီ ။  ။ မန်ယူအသင်းတိုက်စစ်မှူးဟောင်း ရွန်နီ က ဒေါ့တ်မွန်တောင်ပံကစားသမား ဆန်ချိုအနေနဲ့ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားမနေပဲ ဒေါ့တ်မွန်အသင်းမှာသာ ဆက်လက်ရှိနေသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ဆန်ချိုဟာ ဒီအပြောင်းအရွှေ့မှာ မန်ယူအသင်းရဲ့ အဓိက ပြစ်မှတ်ဖြစ်နေခဲ့ပေမယ့်လည်း ဆန်ချိုအနေနဲ့ ဒေါ့တ်မွန်အသင်းမှာ ကစားနေတာက ပိုပြီးသင့်တော်တယ်လို့ ရွန်နီက မှတ်ချက်ပေးလိုက်တာပါ။

(AP Photo/Martin Meissner)

စတူးရစ်ခ်ျ ။      ။ ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတက်လာခဲ့တဲ့ ဗီလာအသင်းဟာ လီဗာပူးလ်ကနေ ထွက်ခွာသွားပြီဖြစ်တဲ့ တိုက်စစ်မှူး စတူးရစ်ခ်ျကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ ဆွေးနွေးနေပါပြီ။ အသက် (၂၉)နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီတုန်းက လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးသွားခဲ့ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်မယ့် စာရင်းထဲမှာ ရှိနေပါတယ်။

READ
၈-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မန်ယူ ။ ။ မန်ယူအသင်းဟာ တိုက်စစ်မှူး လူကာကူ ကိုရောင်းချဖို့ အင်တာမီလန်နဲ့ ဆွေးနွေးမှု ပျက်ပြယ်သွားပြီးတဲ့နောက် ဂျူဗင်တပ်စ်နဲ့နာပိုလီ အသင်းတို့ဆီကို ရောင်းချဖို့ ဆက်သွယ်ခဲ့တယ်လို့ TheSun က ဖော်ပြပါတယ်။ လူကာကူအတွက် မန်ယူအသင်းက ပေါင်(၇၅)သန်းလိုချင်နေတာဖြစ်ပြီး အင်တာမီလန်ကတော့ ငွေသားသီးသန့်ထက် ကစားသမားတစ်ဦးနဲ့အလိုက်ပေးလဲလှယ်ချင်နေတာကြောင့် ဆွေးနွေးမှုပျက်ပြယ်သွားခဲ့တာပါ။ အီတလီသတင်းစာတွေမှာလည်း မန်ယူဟာ လူကာကူကိုရောင်းချဖို့ ဂျူဗင်တပ်စ်အသင်းဆီ ဆက်သွယ်နေခဲ့တယ်လို့ဖော်ပြနေကြပါတယ်။

(AP Photo/Olivier Matthys)

Linn

Source : Thesun , Mirror , Dailymail

 

SHARE