၈-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဟာ ဟာဇက်ရဲ့ ကျောနံပတ်(၇) ဂျာစီကို မက်ဒရစ်မြို့ထဲက ဆိုင်တွေမှာ စတင်ရောင်းချနေပြီဖြစ်ပြီး အသင်းရဲ့အွန်လိုင်းစတိုးကနေလည်း အမှာစာတွေကို စတင်လက်ခံနေပြီဖြစ်ပါတယ်။ ဟာဇက်ဟာ ပြီးခဲ့တဲ့ ရာသီက မာရီယာနိုဒီယာ့ဇ် ၀တ်ဆင်ခဲ့တဲ့ ကျောနံပတ်(၇)ဂျာစီကို ရယူမှာဖြစ်ပြီး ရီးယဲလ်အတွက်တော့ ဒီဂျာစီနံပတ်ဟာ ရော်နယ်ဒို၊ ရာအူးလ်တို့နဲ့အတူ နာမည်ကျော်ခဲ့တဲ့ ဂျာစီနံပတ် ဖြစ်ခဲ့တာပါ။

ပါရဲရား ။         ။ မန်ယူအသင်းဟာ ကွင်းလယ်ကစားသမား ပါရဲရားကို (၂၀၂၃)ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေမယ့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တယ်လို့  TheSun က ဖော်ပြပါတယ်။ မန်ယူနဲ့ ပါရဲရားတို့ရဲ့ လက်ရှိစာချုပ်ဟာ (၂၀၂၀)ခုနှစ် မတ်လအထိပဲ ရှိနေတာဖြစ်ပြီး နောက်ထပ်(၃)နှစ် ထပ်မံတိုးမြှင့်ချုပ်ဆိုခဲ့တာပါ။

(AP Photo/Rui Vieira)

ဘာကာယိုကို ။  ။ ချယ်လ်ဆီးအသင်းကနေ အေစီမီလန်အသင်းဆီ အငှားသွားရောက်ကစားနေတဲ့ ကွင်းလယ်လူ ဘာကာယိုကို က ချယ်လ်ဆီးအသင်းဆီ ပြန်လာပြီး ကစားပေးဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြောဆိုလိုက်ပါတယ်။ အသက် (၂၄)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အေစီမီလန်အသင်းဆီကို အငှားသွားရောက်ကစားခဲ့ရပြီး အေစီမီလန်အသင်းက အပြီးသတ်စာချုပ် ချုပ်ဖို့အထိ စဉ်းစားခဲ့တာပါ။ ဒါပေမယ့် ရာသီကုန်ဆုံးချိန်၊ အေစီမီလန်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဝေးကွာသွားခဲ့တဲ့နောက်မှာတော့ ဘာကာယိုကိုက ချယ်လ်ဆီးအသင်းထံ ပြန်ပြီး ကစားပေးချင်တယ်လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။

READ
၁၆-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

မာတာ ။         ။ မန်ယူအသင်းဟာ ကွင်းလယ်ကစားသမား မာတာကို သက်တမ်းတိုးစာချုပ်အတွက် ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီလို့ ESPN က ဖော်ပြပါတယ်။ မာတာ ဟာ ဒီလကုန်ရင် မန်ယူနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားဖို့ရှိနေတာပါ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသက်(၃၁)နှစ်အရွယ် ကွင်းလယ်ကစားသမားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေတာကြောင့် မန်ယူအသင်းဟာ မာတာကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး မာတာဖက်ကသာ သဘောတူရင် ဒီရက်ပိုင်းအတွင်း စာချုပ်သစ်ချုပ်ဆိုကြမှာပါ။

READ
(၂၄-၄-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အီကာဒီ ။        ။ အင်တာမီလန်အသင်းရဲ့အဓိက တိုက်စစ်မှူးအဖြစ် (၂၀၁၃)ခုနှစ်ကတည်းက ကစားပေးခဲ့တဲ့ အီကာဒီဟာ လက်ရှိအချိန်မှာတော့ အင်တာရဲ့အနာဂတ်အစီအစဉ်တွေအတွက် ထည့်သွင်းခံထားရခြင်းမရှိတော့ဘူးလို့ အင်တာမီလန်ရဲ့သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အင်တာမီလန်နည်းပြသစ် ကွန်တီဟာ အီကာဒီနေရာမှာ အစားထိုးဖို့အတွက် တိုက်စစ်မှူးသစ်တွေကို ရှာဖွေနေပြီဖြစ်ပြီး ရိုးမားတိုက်စစ်မှူး ဒီဇီကို ကို ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ခဲ့သလို မန်ယူတိုက်စစ်မှူး လူကာကူ ကိုလည်း ကွန်တီက ထပ်မံကြိုးစားနေတာပါ။ အီကာဒီကိုတော့ ဒီအပြောင်းအရွှေ့ကာလမှာ ရောင်းချသွားနိုင်မယ်လို့ အင်တာမီလန်အသင်းက ယုံကြည်နေပါတယ်။

(AP Photo/Luca Bruno)

အင်္ဂလန် ။       ။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ နယ်သာလန်ကို Nations League ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အသင်းခံစစ်ပိုင်းကို အပြောင်းအလဲပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ နယ်သာလန်နဲ့ပွဲမှာ အမှားအယွင်းတွေလုပ်ခဲ့ကြတဲ့ ဝေါ်လ်ကာနဲ့ ဂျွန်စတုံးတို့နေရာမှာ လီဗာပူးလ်ရဲ့ အာနိုးလ်နဲ့ ဂျိုးဂိုမက်ဇ် တို့ကို အစားထိုးခေါ်ယူဖို့ ပြင်ဆင်နေပြီး ဗီလာအသင်းခေါင်းဆောင် ဂရီယယ်လစ်ခ်ျနဲ့ လက်စတာရဲ့မက်ဒီဆင်တို့လည်း အင်္ဂလန်အသင်းရဲ့လူစာရင်းထဲရောက်ရှိလာဖို့ရှိနေပါတယ်။

Linn

SHARE