၁၁-၈-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အမ်မရီ ။         ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီ က ဒီရာသီမှာ ယူရိုပါလိဂ်ဖလားကို အရယူဖို့ကလည်း အသင်းရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အမ်မရီ က အသင်းသားတွေအားလုံးဟာ လက်တွေ့ကျတဲ့ ဆုဖလားတွေအပေါ်မှာသာ အာရုံစိုက်ကြရမှာဖြစ်ပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ဖို့ကလည်း ပစ်မှတ်တစ်ခုဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီနေ့ညရဲ့ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် စပို့တင်းအသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဒီပွဲမှာသာ အနိုင်ရရင် နောက်တစ်ဆင့်ကို တက်ရောက်ဖို့ သေချာသွားပြီလို့ ပြောရပါလိမ့်မယ်။

ဘန်ဇီမာ ။       ။ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပယ်လ်ဇန်အသင်းကို (၀-၅) ဂိုးနဲ့ အနိုင်ယူခဲ့ပြီးတဲ့နောက် ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာ က သူ့ခြေစွမ်းအပေါ်ဝေဖန်နေသူတွေကို ပြန်လည်တုန့်ပြန်လိုက်ပါတယ်။ အဲဒီပွဲစဉ်မှာ သွင်းဂိုး (၂) ဂိုးသွင်းယူခဲ့တဲ့ ဘန်ဇီမာ ဟာ ရီးယဲလ်အသင်းနဲ့အတူ ဂိုး (၂၀၀) ပြည့်သွားခဲ့ပြီး သူ့ရဲ့ခြေစွမ်းအပေါ် ဝေဖန်နေသူတွေကို တုန့်ပြန်သွားခဲ့တာပါ။ ဘန်ဇီမာ က တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ပြိုင်ဖက်အသင်းအပေါ် ဂိုးမသွင်းနိုင်ဘူးဆိုတာ အချိန်ကာလတစ်ခု၊ အတိုင်းအတာ တစ်ခုအထိပဲ ဖြစ်ပြီး ဝေဖန်ချင်စိတ်တွေ မစော ကြဖို့ ပြောဆိုလိုက်ပါတယ်။

READ
(၇-၅-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Petr David Josek)

မန်ယူ ။          ။ မန်ယူအသင်းတိုက်စစ်မှူးဟောင်း အင်ဒီကိုးလ်က ဂျူဗင်တပ်စ်အသင်းကို အနိုင်ရခဲ့တဲ့ အဖြစ်ဟာ မန်ယူအသင်းအတွက် ခွန်အားဖြစ်လာမှာဖြစ်ပြီး မန်ချက်စတာဒါဘီအတွက် အထောက်အပံ့ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ မန်ယူအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်စီးတီးအသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ကစားသမားတွေအနေနဲ့ ဒီနိုင်ပွဲကြောင့် ယုံကြည်မှု ပိုမိုမြင့်တက်လာလိမ့်မယ်လို့ အင်ဒီကိုးလ်က သုံးသပ်သွားခဲ့ပါတယ်။

(AP Photo/Petr David Josek)

လိုဇာနို ။         ။ မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ PSG ကွင်းလယ်လူ လိုဇာနို က သူဟာ ငယ်စဉ်ကတည်းက မန်ယူအသင်းကို ကြိုက်နှစ်သက်ခဲ့တာဖြစ်ကြောင်း ၀န်ခံလိုက်ပါတယ်။ ဒီ စကားကြောင့် လိုဇာနို တစ်ယောက် မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ အလားအလာကောင်းသွားခဲ့ပြီလို့ သတင်းတွေက ဖော်ပြနေကြပြီး မက္ကဆီကိုတောင်ပံကစားသမားဟာ လာမယ့် ဇန်န၀ါရီမှာ မန်ယူအသင်းရဲ့ ကြိုးစားမှုကို ခံရဖွယ်ရှိနေပါတယ်။ အသက် (၂၃)နှစ်သာ ရှိသေးတဲ့ လိုဇာနို ရဲ့ ခြေစွမ်းကြောင့် ဘာစီလိုနာ၊ စပါး အသင်းတို့ကလည်းခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်ယူအသင်းကတော့ အနီးစပ်ဆုံးဖြစ်နေတယ်လို့ TheSun သတင်းစာက ဖော်ပြပါတယ်။

READ
(၁၀-၃-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဖာမီနို ။          ။ လီဗာပူးလ်အသင်းတိုက်စစ်မှူး ဖာမီနို က ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်မှာလည်း အခွင့်အရေးအပြည့်ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဖာမီနို က ဒီရာသီမှာ သူတို့ရဲ့ အဓိက ပြိုင်ဖက်အသင်းက မန်စီးတီးပဲဖြစ်တယ်လို့ ယုံကြည်ထားပြီး လက်ရှိလူစာရင်းဟာ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်နေတာပါ။ လက်ရှိအခြေအနေတွေအရတော့ မန်စီးတီးက ချန်ပီယံလိဂ်မှာရော၊ ပရီးမီးယားလိဂ်မှာပါ ဂိုးပြတ်နိုင်ပွဲတွေ ဆက်နေပြီး လီဗာပူးလ်ကတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဆားဘီးယားကလပ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ထားခဲ့ပါတယ်။

(AP Photo/Petr David Josek)

ကော်တင်ဟို ။   ။ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ကော်တင်ဟို ဟာ အင်တာမီလန်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် (၃) ပတ်အထိ အနားယူရဖွယ်ရှိနေတယ်လို့ ဘာစီလိုနာအသင်းဆေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ကော်တင်ဟို ဟာ အင်တာမီလန်နဲ့ ပွဲစဉ်ပြီးတဲ့နောက် ဆေးကုသမှုခံခဲ့ရပြီး သူ့ရဲ့ဘယ်ဖက်ခြေထောက်မှာ ပြဿနာရှိနေခဲ့တာပါ။ ဘာစီလိုနာအသင်းမှာ တိုက်စစ်မှူး မက်ဆီလည်း ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်နေရဆဲမို့ ကော်တင်ဟို သာ မပါနိုင်ဘူးဆိုရင် အသင်းရဲ့ တိုက်စစ်ပိုင်း အားနည်းသွားလိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

Linn

Source : Goal , Dailymail , TheSun

 

SHARE