၈-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter "Talksports"

ရော်နယ်ဒို ။     ။ Gazzetta သတင်းစာရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒို ရဲ့ ရာသီအစပွဲစဉ်တွေမှာတွေ့ရတဲ့ ပြေးအားဟာ အသင်းဖော်တွေအားလုံးထဲမှာ အမြန်ဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ စီးရီးအေရာသီအစ ပွဲစဉ်(၂)ပွဲမှာ (၉၂)မီတာကို (၁၂)စက္ကန့်အတွင်း ပြေးပြထားခဲ့ပြီး တစ်နာရီကို (၃၄)ကီလိုမီတာ အမြန်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုရဲ့အနောက်မှာ ဆန်ဒရို၊ ဒါနီလိုနဲ့ ကော်စတာတို့ဟာ တစ်နာရီကို (၂၈)ကီလိုမီတာနှုန်းနဲ့ အသီးသီး ပြေးနိုင်ခဲ့ကြပြီး ရော်နယ်ဒိုရဲ့ အမြန်နှုန်းကိုတော့ လိုက်မမီနိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။

မန်စီးတီး ။       ။ မန်စီးတီးအသင်းဟာ ဒဏ်ရာရသွားတဲ့နောက်ခံလူ လာပေါ်တေးရဲ့နေရာမှာအစားထိုးဖို့ အင်တာမီလန်နောက်ခံလူ ခရီနီယာ ကို ပစ်မှတ်ထားနေပါတယ်။ The Express ရဲ့ဖော်ပြချက်အရ မန်စီးတီးဟာ ခရီနီယာ ကို ဇန်န၀ါရီအပြောင်းအရွှေ့မှာ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေခဲ့ပြီး မန်စီးတီးအနေနဲ့ ခံစစ်ကစားသမားတစ်ဦးကို မဖြစ်မနေခေါ်ယူသွားရမယ့်အနေအထားမှာရှိနေပြီလို့ ဖော်ပြသွားခဲ့ပါတယ်။

 

မီလစ် ။ ။ နာပိုလီအသင်းတိုက်စစ်မှူး မီလစ် ဟာ စာချုပ်သက်တမ်းတိုးဖို့အတွက် သူ့ရဲ့လက်ရှိလစာထက် (၂)ဆ လိုချင်နေခဲ့တယ်လို့ Corriere Dello Sport က ဖော်ပြပါတယ်။ အသက် (၂၅)နှစ်အရွယ် တိုက်စစ်မှူးဟာ လာမယ့်ရာသီမှာ နာပိုလီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး နည်းပြ အန်ဆယ်လော့တီ အနေနဲ့လည်း မီလစ်ကို အသင်းမှာဆက်ရှိနေဖို့ မျှော်လင့်နေပါတယ်။

ရက်ရှ်ဖို့ဒ် ။       ။ မန်ယူအသင်းနည်းပြဟောင်း မူလန်စတင်း က မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေနဲ့ မန်ယူကြယ်ပွင့်ဟောင်း ရော်နယ်ဒို ကို စံပြအဖြစ် အတူယူသင့်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ မူလန်စတင်းက ရက်ရှ်ဖို့ဒ်ဟာ ရော်နယ်ဒိုလိုမျိုး လှပတဲ့သွင်းဂိုးတွေကို မကြာခဏ သွင်းယူနိုင်တဲ့သူဖြစ်ပြီး သူသာ ကြိုးစားမှုအပြည့်နဲ့အားထုတ်မယ်ဆိုရင် ရော်နယ်ဒိုလိုမျိုး ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက် ဖြစ်လာနိုင်တယ်လို့ပြောဆိုသွားခဲ့ပါတယ်။

ကန်တီ ။         ။ ချယ်လ်ဆီးအသင်းကွင်းလယ်လူ ကန်တီ တစ်ယောက် ဒီရာသီမှာ ဒဏ်ရာမကြာခဏ ရရှိနေခြင်းဟာ ပြိုင်ပွဲတွေ ဆက်တိုက်ကစားနေရခြင်းကြောင့်ဖြစ်နိုင်တယ်လို့ ချယ်လ်ဆီးဂိုးသမားဟောင်း ရှဝါဇာ က သုံးသပ်လိုက်ပါတယ်။ ကန်တီဟာ လက်စတာအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားခဲ့တာကြောင့် အနားယူနေရပြီး ပြင်သစ်အသင်းရဲ့နိုင်ငံတကာပွဲစဉ်တွေကိုလည်း လွဲချော်နေသူပါ။ ရှဝါဇာ က ချယ်လ်ဆီးနည်းပြ လမ်းပတ်ဟာ အသင်းရဲ့ကွင်းလယ်မှာ ကန်တီနဲ့ ဂျော်ဂျင်ဟို ကို တွဲဖက်ကစားစေခြင်းက ချယ်လ်ဆီးရဲ့ရလဒ်ပိုင်းကို အပြောင်းအလဲဖြစ်လာစေမှာဖြစ်တယ်လို့လည်း သုံးသပ်လိုက်ပါသေးတယ်။

READ
ကမ္ဘာ့စံချိန်တင်ပြောင်းရွေ့ကြေးအများဆုံး ကစားသမား(11)ဦးရဲ့ ကောက်ကြောင်း

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းကစားသမားဟောင်း ရီဗယ်ဒို က ဘာစီလိုနာဟာ လာလီဂါပွဲစဉ်(၃)ပွဲ ကစားပြီးချိန်မှာ (၄)မှတ်သာ ရရှိထားခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာဟာ လာလီဂါပွဲဦးထွက်မှာ ဘီလ်ဘာအို ကို ရှုံးခဲ့ပြီးနောက်၊ ဘက်တစ်ကို အိမ်ကွင်းမှာ ပြန်နိုင်ခဲ့ပေမယ့် ပွဲစဉ်(၃)မှာတော့ အိုဆာဆူနာ ကို သရေသာ ကစားနိုင်ခဲ့တာပါ။ ရီဗယ်ဒို က ဘာစီလိုနာဟာ မက်ဆီ ပြန်ကစားနိုင်ဖို့သာ လိုနေတာဖြစ်ပြီး မက်ဆီ ပြန်ပါလာပြီဆိုတာနဲ့ရလဒ်ပိုင်းအတွက် စိုးရိမ်စရာမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

 

Linn

Source : TheSun , Goal , Mirror

SHARE