၈-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ရိုးမား ။ ။ ရိုးမားအသင်းဟာ အသင်းနည်းပြ ဒီ ဖရန်ဆက်ကို ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး ဖူလ်ဟမ်အသင်းနည်းပြဟောင်း ရာနီရေရီ ကို ရာသီကုန်အထိ ခန့်အပ်လိုက်ပါတယ်။ ပေါ်တိုအသင်းကို ရှုံးနိမ့်ခဲ့ရပြီးနောက် ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့တဲ့ ရိုးမားအသင်း တာဝန်ရှိသူတွေဟာ အသင်းရလဒ်ပိုင်းအပေါ် စိတ်တိုင်းမကျခဲ့ပဲ နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့တာပါ။ ဖရန်ဆက်ကို က သူ့အနေနဲ့ ရိုးမားအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ကြောင်းနဲ့ ဒီလို ထုတ်ပယ်ခံရတာဟာ မမျှတတဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

မော်ရင်ဟို ။     ။ ရီးယဲလ်အသင်းဟာ မော်ရင်ဟို ကို ယာယီနည်းပြရာထူးနဲ့ ခန့်အပ်သွားတော့မှာဖြစ်ပြီး ဒီတစ်ပတ် ကစားမယ့် ဗယ်လာဒိုးလစ် နဲ့ ပွဲစဉ်မတိုင်မီ ခန့်အပ်သွားဖို့ရှိနေတယ်လို့ Marca က ဖော်ပြပါတယ်။ ရီးယဲလ်အနေနဲ့ နည်းပြ ဆိုလာရီ ကို ရာထူးကနေ အရင်ဆုံး ထုတ်ပယ်သွားဖို့ ပြင်ဆင်နေကြပြီး တစ်ဆက်တည်းမှာပဲ မော်ရင်ဟို ကို ခန့်အပ်သွားမှာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြနေတာပါ။ ရီးယဲလ်အသင်းဥက္ကဌ ပီရက်ဇ်နဲ့ အားကစားဒါရိုက်တာ ဆန်းချက်ဇ် တို့ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ကြပြီးတဲ့နောက် ဒီဆုံးဖြတ်ချက်ဟာ အတည်ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

AFP

ရာမို့စ် ။ ။ ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်နဲ့ အသင်းဥက္ကဌပီရက်ဇ်တို့အကြား ကတောက်ကဆ ဖြစ်ပြီးတဲ့နောက်မှာ ရာမို့စ်အနေနဲ့ ရီးယဲလ်မှာ ဆက်ရှိဖို့ မသေချာတော့ဘူးလို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ ရာမို့စ်နဲ့ ရီးယဲလ်တို့ရဲ့ စာချုပ်ဟာ (၂၀၂၁)ခုနှစ်အထိ ရှိနေပြီး စာချုပ်လျော်ကြေးက ပေါင် (၁၇၁)သန်း ရှိတာမို့ တကယ်လို့ ရာမို့စ်ကို အလိုမရှိတော့ဘူးဆိုရင် ရီးယဲလ်ကိုယ်တိုင်ရောင်းချမှရမယ့် အနေအထားမျိုး ဖြစ်လာခဲ့တာပါ။ ရီးယဲလ်အသင်းကို နည်းပြ မော်ရင်ဟို ရောက်လာမယ့်ဆိုတဲ့ သတင်းကလည်း ရာမို့စ်ကို တုန်လှုပ်စေပြီး ရာမို့စ်ဟာ မော်ရင်ဟို ရောက်လာရင် အသင်းကနေ ထွက်သွားမယ်လို့ ပြောဆိုခဲ့ဖူးသူပါ။

READ
အင်္ဂလန်နဲ့ ရုရှားပရိသတ်များကြား သွေးသံရဲရဲဖြစ်နိုင်ချေရှိနေတဲ့ (၂၀၁၈)ကမ္ဘာ့ဖလား
PA

