၉-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

အိုဇေးလ်။        ။ အာဆင်နယ်အသင်းရဲ့ ဂန္တ၀င်ကစားသမား ဂီလ်ဘာတိုဆေးလ်ဗားက အသင်းမှာ ပွဲထွက် ခွင့်ပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ အိုဇေးလ်ကို ပိုမိုအခွင့်အရေးပေးဖို့ နည်းပြ အူနိုင်းအမ်မရီကို တောင်းဆို လိုက်ပါတယ်။ ဆေးလ်ဗားက “ အိုဇေးလ်ဟာ အရန်ခုံပေါ်မှာ ထိုင်ခိုင်းရမယ့် ကစားသမားမျိုး မဟုတ်ပါဘူး။ လူတွေဟာ အိုဇေးလ်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး အမြဲတမ်း ဝေဖန်ကြပါတယ်။ အဲ့လို ဝေဖန်ခံနေရတဲ့ ကစား သမားမျိုးကို ကွင်းထဲထည့်ပြီး ဝေဖန်မှုတွေမှားကြောင်း သက်သေပြခိုင်းရမှာပါ” လို့ သူ့အမြင်ကို ဖွင့်ဟသွားခဲ့ပါတယ်။

ဒိုင်ဘာလာ။     ။ ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒိုင်ဘာလာဟာ နည်းပြ အယ်လီဂရီနဲ့ မပြေမ လည် ဖြစ်နေပြီး အသင်းက ထွက်ခွာဖို့ ဆန္ဒပြင်းပြနေတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြသွားခဲ့ပါတယ်။ ဒိုင် ဘာလာဟာ ပြီးခဲ့တဲ့ စနေနေ့က ပါးမားအသင်းနဲ့ (၃-၃)ဂိုးစီ သရေကျတဲ့ပွဲမှာ အရန်ခုံပေါ်မှာသာ ထိုင်နေခဲ့ရတဲ့ အတွက် နည်းပြအယ်လီဂရီကို ဝေဖန်ခဲ့ပါတယ်။ ဒိုင်ဘာလာဟာ သူ့ရဲ့ ဝေဖန်မှုအတွက် အယ်လီဂရီကို ပြန် လည် တောင်းပန်ခဲ့ပေမယ့် ယခုနှစ်ဘောလုံးရာသီမှာ ပွဲထွက်ခွင့် လျော့နည်းလာတဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး စိတ်ပျက်နေသူပါ။ ဒိုင်ဘာလာဟာ ဂျူဗင်တပ်အသင်းနဲ့ (၂၀၂၂)ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေ သေးပေမယ့် ရာသီကုန်မှာ အသင်းက ထွက်ခွာခွင့်တောင်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အီကာဒီ။         ။ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး အီကာဒီဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေး နွေးရာမှာ အဆင်မပြေဖြစ်နေပြီး အသင်းကထွက်ခွာဖွယ် ရှိနေပါတယ်။ အီကာဒီရဲ့ အေးဂျင့်အဖြစ် သူ့ရဲ့ ဇနီး ၀န်ဒါ နာရာက ဆောင်ရွက်နေတာ ဖြစ်ပြီး နာရာနဲ့ အင်တာမီလန်အသင်းရဲ့ အားကစားဒါရိုက်တာ ဘီပီ မာရော့တာတို့ဟာ အီကာဒီရဲ့ စာချုပ်ကိစ္စအတွက် လူသိရှင်ကြား အပြန်အလှန် ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ ကြပါတယ်။ အီကာဒီဟာရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၁ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာပါ။ တကယ်လို့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်ခဲ့ရင် အင်တာမီလန်ဟာ အီကာဒီကို ရောင်းထုတ်သွားမှာဖြစ်ပြီး ဂျူဗင် တပ်အသင်းက တိုက်စစ်မှူး ဒိုင်ဘာလာကို ပြန်လည်ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်လျှက်ရှိပါတယ်။

READ
ဒဏ်ရာပြဿနာကြောင့်ယူရိုမှာပါဝင်ဖို့ မသေချာတော့တဲ့စတာရစ်ခ်ျ

အန်ဒွန်ဘီလီ။             ။ မန်ယူအသင်းဟာ လိုင်ယွန်အသင်းရဲ့ ကွင်းလယ်လူ တန်ဂိုင်း အန်ဒွန်ဘီလီကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ ပြင်သစ်ထိပ်တန်း Le 10 Sport သတင်းစာက ဖော်ပြသွား ခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ် ကွင်းလယ်ကစားသမား အန်ဒွန်ဘီလီဟာ ယခုနှစ် ဘောလုံးရာသီမှာ လိုင် ယွန်အသင်း အတွက် အထူးခြေစွမ်းပြ ကစားနေသူပါ။ မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအစမှာ အန်ဒွန်ဘီလီကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)နဲ့ ကမ်းလှမ်းခဲ့ပေမယ့် လိုင်ယွန် အသင်းက ပယ်ချခဲ့ပါတယ်။ မန်ယူအသင်းဟာ အန်ဒွန်ဘီလီကို ပေါင်သန်း(၈၀)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး မန်စီးတီးအသင်းနဲ့အပြိုင် ကြိုး ပမ်းသွားရဖွယ် ရှိနေပါတယ်။

