၈-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဘန်ဇီမာ ။       ။ ချယ်လ်ဆီးအသင်းဟာ အသင်းတိုက်စစ်မှူး မိုရာတာရဲ့နေရာကို အစားထိုးဖို့အတွက် ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာကိုခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Mirror က ဖော်ပြပါတယ်။ အသက် (၃၁)နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာ ဟာ ဒီရာသီမှာ ရီးယဲလ်အတွက် (၁၈) ပွဲ ကစားပေးထားပြီး (၇) ဂိုးသွင်းယူထားကာ (၃) ဂိုး ဖန်တီးပေးထားခဲ့တာပါ။ ဘန်ဇီမာအနေနဲ့ ချယ်လ်ဆီးအသင်းကိုရောက်နိုင်၊မရောက်နိုင်ကို ဗြိတိန်လောင်းကစားဒိုင်တွေက ကြေးဖွင့်ထားခဲ့ကြပြီး တချို့ဒိုင်တွေကတော့ သူတို့ဖွင့်ထားတဲ့ကြေးတွေကိုတောင် ပိတ်သိမ်းခဲ့လို့ ဘန်ဇီမာရဲ့အပြောင်းအရွှေ့က ဖြစ်နိုင်ချေရှိတယ်ဆိုပြီး Mirror က သုံးသပ်ထားတာပါ။

ပိုချက်တီနို ။     ။ စပါးအသင်းနည်းပြ ပိုချက်တီနိုက နောက်ထပ် အနှစ်(၂၀)လောက်အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပိုချက်တီနိုကို မန်ယူအသင်းက နည်းပြရာထူးအတွက် ကမ်းလှမ်းတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် စပါးတာဝန်ရှိသူတွေက ပိုချက်တီနိုတစ်ယောက် အသင်းပြောင်းရွှေ့မှာကို စိုးရိမ်နေခဲ့တာပါ။ ဒါပေမယ့်လည်း ပိုချက်တီနိုက သူ့အနေနဲ့ မန်ယူနည်းပြရာထူးအတွက် စိတ်မ၀င်စားကြောင်းနဲ့ စပါးအသင်းအတွက် နောက်ထပ် အနှစ်(၂၀)လောက် အလုပ်လုပ်ပေးရဖို့မျှော်လင့်ကြောင်းပြောဆိုသွားခဲ့ပါတယ်။

(AP Photo/Tim Ireland)

ကာရက်စ်ကို ။   ။ တရုတ်ကလပ် ဒါလီယန် ယီဖန်း အသင်းမှာ ကစားနေတဲ့ ဘယ်လ်ဂျီယံတောင်ပံကစားသမား ကာရက်စ်ကို ဟာ ဥရောပဘောလုံးလောက ကို ပြန်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ Sky Italia သတင်းစာက ဖော်ပြပါတယ်။ ကာရက်စ်ကို ကို မန်ယူ၊ အေစီမီလန်အသင်းတွေအပြင် အာဆင်နယ်အသင်းကပါ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး Sky Italia ကတော့ ကာရက်စ်ကို ဟာ အာဆင်နယ်အသင်းဆီကိုပြောင်းရွှေ့ဖို့ ပိုမိုစိတ်ဝင်စားနေတယ်လို့ ရေးသားသွားခဲ့တာပါ။ အက်သလက်တီကို အသင်းကစားသမားဟောင်း ကာရက်စ်ကို ဟာ ပြီးခဲ့တဲ့နှစ်ကမှ တရုတ်စူပါလိဂ်ကလပ်ဆီ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းကနေ ပြန်လည်ထွက်ခွာဖို့ ပြင်ဆင်နေခဲ့တာပါ။

READ
၁၃-၁၀-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Twitter

မီခီတာရန် ။     ။ အာဆင်နယ်အသင်းကွင်းလယ်လူ မီခီတာရန် ဟာ ဒင်းနစ်ဆွာရက်ဇ်၊ ကာရက်စ်ကို တို့လို ကစားသမားတွေရောက်ရှိလာနိုင်တဲ့အခြေအနေမှာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။ အသက် (၂၉)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ နည်းပြအမ်မရီရဲ့ လက်ထက်မှာ ပွဲထွက်ခွင့်တွေရနေခဲ့ပေမယ့်လည်း သူ့ရဲ့ခြေစွမ်းကတော့ ပုံမှန်ထက် အနည်းငယ် ကျဆင်းနေခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အမ်မရီဟာ ဘာစီလိုနာကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်ကို ဒီအပြောင်းအရွှေ့မှာ အရခေါ်ဖို့ ပြင်ဆင်နေပြီး ဆွာရက်ဇ်သာရောက်လာခဲ့ရင် မီခီတာရန်ရဲ့နေရာ ပျောက်ဆုံးသွားနိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေခဲ့ပါတယ်။

ဆာရီ ။ ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ဒီနေ့ည ကစားမယ့် စပါးနဲ့ ကာရာဘောင်းဖလားပွဲစဉ်ကို ချန်ပီယံလိဂ်ပွဲစဉ်ကစားရသလိုပဲ မှတ်ယူထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ စပါးအသင်းနဲ့ ချယ်လ်ဆီးတို့ဟာ ဒီနေ့ည (၂း၃၀) အချိန်မှာ ကာရာဘောင်းဖလားပွဲ၊ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ကစားကြမှာဖြစ်ပြီး ဆာရီက ဒီပွဲစဉ်ဟာလည်း ချယ်လ်ဆီးအတွက် အရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်တာပါ။ ဆာရီက ဒီပွဲကို ချန်ပီယံလိဂ်ပွဲစဉ်လို ကစားသွားမှာဖြစ်ပြီး စပါးနဲ့ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်းပြောဆိုသွားခဲ့ပါတယ်။

READ
၁၂-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Tim Ireland)

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းရဲ့လူငယ်ကစားသမားတွေဖြစ်ကြတဲ့ မာရှယ် ၊ ရက်ရှ်ဖို့ဒ်နဲ့ လင်ဂတ် တို့ဟာ မန်ယူရဲ့အနာဂတ်အတွက် အရေးပါသူတွေဖြစ်လာကြလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဆိုးလ်ရှားဟာ လက်ရှိအချိန်မှာ မန်ယူအသင်းနဲ့အတူ ဒူဘိုင်းကို သွားရောက်ပြီး စပါးအသင်းနဲ့ပွဲစဉ်အတွက် လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်နေခဲ့တာပါ။ ဆိုးလ်ရှားက အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ မန်ယူလူငယ်ကစားသမားတွေရဲ့ ကြိုးစားမှုက ကျေနပ်စရာပဲဖြစ်ပြီး ဒီကစားသမားတွေဟာ အသင်းအတွက် အရေးပါသူတွေဖြစ်လာလိမ့်မယ်လို့ ပြောဆိုသွားခဲ့တာပါ။

Linn

Source : TheSun , Mirror , Goal

 

 

SHARE