တရုတ်သိုင်းကားတွေထဲကလို ကိုယ်တိုင်လေပေါ်မှာ ပျံဝဲလို့ရမယ့် အပန်းဖြေစခန်း

Youtube-Dressed in costumes, tourists ‘fly’ into the sky to experience real life kung fu world

တရုတ်သိုင်းကားကြည့်ဖူးတဲ့လူတိုင်း သိုင်းသမားတွေ သိုင်းချတဲ့အခန်းကို တော်တော်များများ ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ ဒီလိုဇာတ်ကားတွေ ကြည့်ပြီးရင် ကိုယ်ကိုယ်တိုင် လေပေါ်မှာ ပျံဝဲချင်တဲ့ စိတ်တွေ ဖြစ်လာပြီး ပျံသန်းချင်ပါသလား။ ဒါဆိုရင် တရုတ်နိုင်ငံက မကြာခင်ဖွင့်လှစ်တော့မယ့် နေရာ အသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီနေရာဟာ မကြာခင်မှာ ဖွင့်လှစ်တော့မှာဖြစ်ပြီး ခရီးသွားတွေ လာရောက်အလည်ပတ်မှုအများဆုံးနေရာတစ်ခုဖြစ်လာတော့မှာဖြစ်ကြောင်း Oddity Central သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-Dressed in costumes, tourists ‘fly’ into the sky to experience real life kung fu world

အဆိုပါနေရာဟာ တရုတ်နိုင်ငံ၊ Youxi County ဒေသရှိ Fujian စီရင်စုအတွင်းမှာ တည်ရှိတဲ့ နိဗ္ဗာန်ဘုံလေးပဲ ဖြစ်ပါတယ်။ တောင်တန်းတွေ၊ ရေတံခွန်တွေကြားထဲမှာ တည်ရှိပြီး လုံးဝကို ရာဇဝင်ထဲရောက်သွားသလို ခံစားချက်မျိုး အပြည့်အဝပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် elastic ဝိုင်ယာကြိုးတွေနဲ့ လာရောက်လည်ပတ်သူတွေကို လေပေါ်မှာ ပျံသန်းလို့ရအောင် ပြုလုပ်ပေးထား ပြန်ပါသေးတယ်။ အဆိုပါနေရာက ဝန်ထမ်းတွေကိုယ်တိုင် သေသေချာချာ ကြပ်မတ်ပေးထားတာကြောင့် စိတ်ချလက်ချနဲ့ လေပေါ်ပျံသန်းနိုင်ပြီး အမိုက်စားဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပါသေးတယ်။

READ
Harry Potter ရုပ်ရှင်တွေထဲ အပြင်အဆင်မျိုးနဲ့ မှော်ဆန်တဲ့ စာအုပ်ဆိုင်ကြီး

“လက်ရှိမှာတော့ ပြည်တွင်းက လူတွေကိုပဲ လာရောက်လည်ပတ်ဖို့ ခွင့်ပြုထားပါတယ်။ နောက်ပိုင်းတော့ နိုင်ငံခြားသားခရီးသွားတွေပါ လာရောက်လည်ပတ်နိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ပြီးတော့ တရုတ်သိုင်းကားတွေထဲကလို အဝတ်အစားတွေကိုပါ ကျွန်တော်တို့ဆီမှာ ငှားရမ်းနိုင်ပါတယ်။ နောက်ခံရှုခင်းကလည်း ရေတံခွန်ကြီးတွေ၊ တောင်တန်းတွေပါ တည်ရှိတာကြောင့် လာရောက်လည်ပတ်သူတိုင်း နောင်တရမှာ မဟုတ်ဘူးလို့ ကောင်းကောင်းကြီး အာမခံနိုင်ပါတယ်” အဆိုပါနေရာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Youtube-Dressed in costumes, tourists ‘fly’ into the sky to experience real life kung fu world

Pyi Hein Kyaw

SHARE