၉-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ပါဗက် ။ ။ စတုဂတ်အသင်းနဲ့ ပြင်သစ်အသင်းရဲ့ နောက်ခံလူ ပါဗက် ကို ဘိုင်ယန်က ပေါင် (၃၅)သန်းနဲ့ ခေါ်ယူလိုက်ပါပြီ။ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ ညာနောက်ခံလူကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းက အတည်ပြုလိုက်ပြီဖြစ်ပြီး (၂၀၁၉) ဇူလိုင်မှာ အသင်းနဲ့ လာရောက်ပူးပေါင်းမှာဖြစ်တယ်လို့ အသိပေးခဲ့တာပါ။ ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ် က ပါဗက်ရဲ့အပြောင်းအရွှေ့ကို အတည်ပြုပေးခဲ့ပြီး ဒီကစားသမားအတွက် စာချုပ်လျော်ကြေး ပေါင်(၃၁)သန်း ထည့်သွင်းချုပ်ဆိုထားတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

အီကာဒီ ။        ။ အင်တာမီလန်အသင်းတိုက်စစ်မှူး အီကာဒီ ဟာ ဆောင်းရာသီအားလပ်ရက်ပြီးတဲ့နောက် အသင်းရဲ့ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်သွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ နံပတ်(၁) ပစ်မှတ်အဖြစ် ရှိနေတဲ့ တိုက်စစ်မှူးဟာ ဒီလိုအခြေအနေကြောင့် အသင်းပြောင်းဖို့ ကောလာဟလတွေ ပြန်လည်ထွက်လာစေခဲ့ပြီး အင်တာမီလန်ကနေ ထွက်ခွာတော့မလားဆိုတဲ့မေးခွန်းတွေလည်း ရှိလာစေခဲ့ပါ တယ်။ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ် ကိုယ်တိုင်က အီကာဒီကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုပေးခဲ့ပြီးတဲ့နောက် အီကာဒီနဲ့ချယ်လ်ဆီးကြားက ကောလာဟလတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာနေခဲ့တာပါ။

EPA

ဒမ္ဘီလီ ။       ။ PSG အသင်းနည်းပြ သောမတ်တူချယ်က ဘာစီလိုနာအသင်းကွင်းလယ်ကစားသမား ဒမ်ဘီလီနဲ့ ပတ်သက်လို့ မှတ်ချက်ပေးလိုက်ပြီး ဒမ်ဘီလီဟာ ထိန်းသိမ်းရခက်ခဲတဲ့ ကစားသမားဖြစ်ကြောင်းနဲ့ တချို့အချိန်တွေမှာ အနည်းငယ် စိတ်မနှံ့ဘူးလို့တောင်ထင်မိကြောင်း ပြောဆိုသွားခဲ့ပါတယ်။ တူချယ်ဟာ ဒေါ့တ်မွန်အသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက ဒမ်ဘီလီ နဲ့ လက်တွဲခဲ့ဖူးတာဖြစ်ပြီး ဒမ်ဘီလီရဲ့အကြောင်းကို ကောင်းကောင်းသိထားသူပါ။ တူချယ် က ဒမ်ဘီလီရဲ့ခြေစွမ်းဟာ အံ့အားသင့်ဖွယ်ဖြစ်ပေမယ့် သူဟာ တစ်ခါတစ်လေ ရူးရူးမိုက်မိုက်ကိစ္စတွေကို ပြုလုပ်လေ့ရှိတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

READ
၁၀-၄-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
Twitter

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ အသင်းကစားသမားတွေဖြစ်ကြတဲ့ တိုက်စစ်မှူးဝဲလ်ဘက်နဲ့ နောက်ခံလူ ဟိုးလ်ဒင်းတို့ ဒဏ်ရာကြောင့် ကာလရှည်နားနေရချိန်မှာ အသင်းရဲ့ကစားသမားခေါ်ယူရေးပေါ်လစီကို အပြောင်းအလဲ ပြုလုပ်ရဖွယ်ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ ဇန်န၀ါရီဈေးကွက်မှာ ကစားသမားခေါ်ယူမှုမပြုလုပ်ဖူးဆိုတဲ့ ပေါ်လစီချမှတ်ထားခဲ့ပြီး အာဆင်ဝင်းဂါးရဲ့လက်ထက်မှာကတည်းက ဒီစည်းမျဉ်းကို လိုက်နာခဲ့ကြတာပါ။ ဒါပေမယ့် အရေးပေါ်အခြေအနေတွေမှာတော့ ကစားသမားခေါ်ယူမှုတွေကို ပြုလုပ်ရလေ့ရှိပြီး ဒီအပြောင်းအရွှေ့ဟာလည်း အာဆင်နယ်အတွက် အရေးပေါ်အခြေအနေ ဖြစ်လာခဲ့တယ်လို့ Mirror ကဖော်ပြပါတယ်။

ပယ်လီဂရီနီ ။    ။ PSG အသင်းဟာ ရာဘီယော့ထွက်ခွာသွားရင် လစ်လပ်မယ့် ကွင်းလယ်နေရာအတွက် ရိုးမားကွင်းလယ်ကစားသမား ပယ်လီဂရီနီကိုခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ Gianluca DiMizio ရဲ့ဖော်ပြချက်အရ PSG ဟာ တိုက်စစ်ရော၊ ခံစစ်ပါ အားသန်တဲ့ ကွင်းလယ်ကစားသမားမျိုးကို ရှာဖွေနေပြီး ပယ်လီဂရီနီဟာ ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ ကစားသမားဖြစ်တယ်လို့ ရေးသားခဲ့ကြတာပါ။ ရိုးမားအသင်းကလည်း ပယ်လီဂရီနီရဲ့ အပြောင်းအရွှေ့သတင်းတွေကြောင့် ကစားသမားရဲ့ စာချုပ်မှာ စာချုပ်လျော်ကြေး ထည့်သွင်းဖို့ စီစဉ်နေပါတယ်။

READ
ကမ္ဘာ့ဖလားအတွက် အပြီးသတ်(၂၃)ဦး လူစာရင်း ထုတ်ပြန်လိုက်တဲ့ အင်္ဂလန်အသင်း

ပီပီ ။    ။ ပေါ်တူဂီအသင်းရဲ့ နောက်ခံကစားသမား ပီပီ ကို ပေါ်တိုအသင်းက (၂)နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ ဘက်ဆစ်တပ်အသင်းကနေ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာလာခဲ့တဲ့ ပီပီ ကို ပေါ်တိုက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်တာဖြစ်ပြီး ပေါ်တိုမှာ ရီးယဲလ်အသင်းဖော်ဟောင်း ကာဆီးလက်နဲ့အတူ ကစားရမှာပါ။ ပီပီဟာ (၂၀၀၄)ခုနှစ်ကနေ (၂၀၀၇)ခုနှစ်အထိ ပေါ်တိုအသင်းမှာ ကစားခဲ့ဖူးပြီး အဲဒီနောက်မှာမှ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တာဖြစ်လို့ အသင်းဟောင်းဆီ ပြန်လည်ခြေချခဲ့တာလည်းဖြစ်ပါတယ်။

Twitter

Linn

Source : TheSun , Goal , Mirror

SHARE