အန်ဆယ်လော့တီ ။      ။ နာပိုလီအသင်းနည်းပြ အန်ဆယ်လော့တီ က သူသာ PSG အသင်းနည်းပြအဖြစ် ဆက်ရှိနေသေးပြီး မန်ယူအသင်းကို အလားတူပုံစံမျိုးနဲ့ ရှုံးနိမ့်ခဲ့မယ်ဆိုရင် တံတားပေါ်ကနေခုန်ချသွားမိမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ PSG အသင်းကို (၂၀၁၂-၁၃) ဘောလုံးရာသီမှာ ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြ အန်ဆယ်လော့တီက ဒီရလဒ်အတွက် အံ့အားသင့်နေပြီး ဒါဟာ လုံးဝမျှော်လင့်မထားတဲ့ ရလဒ်မျိုးဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အန်ဆယ်လော့တီက နည်းပြတူချယ်နေရာမှာ သူသာဆိုရင် အနီးဆုံးတံတားပေါ်သွားပြီး ခုန်ချမိတာမျိုး ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

EPA

လိုရန်တီ ။       ။ မာဆေးဆိုက်ပြိုင်ဖက်တွေဖြစ်ကြတဲ့ အဲဗာတန်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ လာလီဂါကလပ် ဆိုဆီဒက်အသင်းနောက်ခံလူ လိုရန်တီ ကို ခေါ်ယူဖို့ အပြိုင်အဆိုင်ဖြစ်နေကြတယ်လို့ Mirror သတင်းစာက ဆိုပါတယ်။ အသက် (၂၅)နှစ်အ၇ွယ် နောက်ခံလူဟာ ကွင်းလယ်ကစားသမားအဖြစ်လည်း ကစားနိုင်သူဖြစ်ပြီး သူ့ရဲ့တန်ကြေးက ပေါင်(၂၅)သန်းနီးပါး ရှိလိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
လီဗာပူးလ်ကစားသမား ရောဘတ်တိုဖာမီနိုရဲ့နေအိမ်ဖောက်ထွင်းခံရ
PA

တာဟစ်ချောင် ။ ။ မန်ယူအသင်းဟာ အသင်းရဲ့ လူငယ်ကစားသမား တာဟစ်ချောင် ကို အေဂျက်ဇ်အသင်းဆီ အငှားချထားဖို့ ပြင်ဆင်နေတယ်လို့ TheSun သတင်းစာ က ဖော်ပြပါတယ်။ မန်ယူအကယ်ဒမီထွက် ကစားသမားလေးကို အတွေ့အကြုံတွေ ပိုမိုရရှိစေဖို့အတွက် အေဂျက်ဇ်ကို အငှားချထားဖို့ ပြင်ဆင်နေတာဖြစ်ပြီး အနည်းဆုံး တစ်ရာသီ အငှားချထားမှာဖြစ်တယ်လို့ သိရပါတယ်။

AFP

အီကာဒီ ။        ။ အင်တာမီလန်အသင်းခေါင်းဆောင် အီကာဒီ ကို ဆေးအဖွဲ့က လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်လို့ရနေပြီလို့ ပြောပေမယ့်လည်း ကစားသမားက လေ့ကျင့်ခန်းတွေပြုလုပ်ဖို့ ငြင်းဆန်ခဲ့တယ်လို့ နည်းပြ စပယ်လက်တီက ပြောပါတယ်။ အီကာဒီ ဟာ သူ့ရဲ့အသင်းခေါင်းဆောင်ရာထူးကို အသင်းဖော် ဟန်ဒါနိုဗစ် ဆီ လွှဲပေးလိုက်ရပြီးတဲ့နောက် အင်တာမီလန်အတွက် ကစားပေးရခြင်းမရှိတော့ပဲ အသင်းလူစာရင်းကနေ တမင်ချန်ထားခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တာပါ။

Linn

Source : TheSun , Dailymail , Mirror

SHARE