၇-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter "Goal"

ဆာလက် ။      ။ အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးက လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလက် ဟာ ဂိုးဧရိယာအတွင်းမှာ တည်ငြိမ်မှုအပြည့်နဲ့ ကစားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ကစားပုံက မက်ဆီနဲ့ တူတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဒါပေမယ့်လည်း အာစင်ဝင်းဂါးက မက်ဆီအနေနဲ့ ဆာလက်ထက်ပိုကောင်းတဲ့အချက်က ဘာကိုပဲဖြစ်ဖြစ် ကျော်ဖြတ်နိုင်မယ်ဆိုတဲ့ ယုံကြည်မှု ရှိနေတာပဲလို့ ပြောဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ခံစစ်မှာ ခြေစွမ်းပြနေတဲ့နောက်ခံလူ အီမာဆင် ကို စာချုပ်သက်တမ်းတိုးဖို့ ညှိနှိုင်းနေပါပြီ။ အသက် (၂၅)နှစ်အရွယ် ဘယ်နောက်ခံကစားသမားဟာ ချယ်လ်ဆီးနဲ့ (၂၀၂၂)ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမယ့်လည်း ချယ်လ်ဆီးအသင်းက လက်ရှိလစာထက် မြင့်မားတဲ့ လစာငွေကိုပေးချေဖို့ အဆင်သင့်ဖြစ်နေပြီး စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေတာဖြစ်တယ်လို့ The Sun က ဖော်ပြပါတယ်။

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ PSG အသင်းတိုက်စစ်မှူး ဘက်ပီ ကို ခေါ်ယူသွားဖို့ ကြိုးစားနေတယ်လို့ Marca က ဖော်ပြပါတယ်။ ရီးယဲလ်နည်းပြ ဇီဒန်းဟာ လာမယ့်အပြောင်းအရွှေ့ကာလမှာ ကြီးမားတဲ့အပြောင်းအရွှေ့တွေ ပြုလုပ်ဖို့အတွက် အသင်း ဥက္ကဌ ပီရက်ဇ်နဲ့ သဘောတူညီမှု ရရှိထားခဲ့ပြီး ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတာပါ။

READ
၂၉-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

ဂွမ်ဒူဇီ ။ ။ ပြင်သစ်အသင်းအတွက် ပထမဆုံး  ရွေးချယ်ခံခဲ့ရတဲ့ ကွင်းလယ်လူ ဂွမ်ဒူဇီက သူ့အနေနဲ့ ပြင်သစ်လက်ရွေးစင်အသင်းကြီးနဲ့ ထိုက်တန်တဲ့ ကစားသမားဆိုတာ သက်သေပြသွားဖို့ အဆင်သင့်ပဲလို့ ပြောဆိုလိုက်ပါတယ်။ ဂွမ်ဒူဇီဟာ ပေါ့ဂ်ဘာမပါဝင်နိုင်ခဲ့တဲ့ ပြင်သစ်ကွင်းလယ်မှာ အစားထိုးပါဝင်လာခဲ့ပြီး အာဆင်နယ်အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကလည်း နည်းပြ ဒက်ချမ့်ပ်ကို စိတ်ဝင်စားစေခဲ့တာပါ။ ဂွမ်ဒူဇီက လက်ရှိအချိန်ဟာ သူ့အတွက် ကစားသမားဘ၀ နောက်တစ်ဆင့်ကို တက်ရောက်နိုင်တဲ့အချိန်လို့ ယုံကြည်နေပြီး အကောင်းဆုံးကြိုးစားနေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ဘာဘာတော့ဗ် ။         ။ ဘူလ်ဂေးရီးယားအသင်းတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ဒီနေ့ညမှာ ကစားမယ့် အင်္ဂလန်နဲ့ ဘူလ်ဂေးရီးယားအသင်းတို့ရဲ့ပွဲစဉ်မှာ အင်္ဂလန်အနိုင်ရဖို့ ရေပန်းစားနေပေမယ့် ထင်မှတ်မထားနိုင်တာတွေလည်းဖြစ်သွားနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ယူရိုခြေစစ်ပွဲ(၄)ပွဲအပါအ၀င် နောက်ဆုံး(၉)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ဘူလ်ဂေးရီးယားအသင်းဟာ ဒီနေ့ညမှာ အင်္ဂလန်မြေဆီ လာရောက်ကစားရမှာဖြစ်ပြီး အင်္ဂလန်အသင်းဆီက အမှတ်ရသွားနိုင်ချေရှိနေတယ်လို့ ဘာဘာတော့ဗ်က ထင်နေတာပါ။

တီဘတ်စ် ။      ။ လာလီဂါပြိုင်ပွဲဥက္ကဌ တီဘတ်စ် က ရီးယဲလ်နည်းပြဟောင်း မော်ရင်ဟို နဲ့ တိုက်စစ်မှူး ရော်နယ်ဒို တို့ကို လာလီဂါပြိုင်ပွဲမှာ တဖန်ပြန်ပြီး မြင်တွေ့ချင်သေးကြောင်းပြောဆိုလိုက်ပါတယ်။ ရီးယဲလ်အသင်းမှာ အတူတွဲပြီး အလုပ်လုပ်ခဲ့ကြဖူးတဲ့ ပေါ်တူဂီသားနှစ်ယောက်ဟာ လက်ရှိအချိန်မှာ စပိန်မြေကို လာရောက်ချင်ကြောင်းပြောဆိုထားခဲ့ပေမယ့် ပြန်လာဖို့ အခြေအနေတွေကတော့ ဝေးကွာနေဆဲပါ။ တီဘတ်စ် က သူတို့နှစ်ယောက်စလုံးဟာ လာလီဂါပြိုင်ပွဲရဲ့ ပုံရိပ်ကို မြှင့်တင်ပေးနိုင်သူတွေဖြစ်ကြပြီး စပိန်မြေဆီ ပြန်ရောက်လာစေချင်တယ်လို့ မှတ်ချက်ပေးလိုက်တာပါ။

READ
၂၉-၁၂-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE