၇-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ရူဒီဂါ ။  ။ ပြင်သစ်နဲ့ဂျာမနီတို့ ကစားခဲ့ကြတဲ့ UEFA Nations League ပြိုင်ပွဲမှာ ပြင်သစ်နောက်ခံလူ ပါဗက်ရဲ့ လည်ပင်းကို ရည်ရွယ်ချက်ရှိရှိ တက်နင်းခဲ့တယ်လို့  ဝေဖန်မှုတွေခံနေရသူကတော့ ဂျာမနီနောက်ခံလူ ရူဒီဂါပဲဖြစ်ပါတယ်။ ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါဟာ သူ့ဆီက ဘောလုံးကို တားဆီးဖို့ ကြိုးစားခဲ့တဲ့ ပါဗက်ရဲ့လည်ပင်းကို တက်နင်းမိခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်က အဲဒီအဖြစ်အပျက်ကို ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဓာတ်ပုံတွေမှာတော့ ပါဗက်ဟာ လည်ပင်းနဲ့ရင်ဘတ်တစ်လျှောက် အနီရောင်အစင်းတွေဖြစ်သွားတဲ့အထိ ဒဏ်ရာရသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

မော်ရင်ဟို ။     ။ အင်တာမီလန်အသင်းမှာ မော်ရင်ဟိုနဲ့အတူ လက်တွဲခဲ့ဖူးတဲ့ ကွင်းလယ်ကစားသမား ရှနိုက်ဒါက အင်တာမီလန်ကစားသမားတွေဟာ မော်ရင်ဟိုကို အရမ်းလေးစားခဲ့ကြပြီး အသက်တောင်ပေးရဲတဲ့အထိပဲလို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။ မော်ရင်ဟိုဟာ အင်တာမီလန်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဒုတိယရာသီမှာ ဖလား(၃)လုံးအောင်ပွဲကို ရယူခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘိုင်ယန်ကို အနိုင်ယူကာ ချန်ပီယံလိဂ်ဆုဖလားကိုပါ သိမ်းပိုက်ခဲ့တာပါ။

READ
ပီအက်စ်ဂျီကို ပြောင်းတော့မယ့် နေမာ၊ မန်ယူကိုရောက်ဖို့ နီးစပ်နေတဲ့မာတစ်နဲ့သတင်းတိုများ
sportbible

ဆိုးလ်ကမ်းဘဲ ။           ။ အာဆင်နယ်အသင်းရဲ့ နောက်ခံကစားသမားဟောင်း ဆိုးလ်ကမ်းဘဲက အာဆင်နယ်အသင်း ထိပ်ဆုံး(၄)နေရာထဲမှာ ပါဝင်ဖို့ဆိုရင် အသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်က အဓိက ကျလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ ကမ်းဘဲ က အူဘာမီယန်ရဲ့ သွင်းဂိုးတွေက အာဆင်နယ်အသင်းကို ရမှတ်တွေရရှိအောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပြီး သူ့အတွက် အကောင်းဆုံးရာသီတစ်ခုကို ဖန်တီးဖို့လိုတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ဆာရီ ။           ။ နာပိုလီအသင်းနည်းပြဟောင်း ဆာရီက သူ့အနေနဲ့နာပိုလီအသင်းကနေ ထုတ်ပယ်ခံရတယ်ဆိုတာကို တီဗီကနေ ကြေညာမှသာ သိရှိခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နာပိုလီအသင်းရဲ့ တာဝန်ရှိသူတွေဟာ သူ့ဆီကို အကြောင်းကြားစာ တစ်စောင်တောင် ပို့မပေးခဲ့ပဲ လက်လွတ်စပယ် ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ ဆာရီက ဝေဖန်လိုက်တာပါ။

PA

ဂျော်ဂျင်ဟို ။     ။ ဒီရာသီ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟိုက ချယ်လ်ဆီးအသင်းကို မပြောင်းရွှေ့ခင်မှာ မန်စီးတီးကိုပြောင်းဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ဂျော်ဂျင်ဟိုရဲ့ အေးဂျင့်ဖြစ်သူနဲ့ မန်စီးတီးအသင်းတို့ ညှိနှိုင်းမှု ပြုလုပ်တဲ့အခါမှာတော့ ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်ခဲ့ပြီး အသင်းပြောင်းဖို့ ဖြစ်မလာခဲ့တာပါ။

READ
၁၂-၁၁-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဘယ်လာရင် ။   ။ အာဆင်နယ်နောက်ခံကစားသမား ဘယ်လာရင်ဟာ သူကိုယ်တိုင်ချုပ်ထားတဲ့ ဘောင်းဘီဒီဇိုင်းကို ထုတ်ဖော်ပြသလိုက်ပြီး အဲဒါက သူ့ရဲ့ ပထမဆုံးချုပ်လုပ်ခဲ့တဲ့ လက်ရာ ဖြစ်လာခဲ့ပါတယ်။ ဘောလုံးသမားဘ၀ကနေ အနားယူသွားရင် ဖက်ရှင်ဒီဇိုင်နာအဖြစ် ရပ်တည်မယ်ဆိုတဲ့ ဘယ်လာရင်ဟာ မိခင်ဖြစ်သူရဲ့ အကူအညီနဲ့ ဒီဘောင်းဘီပုံစံကိုချုပ်လုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့အင်စတာဂရမ်မှာ ဓာတ်ပုံနဲ့တကွ ဖော်ပြသွားခဲ့ပါတယ်။

Instagram

Linn

Source : TheSun , Dailymail , Mirror

 

SHARE