၉-၈-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Man City"

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက တိုက်စစ်မှူး လူကာကူ ကို ရောင်းချလိုက်ခြင်းဟာ အသင်းရဲ့တိုက်စစ်ကို ပိုမိုကောင်းမွန်လာစေလိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောဆိုလိုက်ပါတယ်။ ဆိုးလ်ရှားက လူကာကူ ကိုရောင်းချလိုက်ခြင်းအားဖြင့် မန်ယူရဲ့လူငယ်ကစားသမားတွေဖြစ်ကြတဲ့ ဂရင်းဝုဒ်နဲ့ ဒန်နီယယ်ဂျိမ်းစ် တို့အတွက် ပွဲထွက်ခွင့်ပိုရလာဖို့ရှိနေပြီး မန်ယူရဲ့တိုက်စစ်က ပိုမိုအလုပ်ဖြစ်လာဖွယ်ရှိနေတယ်လို့ မှတ်ချက်ပေးလိုက်တာပါ။

ဂန်ဒိုဂန် ။        ။ မန်စီးတီးအသင်းဟာ သူတို့ရဲ့ကွင်းလယ်ကစားသမား ဂန်ဒိုဂန် ကို (၃)နှစ်သက်တမ်းရှိတဲ့ သက်တမ်းတိုးစာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ မန်စီးတီးနဲ့စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့တဲ့ ကွင်းလယ်လူဟာ စာချုပ်သစ်အရ မန်စီးတီးမှာ (၂၀၂၂)ခုနှစ်အထိ ဆက်လက်ရှိနေတော့မှာဖြစ်ပါတယ်။

အီတူး ။ ။ အင်တာမီလန်အသင်းတိုက်စစ်မှူးဟောင်း အီတူး က လူကာကူ ဟာ အင်တာမီလန်အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ သေချာကြောင်း ထောက်ခံပြောဆိုသွားခဲ့ပါတယ်။ အီတူးက သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ လူကာကူတစ်ယောက် အင်တာမီလန်ကိုရောက်ရှိလာတဲ့အတွက် ကြိုဆိုကြောင်းနဲ့ အင်တာမီလန်ဟာ အသင်းတစ်သင်းထက် မိသားစုတစ်ခုလိုသာ ဖြစ်ကြောင်း ရေးသားသွားခဲ့ပါတယ်။

 

မာကိုဆေးလ်ဗား ။       ။ အဲဗာတန်အသင်းနည်းပြ မာကိုဆေးလ်ဗားက အာဆင်နယ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ အီဝိုဘီ ဟာ အဲဗာတန်ကို နောက်ထပ်အဆင့်တစ်ခု ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းပြောဆိုလိုက်ပါတယ်။ ဆေးလ်ဗား က အီဝိုဘီ ဟာ သူအလိုရှိနေတဲ့ ကစားသမားမျိုးဖြစ်ပြီး အဲဗာတန်အသင်းမှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြသနိုင်လိမ့်မယ်ဆိုတာ ယုံကြည်နေကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

READ
ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေရခြင်းရဲ့အကြောင်းရင်းကိုဖော်ထုတ်လိုက်တဲ့ ဟယ်ရီကိန်း

 

အီကာဒီ ။        ။ အင်တာမီလန်အသင်းဆီ လူကာကူ ရောက်ရှိသွားတာကြောင့် တိုက်စစ်မှူး အီကာဒီ တစ်ယောက် အသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ဖြစ်သွားခဲ့ပြီလို့ Mirror က ဖော်ပြပါတယ်။ လူကာကူ ဟာ အင်တာမီလန်ရဲ့ ကျောနံပတ်(၉)ကို ၀တ်ဆင်မှာဖြစ်ပြီး အဲဒီ ကျောနံပတ်က အီကာဒီ ၀တ်ဆင်တဲ့ ကျောနံပတ်ပါ။ နည်းပြကွန်တီ ကိုယ်တိုင်ကလည်း အီကာဒီ ကိုရောင်းချဖို့ ဆန္ဒရှိနေပြီး စီးရီးအေပြိုင်ဖက် ဂျူဗင်တပ်စ်အသင်းဆီရောက်ရှိသွားဖို့များတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၉-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဘိုင်ယန် ။       ။ ဘိုင်ယန်မြူးနစ်အသင်းဟာ အင်တာမီလန်ကွင်းလယ်လူ ပါရီဆစ် ကိုအငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ Fedenerrazurra က ဖော်ပြပါတယ်။ ဘိုင်ယန်အသင်းဟာ ပါရီဆစ် ကို တစ်ရာသီအငှားနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်(၂၈)သန်းနဲ့ ခေါ်ယူခွင့်ရှိတယ်ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

 

Linn

Source  : TheSun , Goal , Mirror

SHARE