၉-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

နေမာ ။ ။ ရီးယဲလ်အသင်းဟာ နေမာကို လာမယ့်အပြောင်းအရွှေ့မှာ ခေါ်ယူဖို့အတွက် အတည်ပြုလိုက်ပြီလို့ Marca က ဖော်ပြခဲ့ပြီး PSG အသင်း မငြင်းနိုင်တဲ့ပြောင်းရွှေ့ကြေးမျိုး ဖြစ်လိမ့်မယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ ရီးယဲလ်အနေနဲ့ နေမာအတွက် ပေါင် သန်း(၃၀၀)အထိ ပေးချေသွားဖို့ စီစဉ်ထားပြီး ရီးယဲလ်အတွက် ကြယ်ပွင့်ကစားသမားတွေကို ပြန်လည်စုစည်းသွားမယ်လို့ အသင်းဥက္ကဌ ပီရက်ဇ်က ပရိသတ်တွေကို ကတိပေးလိုက်ပါတယ်။ ရီးယဲလ်အသင်းပရိသတ်တွေကတော့ နေမာထက် PSG အသင်း လူငယ်တိုက်စစ်မှူး ဘက်ပီ ကို ပိုပြီး အလိုရှိနေကြပေမယ့်လည်း PSG အနေနဲ့ ဘက်ပီကိုတော့ ရောင်းထုတ်သွားဖို့မရှိဘူးလို့ Marca က ဖော်ပြပါတယ်။

ချိန်ဘာလိန် ။    ။ လီဗာပူးလ်အသင်းကွင်းလယ်ကစားသမား ချိန်ဘာလိန်ဟာ ကာလရှည်နားနေရတဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးတဲ့နောက် ပထမဆုံးဝင်ကစားတဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့ပြန်တာကြောင့် ချက်ချင်းပဲ လူစားလဲခဲ့ရပါတယ်။ လီဗာပူးလ်ယူ-၂၃ ပွဲစဉ်မှာ ၀င်ရောက်ကစားခဲ့တဲ့ ချိန်ဘာလိန်ဟာ ပွဲချိန် (၄၁)မိနစ်မှာ ဒဏ်ရာကြောင့် ကွင်းအတွင်းကနေ ထွက်သွားခဲ့ရပြီး ဆေးအဖွဲ့ကတော့ စိုးရိမ်စရာမရှိတဲ့ ဒဏ်ရာမျိုးဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ချိန်ဘာလိန်ဟာ (၂၀၁၈)ခုနှစ် ဧပြီလမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကတည်းက ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အနားယူနေခဲ့ရသူပါ။

READ
ဘရာဇီးရော်နယ်လ်ဒိုနဲ့ပေါ်တူဂီရော်နယ်လ်ဒိုတို့၏ စကေးများနှိုင်းယှဉ်မှု
AFP

ဆိုလာရီ ။        ။ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီ က ရီးယဲလ်အသင်းရဲ့လက်ရှိနည်းပြ ဆိုလာရီဟ နည်းပြကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့ မော်ရင်ဟို၊ ဇီဒန်းတို့လိုမျိုးအစွမ်းအစရှိတဲ့ နည်းပြမျိုးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရီးယဲလ်အသင်းကို အောက်တိုဘာ(၃၀)ရက်ကစပြီး နည်းပြပေးခဲ့တဲ့ ဆိုလာရီဟာ (၂၀၁၈) ဖီဖာကလပ်ကမ္ဘာ့ဖလားကို ရီးယဲလ်အသင်းအတွက် ရယူပေးထားခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းကနေ ထွက်ခွာရဖို့ ရာခိုင်နှုန်းများနေခဲ့တာပါ။ ဗယ်လ်ဗာဒီ က ဆိုလာရီဟာ ရီးယဲလ်အသင်းအကြောင်းကို ပြည့်ပြည့်စုံစုံ သိထားသူဖြစ်ပြီး နည်းစနစ်ပိုင်းလည်း ကောင်းမွန်တဲ့ နည်းပြတစ်ဦး ဖြစ်ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

EPA

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က မန်စီးတီးအသင်းဟာ ရီးယဲလ်၊ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့လို စံချိန်တွေများစွာနဲ့သမိုင်းကြောင်းမျိုး မရှိခဲ့ကြောင်းနဲ့ လက်ရှိအချိန်မှာ အသင်းအနေနဲ့ ဆက်လက်ကြိုးစားနေရဆဲဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ (၂၀၀၈)ခုနှစ်မှာ ရှိတ်မန်ဆော်ရဲ့ ၀ယ်ယူခြင်းခံရပြီးတဲ့နောက်မှာမှ ငွေအင်အားအကြီးအကျယ်သုံးခဲ့ပြီး ချန်ပီယံအောင်မြင်မှုတွေ ဆက်တိုက်ရယူနိုင်ခဲ့တာပါ။ ဂွာဒီယိုလာက မန်စီးတီးအသင်းဟာ တခြားဥရောပအသင်းကြီးတွေလို ကြီးကျယ်တဲ့သမိုင်းကြောင်း အရှိန်အ၀ါမျိုးရှိမနေသေးတာကြောင့် အောင်မြင်မှုပိုင်းမှာ အဲဒီအသင်းတွေနဲ့ နှိုင်းယှဉ်ခြင်းမပြုဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

READ
ချန်ပီယံလိဂ်မှာ ၁၆ အသင်း အဆင့်မဲခွဲမှုများနှင့် သုံးသပ်ချက်
Twitter

အီကာဒီ ။        ။ အင်တာမီလန်အသင်းတိုက်စစ်မှူး အီကာဒီ ဟာ အင်တာမီလန်အသင်း CEO မာရော့တာနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် အသင်းအတွက် ပြန်လည်ကစားပေးဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ အီကာဒီအနေနဲ့ အင်တာမီလန်အတွက် ပြန်ကစားမယ့်နေ့ဟာ မတ်လ(၁၇)ရက်မှာ ကစားရမယ့် မီလန်ဒါဘီပွဲမှာ ဖြစ်တယ်လို့ Goal.com က ဖော်ပြပါတယ်။ လက်ရှိအချိန်မှာတော့ အီကာဒီဟာ လေ့ကျင့်ခန်းအစီအစဉ်တွေကို တစ်ကိုယ်တည်း ပြုလုပ်နေတာဖြစ်ပြီး အင်တာမီလန်နည်းပြ စပယ်လက်တီနဲ့တော့ ဆက်ဆံရေးအေးစက်နေဆဲပဲ ရှိနေပါသေးတယ်။

ဘော်ဒိုး ။        ။ ပြင်သစ်လီဂူး(၁)ကလပ် ဘော်ဒိုးအသင်းဟာ အသင်းနည်းပြသစ်အဖြစ် ဆွမ်ဆီး၊လက်စတာနဲ့ ဖီအိုရင်တီးနားအသင်းတို့ကို နည်းပြခဲ့ဖူးတဲ့ ပေါ်လိုဆိုဆာ ကို ခန့်အပ်လိုက်ပါတယ်။ ဆိုဆာ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက တရုတ်စူပါလိဂ်ကလပ် တီယန်ကျင်းအသင်းကို သွားရောက်နည်းပြခဲ့ပြီး လက်ရှိအချိန်မှာတော့ ဘော်ဒိုးအသင်းရဲ့နည်းပြအဖြစ် (၄)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Instagram

Linn

Source : TheSun , Marca , Goal

SHARE