(၈-၅-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Dave Thompson)

ဆွာရက်ဇ် – လီဗာပူးကို အရှက်တကွဲရှုံးနိမ့်ပြီးနောက်မှာတော့ ဆွာရက်ဇ်က အသင်းဖော်တွေကို ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်လိုက်ပါတယ်။ ဘာကာအသင်းဖော်တွေဟာ မနေ့ညကပွဲမှာ ကလေးတွေလို ကစားခဲ့ကြကြောင်း၊ အာရုံစူးစိုက်မှုအားနည်းပြီး စိတ်ကြီးဝင်နေကြကြောင်း ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဂ်ဘာ – မန်ယူအသင်းဟာ အသင်းကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့လစာကို (၂၅)%အထိ လျှော့ချဖို့ပြင်ဆင်နေပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ အသင်းမှာ ဆက်နေမယ်ဆိုရင် လက်ရှိ ရနေတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် (၂၉၀၀၀၀)အစားပေါင် (၂၁၇၅၀၀)သာ ရရှိတော့မှာဖြစ်ကြောင်း သိရပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပေါ့ဂ်ဘာတစ်ယောက် အသင်းပြောင်းဖို့ နီးစပ်နေပါတယ်။ ဒါပေမယ့် ရီးယဲလ်ကလည်း သူ မန်ယူမှာ ရနေတဲ့ လစာလောက် ပေးနိုင်မှာမဟုတ်ဘူးလို့ စကားဦးသမ်းထားပါတယ်။

နာပိုလီ – ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ နာပိုလီအသင်းဟာ အေတီကိုအသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ ဒီယေဂိုကော်စတာကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ကော်စတာဟာ ဒိုင်လူကြီးနဲ့ ဖြစ်ခဲ့တဲ့ ပြဿနာကြောင့် ကာလရှည် ပွဲပယ်ခံထားရသူပါ။ နာပိုလီဟာ နယူးကာဆယ်က ပီရက်ဇ်ကိုလည်း စောင့်ကြည့်နေပါတယ်။

(AP Photo/Dave Thompson)

အလက်ဇန္ဒားအာနိုး – လက်ရှိအချိန်မှာ အသက်(၂၀)သာရှိသေးတဲ့ အာနိုးဟာ လီဗာပူး-ဘာကာပွဲမှာ ဂိုးသွင်းပေးခဲ့တဲ့ သူရဲကောင်းမဟုတ်သော်လည်းပဲ၊ မက်ဆီ၊ ကော်တင်ဟို၊ ဆွာရက်ဇ်တို့ရဲ့ ကမ္ဘာကျော်တိုက်စစ်အတွဲကို အကောင်းဆုံး တုန့်ပြန်ကစားနိုင်ခဲ့သူပါ။ ဘာစီလိုနာပရိသတ်တွေက သူ့ကို ထူးထူးခြားခြား ချီးကျူးခဲ့ကြကြောင်း သိရပါတယ်။

မော်ရင်ဟို – ကမ္ဘာကျော်နည်းပြကြီး မော်ရင်ဟိုက အေဂျက် – စပါးပွဲစဉ်ကို ခန့်မှန်းလိုက်ပါတယ်။ အေဂျက်အသင်းဟာ ချန်ပီယံလိဂ် သမိုင်းကြောင်းအရ အိမ်ကွင်းထက်စာရင် အဝေးကွင်းမှာ ပိုကောင်းကြောင်း၊ ကိန်းမပါဘဲ ကစားရမှာ အခက်အခဲဖြစ်ပြီး၊ ဆွန်ဟောင်မင်ပါ မပါတော့ ပိုပြီး ခက်ခဲစေမှာဖြစ်ကြောင်း၊ ဒါပေမယ့် လီဗာပူးထုံး နှလုံးမူပြီး ကစားရင်တော့ မဖြစ်နိုင်တာမရှိကြောင်း ဆိုပါတယ်။

Bournemouth Echo

ရိုင်ယန်ဖရေဆာ – အာဆင်နယ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားတဲ့ ဘုန်းမောက်ကစားသမား ဖရေဆာအနေနဲ့၊ ယခုနှစ်မှာ အသင်းပြောင်းရွှေ့ဖို့မရှိဘဲ၊ ဘုန်းမောက်မှာသာ ဆက်ပြီးရှိနေလိမ့်မယ်လို့ ဘုန်းမောက်နည်းပြက မျှော်လင့်နေပါတယ်။ ဖရေဆာဟာ အသက်(၂၅)နှစ်အရွယ် ကွင်းလယ်ကစားသမားတစ်ဦးပါ။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ အသင်းကွင်းလယ်တိုက်စစ် ကစားသမား ဟာဇက်ဒ်ကို ရီးယဲလ်ဘက်က ကမ်းလှမ်းလာမှုအပေါ် ပယ်ချလိုက်ကြောင်း သိရပါတယ်။ ချယ်လ်ဆီးဟာ ဟာဇက်ဒ်အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ် အလိုရှိနေကြောင်း သိရပါတယ်။

လင်းဇော်ကို (Shwemom)

READ
(၃-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Source : Source : thesun.co.uk/ skysports.com/ goal.com/ mirror.co.uk/ metro.co.uk

SHARE