၉-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဘေးလ် ။        ။ မန်ယူအသင်းဟာ ရီးယဲလ်တိုက်စစ်မှူးဘေးလ်ကို တစ်ရာသီအတွက် ပေါင်(၂၅)သန်းပေးပြီး အငှားခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။ ရီးယဲလ်အသင်းအနေနဲ့ ဂါရက်ဘေးလ်ကိုရောင်းချဖို့ ဒါမှမဟုတ် အငှားချထားဖို့ ဆန္ဒရှိပေမယ့်လည်း ဘေးလ်ရဲ့မြင့်မားတဲ့လစာငွေနဲ့ ပြောင်းရွှေ့ကြေးကြောင့် ခေါ်ယူချင်နေတဲ့အသင်းတွေ မရှိပဲ ဖြစ်နေခဲ့ရတာပါ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကလည်း ဘေးလ်ကို အပြီးသတ်ခေါ်ယူဖို့ထက် အငှားခေါ်ယူပြီး စမ်းသပ်အသုံးပြုကြည့်ဖို့သာ ဆန္ဒရှိနေတယ်လို့ Mirror က ဖော်ပြပါတယ်။

ဝက်စ်ဟမ်း ။     ။ ၀က်စ်ဟမ်းအသင်းဟာ နောက်ခံလူ အော့ဂ်ဘွန်နာ၊ အိုဘီယန်းနဲ့ တိုက်စစ်မှူး ဟာနန်ဒက်ဇ် တို့ကို ဒီအပြောင်းအရွှေ့မှာ ရောင်းချသွားဖို့ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ၀က်စ်ဟမ်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး(၈)ဂိုး သွင်းယူပေးခဲ့တဲ့ ဟာနန်ဒက်ဇ်ဟာ မေဂျာလိဂ်ကလပ်အသင်းတစ်သင်းဆီ ပြောင်းရွှေ့မယ်လို့ သတင်းထွက်နေပြီး ၀က်စ်ဟမ်းက ဒီကစားသမားတွေရောင်းချလို့ရတဲ့ငွေနဲ့ ကစားသမားသစ်ခေါ်ယူရေးမှာ အသုံးပြုသွားမှာပါ။

ဆီလက်ဆန် ။   ။ ဘာစီလိုနာအသင်းဂိုးသမား ဆီလက်ဆန် က သူ့အနေနဲ့ နိုင်ငံအသင်းဖော်ကစားသမား ဒီလစ်တစ်ယောက် ဘာစီလိုနာကိုရောက်လာလိမ့်မယ်လို့ ယုံကြည်နေကြောင်းပြောဆိုလိုက်ပါတယ်။ ဆီလက်ဆန်က ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ဖို့နဲ့ ပတ်သက်ပြီး ဒီလစ်နဲ့ စကားပြောဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ မှန်ကန်တဲ့ရွေးချယ်မှု ပြုလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

READ
ချယ်လ်ဆီးအနိုင်ယူပြီး13 ကြိမ်မြောက် FAဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အာဆင်နယ်
(AP Photo/Martin Meissner)

ဂျော်ဂျင်ဟို ။     ။ ချယ်လ်ဆီးအသင်းကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို က သူ့အနေနဲ့ ဆာရီတစ်ယောက်  ချယ်လ်ဆီးမှာ ဆက်ရှိနေမလားဆိုတဲ့မေးခွန်းတွေကို မဖြေဆိုနိုင်တော့ကြောင်းနဲ့ ဆာရီဟာ လာမယ့်ရာသီမှာ ချယ်လ်ဆီးမှာ ဆက်ရှိနေ၊မနေဆိုတာလည်းမသေချာတော့ကြောင်း ပြောဆိုလိုက်ပါတယ်။ အသက် (၂၇)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ နာပိုလီအသင်းကနေ ဆာရီ ရှိရာ ချယ်လ်ဆီးအသင်းဆီ လိုက်လာခဲ့ပေမယ့်လည်း ဆာရီက ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖို့ပြင်နေတာမို့ စိတ်ပျက်လက်ပျက် ဖြစ်နေရသူပါ။

 

ဂရစ်ဇ်မန်း ။      ။ အက်သလက်တီကိုအသင်းကနေ လာမယ့်ရာသီမှာ ထွက်ခွာတော့မယ့် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ရာသီသစ်မှာကစားရမယ့်နေရာကို သိထားပြီးဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကို ကြိုတင်မပြောချင်သေးကြောင်း ဂရစ်ဇ်မန်းက ၀န်ခံလိုက်ပြီး ဒေးဗစ်ဘက်ခမ်ရဲ့ ကလပ်အသင်းမှာ ကစားဖို့တော့မဖြစ်နိုင်သေးကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းကိုရောက်မယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ PSG နဲ့ မန်ယူတို့က ဘာစီလိုနာထက်ရေပန်းစားနေခဲ့ပြီး ဘယ်အသင်းနဲ့သဘောတူညီမှု ရသွားခဲ့သလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတယ်။

READ
(၁၉-၄-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo)

မိုရာတာ ။        ။ စပိန်အသင်းတိုက်စစ်မှူး မိုရာတာ ဟာ ဖာရိုးကျွန်းစုနဲ့ကစားရမယ့် ယူရိုပါလိဂ်ခြေစစ်ပွဲကို သွားရောက်ကစားနေစဉ်အချိန်အတွင်း သူ့ရဲ့နေအိမ်ကို လက်နက်ကိုင်လူဆိုးတွေ ဖောက်ထွင်းဝင်ရောက်ဖို့ကြိုးစားခဲ့ကြပါတယ်။ အဲဒီအချိန်မှာ မိုရာတာရဲ့ဇနီးသည်နဲ့အတူ ကလေးနှစ်ဦးက အိမ်ထဲမှာ ရှိနေကြပြီး ဓားပြတွေဝင်ရောက်ဖို့ကြိုးစားနေတာကို အိမ်နီးချင်းတစ်ဦးကတွေ့မြင်ပြီးနောက် ရဲတပ်ဖွဲ့ဆီအကြောင်းကြားခဲ့တာပါ။ သောကြာနေ့ည ၁၁ နာရီက ဖြစ်ပွားခဲ့တဲ့ ဒီအမှုမှာ ထိခိုက်ဒဏ်ရာ ရရှိသူမရှိပဲ ရဲကားတွေရောက်လာပြီးတဲ့နောက် ဓားပြတွေ ပြန်လည်ထွက်ခွာသွားခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေကဆိုပါတယ်။

Linn

SHARE