၁၈-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Goal / Twitter

မက်ဆီ ။         ။ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ ဒိုင်နမိုဇာဂရက် တောင်ပံကစားသမား ဒါနီအိုလ်မို ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းရဲ့ လှုပ်ရှားမှုကို အပြည့်အ၀ထောက်ခံထားတယ်လို့ Marca သတင်းစာက ဖော်ပြပါတယ်။ ဂရစ်ဇ်မန်းကို ခေါ်ယူခဲ့စဉ်တုန်းက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တဲ့ မက်ဆီကြောင့် ဘာစီလိုနာအသင်း တာဝန်ရှိသူတွေ အကျပ်ရိုက်ခဲ့ရပြီး ဒီတစ်ကြိမ်မှာတော့ မက်ဆီရဲ့ ထောက်ခံမှုကို အပြည့်အ၀ရနေပြီဖြစ်တယ်လို့ Marca က ဖော်ပြခဲ့တာပါ။

တယ်ရီ ။         ။ ချယ်လ်ဆီးအသင်းနောက်ခံကစားသမားဟောင်း ဂျွန်တယ်ရီ ဟာ အဂူရို ကို ချယ်လ်ဆီးအသင်းဆီ ခေါ်ယူမယ့် အစီအစဉ်ကို အဓိက ကန့်ကွက်ခဲ့ဖူးသူ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တယ်ရီတစ်ယောက် ချယ်လ်ဆီးအသင်းခေါင်းဆောင်အဖြစ် ရှိနေစဉ်တုန်းက ချယ်လ်ဆီးဟာ အက်သလက်တီကိုအသင်းတိုက်စစ်မှူး အဂူရို ကို မန်စီးတီးနဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် တယ်ရီကတော့ အဂူရိုကိုမခေါ်ဖို့အတွက် ချယ်လ်ဆီးအသင်း ဘုတ်အဖွဲ့ကို တိုက်တွန်းခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

 

ချိန်ဘာလိန် ။    ။ အင်္ဂလန်အသင်း ကွင်းလယ်ကစားသမားဟောင်း ကော်လီမိုး က အင်္ဂလန်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ချိန်ဘာလိန် ဟာ အင်္ဂလန်ရဲ့ နောက်ထပ် ဂက်စ်ကွိုင်နီ ဖြစ်လာလိမ့်ဦးမယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ အင်္ဂလန်အသင်းရဲ့ ကွင်းလယ်မှာ ဂက်ဇာလို့ နာမည်ကြီးခဲ့တဲ့ ဂက်စ်ကွိုင်နီ ဟာ အသင်းပရိသတ်တွေရဲ့ အသည်းနှလုံးဖြစ်ခဲ့သလိုမျိုး ချိန်ဘာလိန်ကလည်းကြီးကျယ်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာလိမ့်ဦးမယ်လို့ ကော်လီမိုး က မှတ်ချက်ပေးခဲ့တာပါ။

ဘတ်ရှူဝါယီ ။   ။ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဘတ်ရှူဝါယီ က သူ့အနေနဲ့ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ထက် အသင်းမှာပဲ နေရာရဖို့ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ အရန်ခုံမှာသာ ထိုင်နေရတဲ့ ဘတ်ရှူဝါယီ က  အသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေထွက်နေခဲ့တဲ့အပေါ် ပြန်လည်တုန့်ပြန်သွားခဲ့တာပါ။ အသက် (၂၆)နှစ်အရွယ် တိုက်စစ်မှူးက စတန်းဖို့ဒ်ဘရစ်ခ်ျဟာ သူ့ရဲ့ အိမ်လို ဖြစ်နေကြောင်းနဲ့ သူ့အနေနဲ့ အသင်းကနေ ထွက်ခွာသွားချင်စိတ်လည်း ရှိမနေကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

နာပိုလီ ။         ။ နာပိုလီအသင်းဟာ ဘယ်လ်ဂျီယံကလပ် ဂျန့်အသင်းရဲ့ ကွင်းလယ်လူ ဆန်ဒါ ဘတ်ခ်ျ ကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့  အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။ ဒီရာသီမှာ ဂျန့် အတွက် (၁၉)ပွဲ ကစားပြီး သွင်းဂိုး (၂) ဂိုးသွင်းခဲ့တဲ့ ကွင်းလယ်လူဟာ အသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ ကယ်လီဂျွန် ၊ မာတန်စ် တို့ရဲ့နေရာမှာ လူစားဝင်ဖို့ ရောက်ရှိလာဖွယ်ရှိနေပါတယ်။

READ
၂-၁၀-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ခရီနီယာ ။       ။ အင်တာမီလန်အသင်းရဲ့ နောက်ခံကစားသမား ခရီနီယာ ကိုခေါ်ယူဖို့ ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတို့ အပြိုင်ကြိုးစားနေကြကြောင်း Corriere Dello Sport က ဖော်ပြပါတယ်။ လာလီဂါထိပ်သီးအသင်းကြီး နှစ်သင်းဟာ ခရီနီယာ အတွက် ကမ်းလှမ်းမှုတွေ စတင်နေပြီဖြစ်ပြီး အင်တာနည်းပြ ကွန်တီက ဒီရာသီမှာ ဆုဖလားတွေကို လိုချင်တယ်ဆိုရင် အသင်းကစားသမားတွေကို ထုတ်မရောင်းဖို့ အသင်းတာဝန်ရှိသူတွေကို တောင်းဆိုထားခဲ့ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE