သမိုင်းထဲက ငွေအများကြီး ရှာဖွေနိုင်ခဲ့တဲ့ လူထူးဆန်း ဆပ်ကပ်အကျော်အမော်များ

ဆေးပညာရပ်ပိုင်းဆိုင်ရာ အများကြီး ဖွံ့ဖြိုးတိုးတက်မှု မရှိချိန်တုန်းက ခေါင်းနှစ်လုံးပါတဲ့လူတို့၊ အမြှီးထွက်နေတဲ့လူတို့ဟာ လူထူးဆန်းတွေပါဘဲ။ ဒါကြောင့် အဲဒီလို လူထူးဆန်းတွေကို ရုံသွင်းပြသတဲ့သူတွေဟာ ငွေအမြောက်အများ ရှာဖွေနိုင်ခဲ့ကြ
ပြီး ကာယကံရှင်တွေကိုယ်တိုင်လည်း ငွေကြေးချမ်းသာသူတွေ ဖြစ်ခဲ့ကြပါတယ်။

တကယ်တော့ ဒါဟာ Deformity သို့မဟုတ် dysmorphism လို့ခေါ်တဲ့ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း/ကမောက်ကမ
ဖြစ်ခြင်းရောဂါလက္ခဏာတွေပါဘဲ။ ဒါကို ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက ကောင်းကောင်း သိပေမယ့် လူထုထဲမှာတော့ အလွန်ထူးဆန်းနေပါတယ်။ ဒီအချက်ကပဲ မြောက်များလှတဲ့ ငွေတွေကို ဖန်တီးနိုင်ခဲ့တာပါ။

အင်္ဂလန်မှာတော့ အဲဒီခေတ်တုန်းက တစ်ချို့သော မိဘတွေဟာ ကိုယ့်ကလေးရဲ့ အရိုးတွေကို ကိုယ်တိုင်ချိုးကာ ပုံပျက်ပန်း
ပျက် ဖြစ်စေပြီး၊ ငွေရှာစေတဲ့အထိ ကိုယ်လက်အင်္ဂါချွတ်ယွင်းခြင်းဟာ ခေတ်ကောင်းခဲ့ပါတယ်။ ဖော်ပြပါဓာတ်ပုံတွေကို ဒေါက်တာ Stanley Burns က စုဆောင်းထားတာ ဖြစ်ပါတယ်။

ဒေါက်တာ Burns က ” 19 ရာစုနှောင်းပိုင်းတုန်းက Social welfare system ဟာ အခုလောက် အားမကောင်းသေး ဘူး … ဒါကြောင့် Deformity နဲ့ မွေးလာတဲ့ လူတွေဟာ လူတွေဟာ လူထူးဆန်းတွေဖြစ်ပြီး၊ ငွေတွေ အမျးကြီး ရှာနိုင်ခဲ့
ကြတယ် … အင်္ဂလိပ်တစ်ချို့ကတော့ ကိုယ့်ကလေးကိုယ် ခြေလက်တွေ ချိုးပြီး၊ Deformity ဖြစ်အောင်လုပ် ပြီးရင် ပိုက်
ဆံရှာခိုင်း … အဲဒီလိုအထိကို ဖြစ်ခဲ့တာ “လို့ ပြောပါတယ်။

READ
စစ်တမ်းကောက်ချက်များအရ Selfie ရိုက်ရင်းသေဆုံးသူအရေအတွက် မြင့်တက်လာနေ

ဒေါက်တာ Burn စုဆောင်းထားတဲ့ ပုံတွေထဲမှာ အမေရိကန်ဆပ်ကပ်လောကမှာ နာမည်ကြီးခဲ့တဲ့ မုတ်ဆိတ်မွေးပါးပြိုင်း
မွေး ထူထဲစွာ ပေါက်နေတဲ့ Minnie Woolsey ရဲ့ ဓာတ်ပုံ၊ 1855 ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဆပ်ကပ်အကျော်အ မော် Giovanni နဲ့ Giacomo Tocci တို့ရဲ့ ဓာတ်ပုံတွေလည်း ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် Millie နဲ့ Christine McKoy တို့ အမွှာညီအစ်မကလည်း နာမည်ကြီးခဲ့ပါတယ်။ သူတို့ကို အများစုက ‘The Two-Headed Nightingale’ လို့ ခေါ်ကြပြီး၊ ယင်းခေတ်က The Eighth Wonder of the World လို့တောင် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

Francesco Lentini လို့အမည်ရတဲ့ ဆပ်ကပ်သမားရဲ့ဓာတ်ပုံကတော့ 1889 ခုနှစ်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပြီး၊ သူကတော့ Parasitic twin လို့ ခေါ်တဲ့ ကပ်ပါးအမွှာနဲ့ မွေးဖွားလာသူ ဖြစ်ပါတယ်။ သူ့လိုပဲ ကပ်ပါးအမွှာနဲ့ မွေးဖွားပြီး နာမည်ကြီး ခဲ့သူကတော့ Laloo လို့ အမည်ရသူဖြစ်ပြီး၊ အခြားနှစ်ယောက်ရဲ့ ဓာတ်ပုံကိုတော့ အမည်ဖော်ပြမထားပါဘူး။ သူတို့တစ်
တွေရဲ့ မိဘတွေဟာ ထိုခေတ်ထိုအခါကတော့ ဘုရားကပေးတဲ့ သားသမီးတွေကို ရဘိအလား ၀င်ငွေ အလွန်ကောင်းခဲ့ကြ
ပါတယ်။

READ
မိကျောင်းနဲ့ပတ်သက်တဲ့ ဗဟုသုတများ

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE