၉-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Talksport

ဗယ်လ်ဗာဒီ ။    ။ ဘာစီလိုနာအသင်းဟာ နည်းပြ ဗယ်လ်ဗာဒီရဲ့နေရာကို အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေပြီဖြစ်တယ်လို့ Marca သတင်းစာက ဖော်ပြသွားခဲ့ပြီး ရေးဗားပလိတ်အသင်းမန်နေဂျာ ဂယ်လာဒို ၊ အဲဗာတန်နည်းပြဟောင်း ရော်နယ်ကိုးလ်မန်းနဲ့ အေဂျက်ဇ်နည်းပြ အဲရစ်တန်ဟက် တို့ဟာ ဘာစီလိုနာရဲ့ ပစ်မှတ်ထားတဲ့နည်းပြတွေဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာဟာ ဗယ်လ်ဗာဒီ ကို ထုတ်ပယ်မယ့်ကိစ္စကို အလောတကြီး ဆောင်ရွက်သွားဦးမှာမဟုတ်ပဲ လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ပိုင်းကို ထပ်မံစောင့်ကြည့်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဘက်ပီ ။         ။ PSG အသင်းဟာ သူတို့ရဲ့ လူငယ်တိုက်စစ်မှူးလေး ဘက်ပီ ကို စာချုပ်သက်တမ်းတိုးဖို့ စတင်ကြိုးစားနေပြီဖြစ်ကြောင်း L’Equipe သတင်းစာက ဖော်ပြပါတယ်။ လာမယ့်အပြောင်းအရွှေ့မှာ ရီးယဲလ်ကို ရောက်မယ်လို့ သတင်းတွေထွက်နေတဲ့ ဘက်ပီ ကို PSG က ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေတာဖြစ်ပြီး အသင်းရဲ့ပုံရိပ်ကစားသမားအဖြစ် ရှိနေစေချင်ကြကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

 

မန်ယူ ။ ။ မန်ယူအသင်းဟာ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ စပါးကွင်းလယ်လူ အဲရစ်ဆင် ကို ပေါင်သန်း(၄၀)နဲ့ ခေါ်ယူဖို့ပြင်နေကြောင်း သတင်းတွေ ထွက်လာနေပါတယ်။ စပါးအသင်းအနေနဲ့လည်း ဒီအပြောင်းအရွှေ့မှာမှ အဲရစ်ဆင် ကို မရောင်းရင် ရာသီကုန်ဆုံးချိန်မှာ တပြားမှ မရပဲ ဖြစ်သွားနိုင်တဲ့အနေအထားကြောင့် ရောင်းချသွားဖွယ်ရှိနေတယ်လို့ Mirror က ဖော်ပြပါတယ်။

ဂျူဗင်တပ်စ် ။    ။ ရိုးမားကွင်းလယ်လူ ဇာနီယိုလို ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပေမယ့်လည်း နောက်ထပ်တစ်ကြိမ် ထပ်မံကြိုးစားနေကြောင်း Calciomercato သတင်းစာက ဖော်ပြပါတယ်။ ရိုးမားအသင်းရဲ့ ကြယ်ပွင့်ကစားသမားအဖြစ် ခြေစွမ်းပြနေတဲ့ ဇာနီယိုလို ကိုဂျူဗင်တပ်စ်က ပေါင်(၃၅)သန်းနဲ့ ထပ်မံကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး သူတို့ရဲ့ ပထမအကြိမ် ကြိုးစားမှုကတော့ ပယ်ချခံထားခဲ့ရတာပါ။

မိုဗစ် ။  ။ အယ်လ်အေဂလက်ဆီအသင်းကနေ ထွက်ခွာပြီး အီတလီမြေကို ပြန်လည်ခြေချမယ်လို့ ပြောဆိုထားတဲ့ မိုဗစ်တစ်ယောက် အေစီမီလန်အသင်းဆီ ပြန်လည်ရောက်ရှိဖို့ အနီးစပ်ဆုံးဖြစ်နေပြီလို့ Goal က ဖော်ပြပါတယ်။ အသက် (၃၈)နှစ်အရွယ် တိုက်စစ်မှူးဟာ ဂျူဗင်တပ်စ်၊ အင်တာမီလန်နဲ့ အေစီမီလန်အသင်းတွေမှာ ကစားခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ သူ့ကိုခေါ်ယူနိုင်ဖို့ အင်တာမီလန်နဲ့အေစီတို့က အပြိုင်ကြိုးစားနေကြတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

READ
ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကိုမီဒီယာမှာပြန်ရှင်းဖို့ နည်းပြများတောင်းဆိုတော့မည်။

ဇာခါ ။  ။ နယူးကာဆယ်အသင်းနည်းပြ စတိဘရုစ်က အာဆင်နယ်အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ကွင်းလယ်လူ ဇာခါ ကိုခေါ်ယူနိုင်ဖို့ အသင်းဘုတ်အဖွဲ့ဆီ တင်ပြထားတယ်လို့ Goal က ဖော်ပြပါတယ်။

အသင်းခေါင်းဆောင်လက်ပတ်ကို ရုတ်သိမ်းခံထားရတဲ့အပြင် ပရိသတ်တွေနဲ့အဆင်မပြေမှုတွေကြောင့် ဇာခါ ဟာ ဒီအပြောင်းအရွှေ့မှာ အာဆင်နယ်ကနေ ထွက်ခွာသွားဖို့ရှိနေပြီး နယူးကာဆယ်၊ အေစီမီလန် တို့က ခေါ်ယူဖို့ စိတ်ဝင်စားလာကြတာပါ။

Linn

Source : TheSun , Goal , Mirror

SHARE