၉.၁၂.၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဟယ်ရီကိန်း ။   ။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းကို စိတ်ဝင်စားနေပြီး ပေါင်သန်း(၂၀၀) အထိ အသုံးပြုသွားဖို့ရှိနေတယ်လို့ DailyStar သတင်းစာက ဖော်ပြပါတယ်။ အသက် (၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ ကစားအားကျဆင်းလာမှုအပေါ် ဘာစီလိုနာက စောင့်ကြည့်နေတာဖြစ်ပြီး တိုက်စစ်မှူးအသစ်တစ်ယောက်ကို ခေါ်ယူဖို့ စဉ်းစားလာခဲ့တာပါ။ စပါးအသင်းဟာ ဟယ်ရီကိန်းကိုရောင်းချဖို့ ဆန္ဒမရှိပေမယ့် မြင့်မားတဲ့ကမ်းလှမ်းမှုမျိုးဆိုရင် လက်ခံသွားဖွယ်ရှိနေတယ်လို့ DailyStar က ဖော်ပြပါတယ်။

စတူးရစ်ခ်ျ ။      ။ လီဗာပူးလ်အသင်းတိုက်စစ်မှူး စတူးရစ်ခ်ျဟာ လောင်းကစားမှုပြုလုပ်ခဲ့ကြောင်း သက်သေအခိုင်အမာ တွေ့ရှိခဲ့ပြီးတဲ့နောက် (၆) လ ပွဲပယ်ပြစ်ဒဏ်ကျခံရဖို့ရှိနေပါတယ်။ အသက် (၂၉)နှစ်အရွယ် တိုက်စစ်မှူးဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ပြီး လောင်းကစားမှု ပြုလုပ်ခဲ့တာကြောင့် အနည်းဆုံး (၆) လ ကနေစလို့ ပွဲပယ်ခံရဖို့ရှိနေပါတယ်။ စတူးရစ်ခ်ျရဲ့ ပြစ်ဒဏ်နဲ့ပတ်သက်လို့ ဖေဖော်ဝါရီလအတွင်းမှာ ဆုံးဖြတ်သွားမှာဖြစ်ပြီး စစ်ဆေးမှုတွေ ပြည့်ပြည့်စုံစုံ ပြုလုပ်ခဲ့ပြီးပြီလို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

AFP

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ အိုဇေးလ်အတွက် အင်တာမီလန်အသင်းရဲ့ ပေါင် (၂၅) သန်းနဲ့ ကမ်းလှမ်းမှုကို  လက်ခံဖို့ စဉ်းစားနေပါတယ်။ တစ်ပတ်ကို ပေါင် (၃၅၀၀၀၀) လစာပေးနေရတဲ့ အိုဇေးလ်ရဲ့ ခြေစွမ်းက နည်းပြ အမ်မရီအတွက် စိတ်ကြိုက်မဖြစ်တဲ့အခြေအနေမှာ ရှိနေတာကြောင့် အာဆင်နယ်ဟာ သူတို့ရဲ့ကွင်းလယ်လူကို အင်တာမီလန်အသင်းဆီရောင်းချသွားဖို့ ပြင်ဆင်နေတာပါ။ အသက် (၃၀)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဒီရာသီမှာ သူ့ရဲ့ပုံစံကောင်းပျောက်ဆုံးနေခဲ့ပြီး ပွဲထွက်ခွင့်မရဖြစ်နေတာကြောင့်လည်း အာဆင်နယ်အသင်းကနေ ထွက်ခွာသွားဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၎-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
REX

