တရုတ်နိုင်ငံက ကျောင်းတွေမှာ ကလေးတိုင်းဝတ်ဆင်နေရတဲ့ Social Distancing ဦးထုပ်

[email protected]

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အပြင်ထွက်ခွင့်တွေ ပိတ်ပြီး နိုင်ငံသားတော်တော်များများဟာလည်း အိမ်ထဲကအိမ်အပြင် မထွက်ကြတော့ပါဘူး။ တရုတ်နိုင်ငံ၊ Wuhan မြို့က အစပြုခဲ့တဲ့ ဒီကပ်ဆိုးကြီးကြောင့်ပဲ ရုံးတွေ၊စာသင်ကျောင်းတွေ ပိတ်လိုက်ရပေမယ့် တရုတ်နိုင်ငံမှာတော့ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် စာသင်ကျောင်းကို လာတဲ့ကလေးတိုင်းဟာ Mask တပ်ပြီး Social Distancing ဦးထုပ်တွေ ဆောင်းထားမှ စာသင်ကျောင်းကို လာနိုင်မှာဖြစ်ကြောင်း News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အဆိုပါဦးထုပ်တွေဟာ တစ်မီတာအရှည်ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ပူးကပ်မနေအောင် အဟန့်အတားတော့ ဖြစ်စေပါတယ်။ Social Distancing ဦးထုပ်တွေရဲ့ ပုံစံကတော့ ရှေးခေတ်က ပညာရှိတွေ၊ အမတ်တွေဆောင်းလေ့ရှိတဲ့ ဦးထုပ်အမျိုးအစားပုံစံတွေပဲ ဖြစ်ပါတယ်။ အဆိုပါဦးထုပ်တွေဟာ တရုတ်နိုင်ငံ Online Shopping မှာ တော်တော်ခေတ်စားနေပြီး တစ်ချို့ကျတော့လည်း ကိုယ့်ဟာကိုယ်ပဲ ဖန်တီးပြီး ချုပ်ဝတ်လေ့ရှိပါတယ်။

READ
ဖောက်သည်အမျိုးသားထံမှ ရတနာပစ္စည်းများလိမ်လည်ယူသွားခဲ့တဲ့ ပြည့်တန်ဆာအမျိုးသမီး

 

“ကလေးတွေကတော့ အထူးဂရုစိုက်ရပါမယ်။ အခုတော့ ကျောင်းတိုင်းကျောင်းတိုင်းမှာ Social Distancing ဦးထုပ်နဲ့ Mask တွေကို မဖြစ်မနေဝတ်လာရမယ်လို့ ပညာရေးဝန်ကြီးက အမိန့်ထုတ်ပြန်ထားပါတယ်။ ဒါမှလည်း သူတို့လေးတွေရဲ့ လုံခြုံရေးကို ကာကွယ်ရာရောက်မှာပါ။ ကလေးတွေအတွက်တော့ စိတ်အိုက်စရာဖြစ်ပေမယ့် မဖြစ်မနေအခြေအနေအရမို့လို့ အခုလို စီစဉ်ရတာပါ” လို့ ကျောင်းဆရာမကြီးတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

READ
မွေးကင်းစ သမီးလေးကို လက်သီးနဲ့ထိုးသတ်သည့်ဖခင် ထောင်ထဲမှာ အသတ်ခံရ

Pyi Hein Kyaw

SHARE