ပီအက်စ်ဂျီ။      ။ ပီအက်စ်ဂျီအသင်းနည်းပြ တူချယ်လ်က မိမိအပါအ၀င် ပီအက်စ်ဂျီအသင်း တစ်သင်းလုံးဟာ လာမယ့်အင်္ဂါနေ့မှာ မန်ယူအသင်းနဲ့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်ပွဲစဉ်အကြောင်းကို တွေးမိနေကြကြောင်း ထုတ် ဖော်ပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ စနေနေ့ည(၁၀း၃၀)မှာ ဘော်ဒိုးအသင်းနဲ့ ပြင်သစ်လိဂ် ပွဲစဉ် ယှဉ်ပြိုင်ကစားရဦးမှာပါ။ တူချယ်လ်က “ အမှန်အတိုင်း ၀န်ခံရရင်တော့ တစ်သင်းလုံး မန်ယူနဲ့ ပွဲအ ကြောင်းပဲ တွေးနေမိပါတယ်။ တစ်သင်းလုံးလည်း အဲ့ဒီပွဲအကြောင်းပဲ ပြောနေမိကြပါတယ်။ ဒါပေမယ့် ဘော်ဒိုး နဲ့ ပွဲကိုလည်း မေ့ထားလို့ မရပါဘူး။ လက်ရှိအသင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အနေအထားနဲ့ ပတ်သတ်ပြီး ကျေနပ်မိပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။

READ
ဟားစီးတီးကိုအနိုင်မရပါက နည်းပြ၀င်းဂါးထုတ်ပယ်ခံရနိုင်ဟု အာဆင်နယ်ဂန္ထ၀င်ဟောကိန်းထုတ်
Instagram

ဂျွန်တယ်ရီ။      ။ ချယ်လ်ဆီးအသင်းရဲ့ ဂန္တ၀င်ကစားသမား ဂျွန်တယ်ရီက သူ့ရဲ့ ချယ်လ်ဆီးကစားသမားဘ၀ သက်တမ်းတစ်လျှောက် ကျောနံပါတ်(၂၆)ကိုပဲ စွဲစွဲမြဲမြဲ ၀တ်ဆင်ခဲ့တဲ့အကြောင်းကို ရှင်းလင်းပြောကြား ခဲ့ပါ တယ်။ တယ်ရီက လူငယ်အသင်းကနေ ချယ်လ်ဆီးအသင်းကြီးကို ရောက်တဲ့အချိန်မှာ ပထမဆုံး ၀တ်ဆင်ခဲ့ရ တာ ကျောနံပါတ်(၂၆)ဖြစ်ကြောင်း၊ နောက်ပိုင်းမှာ ချယ်လ်ဆီးပရိသတ်တွေဟာ ကျောနံပါတ်(၂၆)ဂျာစီကို ၀တ်ပြီး သူ့ကိုအားပေးတာကို တွေ့ခဲ့ရကြောင်း၊ ပရိသတ်တွေကို ငွေကုန်ကြေးကျ သက်သာစေလိုတဲ့အတွက် ကြောင့် ကျောနံပါတ်(၂၆)ကိုသာ စွဲစွဲမြဲမြဲ ၀တ်ဆင်ခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့တာပါ။

အာဆင်နယ်။    ။ အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီဟာ ပေးဂိုးများနေတဲ့ အသင်းရဲ့ ခံစစ်ကြောင်းကို ပြင်ဆင်ဖို့အတွက် လာမယ့်ဘောလုံးရာသီမှာ ခံစစ်ကစားသမား(၃)ဦးခေါ်ယူဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ကို တောင်း ဆိုထားကြောင်း သိရပါတယ်။ အမ်မရီ ခေါ်ယူဖို့တောင်းဆိုထားတဲ့ ခံစစ်ကစားသမားတွေကတော့ မိုချန်ဂလာ ဘတ်အသင်းက အသက်(၂၅)နှစ်အရွယ် ဗဟိုနောက်ခံလူ မက်သီးရက်စ် ဂျင်တာ၊ ဘင်ဖီကာအသင်းက အသက်(၂၃)နှစ်အရွယ် ဘယ်နောက်ခံလူ အလီဟန်ဒရို ဂရီမယ်လ်ဒို၊ နော်ဝစ်ခ်ျအသင်းရဲ့ အသက်(၁၉)နှစ် အရွယ် ညာနောက်ခံလူ မက်စ် အေရွန်စ် တို့ပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အေရွန်စ်ကို ပေါင်(၁၅) သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ဂျင်တာနဲ့ ဂရမီယ်လ်ဒိုတို့ကို ခေါ်ယူဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့ အင်္ဂလိပ်မီဒီယာတွေက ဖော်ပြသွားခဲ့ပါတယ်။

Ref : BBCSports , Goal.com , DailyMail

 

SHARE