ပေါ့ဂ်ဘာ ။ ။ မန်ယူအသင်း ကွင်းလယ်ကစားသမားဟောင်း ရွိုင်ယန်ဂစ် က အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာ ဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီး အကောင်းဆုံး ပုံစံနဲ့ မန်ယူအသင်းအတွက် ပြန်ကစားပေးနိုင်မယ်လို့ ယုံကြည်မိကြောင်း ပြောဆိုလိုက်ပါတယ်။ ဂစ် က မန်ယူအသင်းရဲ့ လက်ရှိရလဒ်ပိုင်းနဲ့ ကစားသမားအနေအထားအရ ပေါ့ဂ်ဘာအနေနဲ့ မကြိုးစားဘူးဆိုရင် အရန်ခုံမှာ ထိုင်နေရမယ့်အခြေအနေမျိုး ရောက်ရှိသွားနိုင်ကြောင်း မှတ်ချက်ပေးလိုက်တာပါ။
Ryan Giggs on Pogba “I think we all know United’s record against the big teams, the next step is breaking teams down And that’s where we have to get Paul Pogba back he’s the one who can unlock the door. Get him back playing well and consistently, that’s the next step” #MUFC #GGMU pic.twitter.com/xNqHuL0jSn
— The Daily Devil (@ImGMaha) December 9, 2019
ဂျိမ်းစ် ။ ။ မန်ယူအသင်းဂိုးသမားဟောင်းကြီး ပီတာရှမိုက်ကယ် က မန်ယူအသင်းအနေနဲ့ တောင်ပံကစားသမား ဂျိမ်းစ်ကို ခေါ်ယူနိုင်ခဲ့ခြင်းဟာ တန်ဖိုးရှိတဲ့ခေါ်ယူမှုတစ်ခု ဖြစ်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ မန်စီးတီးအသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ဒါဘီ ပွဲစဉ်မှာ ခြေစွမ်းပြသွားခဲ့တဲ့ ဂျိမ်းစ် ရဲ့ ခြေစွမ်းကို ရှမိုက်ကယ် က ချီးကျူးသွားခဲ့တာဖြစ်ပြီး ဂျိမ်းစ်ဟာ မန်ယူအသင်းမှာ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။
Peter Schmeichel’s verdict on the derby and Daniel James’ United impact #mufc https://t.co/kYqb0OYsxB
— Man United News (@ManUtdMEN) December 8, 2019
ပီယာတက် ။ ။ အေစီမီလန်အသင်းဆီကို တိုက်စစ်မှူး မိုဗစ် တစ်ယောက် ပြန်ရောက်လာခဲ့မယ်ဆိုရင် အသင်းတိုက်စစ်မှူး ပီယာတက် အနေနဲ့ အသင်းကနေ ထွက်ခွာသွားမှာဖြစ်တယ်လို့ အီတလီ သတင်းစာတွေက ဖော်ပြနေကြပါတယ်။ အေစီမီလန်အသင်းအတွက် ဒီရာသီမှုာ (၄) ဂိုးသာ သွင်းထားနိုင်ခဲ့ပြီး ခြေစွမ်းကျနေတဲ့ တိုက်စစ်မှူးဟာ လာမယ့်အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာသွားဖို့ရှိနေပြီး ဘဏ္ဍာရေးအကျပ်အတည်းဖြစ်နေတဲ့ အေစီမီလန် ကလည်း ဒီ ကစားသမားကို ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေပါတယ်။
AC Milan striker Krzysztof Piatek is not interested in moving to Crystal Palace in the January transfer window, or returning to former club Genoa [Tutto Mercato] #CPFC pic.twitter.com/zmd3jETA2w
— CPFC NEWS HQ (@CPFC_NEWS_HQ) December 6, 2019
အလွန်ဆို ။ ။ အင်တာမီလန်အသင်းဟာ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ချယ်လ်ဆီးနောက်ခံလူ မားကို့စ်အလွန်ဆို ကိုခေါ်ယူဖို့ ကြိုးစားလိမ့်မယ်ဆိုတဲ့အကြောင်း Calcio Mercato သတင်းစာက ဖော်ပြပါတယ်။ အသက် (၂၈)နှစ်အရွယ် နောက်ခံကစားသမားဟာ နည်းပြဟောင်း ကွန်တီ နဲ့ ပြန်လည်လက်တွဲဖို့ ဆန္ဒရှိနေပြီး ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် (၇)ပွဲသာ ပွဲထွက်ကစားခွင့်ရထားသေးသူပါ။
မော်ရင်ဟို ။ ။ စပါးအသင်းနည်းပြ မော်ရင်ဟို ဟာ သူ့ရဲ့တပည့်ကျော်ကြီး ဖယ်လိုင်နီ ကို စပါးအသင်းဆီ ပြန်ခေါ်ဖို့ ပြင်ဆင်နေပြီလို့ DH Net က ဖော်ပြပါတယ်။ အသက် (၃၁)နှစ်အရွယ် ကွင်းလယ်လူဟာ မန်ယူအသင်းကို မော်ရင်ဟို ကိုင်တွယ်ခဲ့စဉ်တုန်းက မော်ရင်ဟိုရဲ့ စိတ်ကြိုက်ကစားသမားဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာလည်း မော်ရင်ဟို ရှိရာ စပါးကို ပြန်လည်ရောက်ရှိလာဖို့ သတင်းတွေ ထွက်နေခဲ့တာပါ။ ဖယ်လိုင်နီဟာ လက်ရှိအချိန်မှာ တရုတ်ကလပ် ရှန်ဒေါင်းလူနန်အသင်းအတွက် ကစားပေးနေပြီး ပရီးမီးယားလိဂ်မြေကို အံ့အားသင့်ဖွယ် ပြန်လည်ရောက်ရှိလာဖို့ ရှိနေတာပါ။
Linn
Source : TheSun , Goal , Mirror