မော်ရင်ဟို ။     ။ နယ်သာလန်အသင်းနည်းပြဟောင်း ဒန်နီဘလိုင်း က မန်ယူနည်းပြ မော်ရင်ဟို ဟာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို အမှန်အတိုင်းရရှိထားခြင်းမရှိဘူးလို့ ထင်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘလိုင်းက မော်ရင်ဟိုဟာ နည်းပြကောင်းတစ်ယောက်ဆိုတာ သံသယဖြစ်စရာမလိုကြောင်းနဲ့ ကစားသမားတွေနဲ့ ပတ်သက်ပြီး သိသင့်တဲ့အချက်တွေကို ထိန်ချန်ခြင်းခံနေရတာသာ ဖြစ်ကြောင်းပြောဆိုလိုက်တာပါ။ ဘလိုင်းက မော်ရင်ဟိုဟာ သူ့ရဲ့လူစာရင်းမှာ ဘယ်သူအကောင်းဆုံးလဲဆိုတာကိုတောင် သေချာသိထားပုံမပေါ်ပဲ လူစာရင်းကို နည်းမျိုးစုံစမ်းသပ်နေရဆဲဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

(AP Photo/Dave Thompson)

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က ချယ်လ်ဆီးအသင်းဟာ မန်စီးတီးကို (၂-၀) နဲ့ အနိုင်ယူခဲ့တဲ့ ပွဲချိန်အတွင်းမှာ အခွင့်အရေးအနည်းငယ်သာရခဲ့ပြီး အဲဒါကို အသုံးချသွားခဲ့တာဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ မန်စီးတီးဟာ မနေ့ညက ကစားခဲ့တဲ့ပွဲစဉ်မှာ အိမ်ရှင်ချယ်လ်ဆီးအသင်းဖက်ကို ဖိအားပေးပြီး ကစားနိုင်ခဲ့ပေမယ့်လည်း ကန်တီ၊ ဒေးဗစ်လူးဝစ္စတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အရှုံးပေးခဲ့ရတာပါ။ ဂွာဒီယိုလာက မိမိတို့အသင်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းတစ်သင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ချယ်လ်ဆီးရဲ့ စွမ်းဆောင်ရည်ပိုင်းဟာ ချီးကျူးစရာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

READ
ဘောလုံးသမိုင်းမှာ ဘယ်လိုမှမေ့ပျောက်လို့မရတဲ့အလှဆုံးဂိုး(၁၀)ဂိုး

လူကာကူ ။      ။ အာဆင်နယ်အသင်းနောက်ခံကစားသမားဟောင်း မာတင်ကီအွန် က မန်ယူနည်းပြ မော်ရင်ဟိုအနေနဲ့ လူကာကူ ကို ကျားတစ်ကောင်လို ကစားတာမြင်ချင်ပေမယ့်လည်း လူကာကူကတော့ တစ်ရာသီလုံး ကြောင်လေးတစ်ကောင်လို ဆော့နေခဲ့တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လူကာကူရဲ့ခြေစွမ်းဟာ အဲဗာတန်အသင်းတုန်းကနဲ့ယှဉ်လိုက်ရင် အရမ်းကွာခြားနေခဲ့တယ်လို့ ကီအွန်က သုံးသပ်ပါတယ်။ လူကာကူဟာ ဒီရာသီမှာ မန်ယူအသင်းအတွက် (၁၅) ပွဲကစားပြီး (၆) ဂိုးသွင်းပေးထားနိုင်ခဲ့တာကြောင့် သူ့အနေနဲ့ (၁၈၂)မိနစ်ကြာ ကစားပြီးမှ တစ်ဂိုး သွင်းယူနိုင်ခဲ့လို ဖြစ်နေခဲ့ပါတယ်။

 

ဖယ်လ်ကာအို ။ ။ အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက အသင်းတိုက်စစ်မှူးဟောင်း ဖယ်လ်ကာအို ကို ပြန်လည်ခေါ်ယူဖို့ အစီအစဉ်ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အက်သလက်ဟာ အသင်းတိုက်စစ်မှူး ကော်စတာ ဒဏ်ရာရရှိသွားခဲ့ပြီးနောက် တိုက်စစ်ပိုင်းအားနည်းနေခဲ့ပြီး မိုနာကိုအသင်းနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် ဖယ်လ်ကာအို ကိုခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

Linn

Source : Goal , TheSun , Dailymail

SHARE