ကမ္ဘာ့ဒေသအသီးသီးက ထူးခြားဆန်းပြားလှတဲ့ လူနေမှုဓလေ့စရိုက်များ

အရင် အင်တာနက် မပေါ်ခင်တုန်းကတော့ လူတွေဟာ ကိုယ့်အရပ်၊ ကိုယ့်ဒေသအကြောင်း ကွက်ကွက်ကလေးသာ သိပါတယ်။ ခုတော့ အင်တာနက် ပေါ်လာပြီဖြစ်လို့ ကမ္ဘာအနှံ့အပြားက သတင်းတွေ၊ ထူးခြားဖြစ်စဉ်တွေနဲ့ လူအမျိုးမျိုးတို့ရဲ့ ဓလေ့စရိုက်နဲ့ လူနေမှူစနစ်အကြောင်းကို သိရှိခွင့်ရပြီပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ brightside ကနေတဆင့် တွေ့ရှိရတဲ့ နိုင်ငံအသီးသီးက လူတွေရဲ့ ထူးခြားတဲ့ဓလေ့တွေပါ။ ဒေသခံတွေအနေနဲ့တော့ မထူးဆန်းမှာ ဖြစ်ပေမယ့် အခြားနိုင်ငံသားတွေအတွက်တော့ ဟင်ခနဲ ဟာခနဲဖြစ်သွားနိုင်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။

ဖူးစာဘက်ရှာနေကြောင်း ကြော်ငြာကို မိဘတွေကိုယ်တိုင် သတင်းစာထဲ ကြော်ငြာထည့်ကြပါတယ်။ (အိန္ဒိယ)

လမ်းပေါ်တွေ၊ စူပါမားကတ်တွေမှာ လူတွေဟာ ခြေဗလာနဲ့ လျှောက်သွားတတ်ကြပါတယ်။ (နယူးဇီလန်)

(၈၀) ဒီဂရီဆဲလ်ဆီးယက်စ်ကနေ (၁၀၀) ဒီဂရီဆဲလ်ဆီးယက်စ်အထိ အပူချိန်ပေးထားတဲ့ ရေနွေးငွေ့ခန်းထဲမှာ တစ်ယောက်နဲ့ တစ်ယောက် မသိကြတဲ့ လူတွေဟာ အ၀တ်ဗလာနဲ့ အသားချင်းထိပြီး ထိုင်နေရပါတယ်။ အချိန်အကြာဆုံးထိုင်နိုင်တဲ့သူက ဆုရရှိတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ (ဖင်လန်)

ကိုယ်နဲ့လည်း မသိ၊ ရင်းနှီးကျွမ်းဝင်မှူလည်း မရှိပဲ မျက်နှာကို တစ်ကြိမ်တည်း တွေ့ပြီး လက်ထပ်ဖို့ သဘောတူကြပါတယ်။ (ဆော်ဒီအာရေဗျ)

ကောလိပ်တွေမှာ ပရော်ဖက်ဆာကို ချီးမွမ်းကြောင်း ပြသချင်တဲ့အခါ စားပွဲခုံတွေကို လက်သီးနဲ့ထုကြပါတယ်။ လက်ခုပ်မတီးကြပါဘူး။ (ဂျာမနီ)

နွေအချိန်ရောက်တဲ့အခါ ငှက်တွေရန်က ကင်းအောင် ကေဘယ်ကြိုးတွေ၊ မျက်လုံးအတုတွေနဲ့ သစ်ကိုင်းတွေကို ဦးထုပ်ပေါ်မှာ ချည်နှောင်ထားကြပါတယ်။ (ၾသစေတးလ်)

ချောကလက်တောင့်တွေကို ဆီပူထိုးပြီးရောင်းတဲ့ဆိုင်တွေ ရှိတဲ့နေရာ (နယူးဇီလန်)

ကျေးလက်တွေမှာ အီစတာရက်ဆိုရင် ကောင်လေးတွေဟာ ကောင်မလေးကို ရေပက်တာ၊ တုတ်ချောင်းတွေနဲ့ ခပ်ဖွဖွလိုက်ရိုက်တာမျိုးတွေ လုပ်ကြပါတယ်။ ဒါကို ကောင်မလေးတွေဟာ ကျေးဇူးတင်စကားပြောရပါတယ်။ (စလိုဗက်ကီးယား)

https://www.instagram.com/p/BsiRt9DhWx6/?utm_source=ig_web_copy_link

READ
ချစ်ရတဲ့သူနဲ့ ခရီးသွားရင်း အမှတ်တရဓာတ်ပုံ ကောင်းကောင်းလေးတွေ ရစေချင်လို့....

မိုးပဲ ရွာရွာ၊ နှင်းပဲကျကျ ကလေးက ပုခက်ထဲ အိပ်နေတဲ့အခါ တွန်းလှန်းကို အပြင်မှာထားသိပ်လေ့ ရှိပါတယ်။ (စကန်ဒီနေးဗီးယန်း နိုင်ငံများ)

အလုပ်ချိန်မှာ တမှေးအိပ်တာကို ကုမ္ဗဏီတွေက ခွင့်ပြုပါတယ်။ အချို့ကုမ္ဗဏီအလုပ်ရှင်တွေဆိုရင် ၀န်ထမ်းကို ရုံးမှာ တရေးအိပ်ဖို့တောင် တိုက်တွန်းကြပါတယ်။ အကြောင်းရင်းကတော့ ဒီလိုမျိုး အိပ်တာဟာ အလုပ်ကြိုးစားတဲ့ အလုပ်သမားတစ်ယောက်ရဲ့ သင်္ကေတလို့ မှတ်ယူပါတယ်။ (ဂျပန်)

ဘေစင်တွေမှာ ဘုံဘိုင်နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ရေအေးရပြီး တစ်မျိုးကတော့ ရေပူရပါတယ်။ (အင်္ဂလန်)

လင်းလင်း (ShweMom)

SHARE