၈-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter"PSG"

PSG ။  ။ ပြင်သစ်ကလပ် PSG အသင်းဟာ အေဂျက်ဇ်လူငယ်အသင်းရဲ့ နောက်ခံလူ မစ်ချယ် ဘက်ကာ ကို (၄)နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် (၁၉)နှစ်အရွယ်သာ ရှိသေးပြီး အရပ်(၆)ပေ (၂)လက်မ မြင့်တဲ့ကစားသမားဟာ အေဂျက်ဇ်အသင်းရဲ့လူငယ်စီမံကိန်းတွေကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး နယ်သာလန်ရဲ့ သက်တမ်းလိုက် လက်ရွေးစင်အသင်းတွေမှာ ပါဝင်ကစားခွင့်ရနေသူပါ။

ဟာရဲရား ။       ။ PSG အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ မန်ယူကွင်းလယ်လူဟောင်း ဟာရဲရား က သူ့အနေနဲ့ မန်ယူအသင်းမှာ ပျော်ရွှင်ခဲ့ရပေမယ့်လည်း စာချုပ်သက်တမ်းတိုးဖို့ နှောင့်နှေးနေတဲ့ ဘုတ်အဖွဲ့ကြောင့် အသင်းကနေ ထွက်ခွာသွားခဲ့ရတာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ PSG နဲ့ (၅)နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်တဲ့ ဟာရဲရားက မန်ယူအသင်းဘုတ်အဖွဲ့ဟာ ကစားသမားတွေကို ဂရုစိုက်ခဲ့ခြင်းမရှိကြောင်းနဲ့ သူတို့ဟာ ကစားသမားတွေရဲ့အနာဂတ်ကို မရေမရာဖြစ်စေတယ်လို့ ခံစားရကြောင်း ပြောဆိုသွားခဲ့ပါတယ်။

PSG “Twitter”

မန်ယူ ။ ။ မန်ယူအသင်းကစားသမားတွေဖြစ်ကြတဲ့ ပေါ့ဂ်ဘာနဲ့ လူကာကူ တို့ဟာ အသင်းပြောင်းဖို့အရေးအဆင်မပြေတာကြောင့် သြစတြေးလျခရီးစဉ်မှာ မပြုံးရယ်နိုင်ခဲ့ကြဘူးလို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။ အီတလီကို ပြောင်းရွှေ့ချင်နေတဲ့ လူကာကူ နဲ့ မန်ယူကနေ ထွက်ခွာချင်နေတဲ့ ပေါ့ဂ်ဘာ တို့ဟာ အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲအစီအစဉ်မှာ လိုက်ပါလာခဲ့ကြပေမယ့်လည်း အသင်းသားတွေ ဓာတ်ပုံအတူ တွဲရိုက်ကြချိန်မှာ မပြုံးရယ်ပဲ ရှိနေကြတယ်လို့ သတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။

မက်ဆီ ။         ။ ဘရာဇီးအသင်းနည်းပြ တီတေး က အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ပြိုင်ဖက်အသင်းတွေနဲ့ ဒိုင်လူကြီးတွေကို လေးစားမှုရှိဖို့ လိုအပ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အာဂျင်တီးနားအသင်းကိုပါအမေရိက ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးတဲ့နောက် မက်ဆီက ဒီပြိုင်ပွဲဟာ ဘရာဇီးအသင်း ဆုဖလားရဖို့ ဖန်တီးထားတဲ့ ပြိုင်ပွဲဖြစ်ကြောင်းနဲ့ ဒိုင်လူကြီးတွေကလည်း လာဘ်စားမှုတွေရှိနေတယ်လို့ ထင်မိကြောင်း ပြောဆိုသွားခဲ့တာပါ။ တီတေး က မက်ဆီအနေနဲ့ အရှုံးကိုလက်ခံသင့်ကြောင်းနဲ့ ဘရာဇီးအသင်းဟာ အာဂျင်တီးနားအပေါ် မျှမျှတတ ကစားခဲ့ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

READ
၂၉-၇-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Victor R. Caivano)

တိုင်လီမန်း ။     ။ မိုနာကိုအသင်းကနေ လက်စတာအသင်းဆီ အငှားလာရောက်ကစားနေတဲ့ ကွင်းလယ်လူ တိုင်လီမန်းကို လက်စတာက အပြီးသတ်ခေါ်ယူဖို့အတွက် ဆေးစစ်နေပါပြီ။ အသက် (၂၂)နှစ်အရွယ် ကွင်းလယ်ကစားသမားအတွက် လက်စတာအသင်းက ပေါင်သန်း(၄၀)လောက်ပေးချေခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး လာမယ့်တစ်ပတ်မှာ စတင်ကစားမယ့် လက်စတာရဲ့ ရာသီကြိုခြေစမ်းပွဲ အစီအစဉ်တွေမှာ ပါဝင်ရတော့မှာပါ။

 

အနော်တိုဗစ် ။  ။ ၀က်စ်ဟမ်းအသင်းဟာ တိုက်စစ်မှူး အနော်တိုဗစ် ကို တရုတ်ကလပ် ရှန်ဟိုင်း SIPG အသင်းဆီ ပေါင်(၂၂)သန်းနဲ့ ရောင်းချလိုက်ပြီဆိုတဲ့အကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါပြီ။ ၀က်စ်ဟမ်းအသင်းရဲ့ တရားဝင်တွစ်တာအကောင့်မှာ အနော်တိုဗစ် တစ်ယောက် အသင်းကနေ ထွက်ခွာသွားပြီဖြစ်ကြောင်းနဲ့ တရုတ်ကလပ်အသင်းနဲ့ သွားရောက်ပူးပေါင်းတော့မှာဖြစ်ကြောင်း ပရိသတ်တွေဆီကို အသိပေးသွားခဲ့ပါတယ်။

READ
၂၅-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

Linn

Source : TheSun , Mirror , Goal

SHARE