မိန်းကလေးတိုင်း သဘောကျကြတဲ့ ယောကျာ်းလေး အမျိုးအစား (၅)မျိုး

မိန်းကလေးတိုင်းမှာ သူတို့စိတ်ထဲက စိတ်ကူးယဉ်ချစ်သူပုံစံမျိုးရှိပါတယ်။ ချစ်သူက သူတို့ကို ဘယ်လိုဂရုစိုက်နိုင်ရမယ် ၊ ဘယ်လိုတွေ ပျော်ရွှင်စေမယ် ဆိုပြီး စိတ်ကူးထားတတ်ကြပါတယ်။ ဒီလိုယောကျာ်းမျိုးတွေကိုတော့ မိန်းကလေးတိုင်း သဘောကျကြပါတယ်။

(၁) နွေးနွေးထွေးထွေး ဂရုစိုက်ပေးနိုင်သူ

မိန်းကလေးတွေက သူတို့ကို ဂရုတစိုက်ရှိနေသူမျိုးကို အရမ်းသဘောကျကြပါတယ်။ စိတ်ဆိုးနေလည်း စိတ်ရှည်ရှည် ချော့ပေးနိုင်တဲ့သူမျိုး ၊ ရန်ဖြစ်ပြီးရင်လည်း ဘယ်လိုပဲဖြစ်နေပါစေ ဖုန်းဆက်တဲ့သူမျိုးကို သဘောကျကြပါတယ်။

(၂) အမှတ်တရလေးတွေကို အမှတ်တရရှိနေသူ

မိန်းကလေးတိုင်းက ကိုယ့်ကို အမှတ်တရ surprise လုပ်ပေးရင် သဘောကျပါတယ်။ စိတ်ထဲမှာ အမြဲကြည်နူးနေတာမျိုးပါ။ အမှတ်တရနေ့တွေကို ဘယ်လောက်ပဲအချိန်ကြာကြာ မပြောင်းလဲဘဲ အမှတ်ရနေမယ့်သူမျိုးကို သဘောကျကြပါတယ်။

(၃) ကြိုးစားမှုရှိသူ

ဝီရိယရှိပြီး ကြိုးစားချင်စိတ်အမြဲရှိတဲ့ ယောကျာ်းမျိုးကို မိန်းကလေးတိုင်း သဘောကျကြပါတယ်။ ကိုယ့်အတွက် ကြိုးစားချင်စိတ်မရှိဘူး ၊ ဖြစ်သလိုပဲ ဘ၀ကို နေနေတဲ့သူမျိုးကို မိန်းကလေးတွေက အိမ်ထောင်ဖက်အဖြစ် ရွေးမှာ မဟုတ်ပါဘူး။

READ
တည်ငြိမ်အေးချမ်းသောစိတ်ကို အစဉ်ပိုင်ဆိုင်စေဖို့

(၄) စိတ်ထားပြည့်ဝသူ

ဒီအချက်ကတော့ မိန်းကလေးတွေ ချစ်သူရွေးတဲ့အခါမှာ ရွေးလေ့ရှိတဲ့အချက်ပဲဖြစ်ပါတယ်။ ယောကျာ်းကောင်းတစ်ယောက်ဆိုရင် စိတ်ထားပြည့်သူဖြစ်ရမယ် ၊ တာဝန်ယူမှုအပြည့်ရှိသူဖြစ်ရမယ်။ မိန်းကလေးတိုင်းသဘောကျကြတဲ့ ယောကျာ်းအမျိုးအစားထဲမှာ ဒီအချက်ရှိသူလည်းပါတယ်။

(၅) စကားနားထောင်သူ


မိန်းကလေးတွေ သဘောကျကြတဲ့ ယောကျာ်းအမျိုးအစားထဲမှာ သူတို့စကားနားထောင်နိုင်သူက မပါမဖြစ် ပါပါတယ်။ မိန်းကလေးတွေက သူတို့စကားနားထောင်နိုင်သူဆို အရမ်းသဘောကျတတ်ကြပါတယ်။ ဒါမလုပ်နဲ့ဆို ချက်ချင်းပြင်သွားနိုင်သူကတော့ မိန်းကလေးတွေရဲ့အကြိုက်ပဲဖြစ်ပါတယ်။

Hannwe Soe

SHARE