ကြောင်ချစ်သူတိုင်း ကစားသင့်တဲ့ ဂိမ်းတစ်ခု (သို့မဟုတ်) Peace Island

patreon.com

ကြောင်တွေရဲ့ အတွေးအမြင်၊ အမူအကျင့်တွေကို စိတ်ဝင်စားတဲ့ ကြောင်ချစ်သူတွေ အကြိုက်တွေ့မယ့် ဂိမ်းလေးတစ်ခုအကြောင်း တင်ဆက်ပေးချင်ပါတယ်။ နာမည်ကတော့ Peace Island ပါ။ ကြောင်တွေကို အဓိက ကာရိုက်တာအဖြစ် ထားပြီး ဂိမ်းဆော့ချင်သူတွေအတွက် Game Developer, Eric Blumrich ရဲ့ တီထွင်လိုက်မှု ဖြစ်ပါတယ်။

ဗီဒီယိုဂိမ်းက လူသူလုံးဝမရှိတဲ့ Maine ဆိုတဲ့ ကျွန်းပေါ်မှာ ဇာတ်လမ်းတည်ထားတာပါ။ ဇာတ်လိုက်ကတော့ ကြောင် ၉ ကောင် ဖြစ်ပါတယ်။ Open-world ဂိမ်းဖြစ်တဲ့ ဒီ Peace Island မှာ ကြောင် ၉ ကောင်က ပတ်ဝန်းကျင်မှာ လေ့လာစူးစမ်းပြီး ထူးဆန်းမှုတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တိုက်ခိုက်ရေးဂိမ်းထက် စူးစမ်းရှာဖွေရေး ဂိမ်းဖြစ်တယ်လို့ ဆိုပါတယ်။

patreon.com

ဂိမ်းကစားသူအနေနဲ့ ကြောင်တွေအဖြစ် ကာရိုက်တာနေရာကနေ နောက်ခံဇာတ်လမ်းကောင်းလေးနဲ့ စူးစမ်းရှာဖွေရမှာ ဖြစ်ပါတယ်။ ဂိမ်းထဲမှာ နောက်ခံပတ်ဝန်းကျင်တွေအနေနဲ့ (၄) ပိုင်း ပါဝင်ပါတယ်။ အသေးစိတ်တဲ့ အဆောက်အဦးအတွင်းဘက်တွေ၊ လက်တွေ့ကျတဲ့ ရာသီဥတုအခြေအနေတွေ၊ နေ့နဲ့ည ပြောင်းလဲမှု၊ ဘေးဘီပတ်ဝန်းကျင်က လှုပ်ရှားမှုတွေကို graphic ကောင်းကောင်းနဲ့ တွေ့ရမှာပါ။

READ
iPhone7နဲ့Samsung Galaxy S7ပေါ်ကို တူပစ်ချပြီးစမ်းသပ်ခြင်း
patreon.com

ဒီဂိမ်းပရောဂျက်ကို အကောင်အထည်ဖို့ ကမ်ပိန်းကိုတော့ ၂၀၁၈ ကတည်းက စခဲ့တာပါ။ အခုဆိုရင်တော့ စိတ်ဝင်စားမှု မြင့်တက်နေပြီဖြစ်တဲ့ ဒီဂိမ်းက တကယ်ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ထွက်ရှိမယ့် ရက်ကိုတော့ အတိအကျ ကြေညာခြင်း မရှိသေးပါဘူး။ PC ကွန်ပြူတာ ၊ Mac ကွန်ပြူတာနဲ့ Oculus VR system တွေမှာ ဆော့နိုင်မှာ ဖြစ်ပါတယ်။ အောက်မှာ ဗီဒီယိုလေးလည်း ထည့်ပေးထားတယ်နော်။ ကြောင်ချစ်သူတွေကတော့ စိတ်ဝင်စားမှာ ကျိန်းသေပါပဲ။

Ref: Tech Crunch

SHARE