ချမ်းမြေ့မောင်ချို နေမကောင်းလဲ Myanmar Idol ဖိုင်နယ်ပွဲကို ပုံမှန်အတိုင်း ကျင်းပမည်

Myanmar Idol Season 3 ပြိုင်ပွဲကတော့ ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်နေပါပြီ။နောက်ဆုံး ဖိုင်နယ် ပြိုင်ပွဲ ကိုတော့ သြဂုတ်လ (၁၁)ရက်နေ့မှာ ကျင်းပမှာပါ။နောက်ဆုံး Top 2 နှစ်ယောက်ကတော့ ဖြိုးမြတ်အောင် နဲ့ ချမ်း မြေ့ မောင်ချိုပါ။သူတို့နှစ်ယောက်ကတော့ ကျင်းပလာတဲ့ Myanmar Idol Season တွေထဲမှာ ပရိသတ် စိတ်ဝင်စားမှု အများ ဆုံး၊ပရိသတ်တွေကြားမှာ သဘောထားကွဲလွဲ တင်းမာမှုတွေ အမြင့်ဆုံး အဆင့်ထိ ဖြစ်စေခဲ့တဲ့ ပြိုင်ပွဲ ၀င်နှစ်ယောက်ပါ။

လက်တလောမှာ Top2 ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုက နေမကောင်းလို့ ဆေးရုံတက် နေပါတယ်။နောက်ဆုံး ဖိုင်နယ် ပြိုင်ပွဲဝင်မယ့် သူတစ်ယောက်က ဆေးရုံတက်နေရတဲ့ အနေအထားဖြစ်နေချိန်၊တစ်ဖက်မှာလဲ ပွဲကျင်းပဖို့ တစ်ရက်အလို မှာတော့ Myanmar Idol မှ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲ တစ်ခုလုပ်ခဲ့ပါတယ်။ချမ်းမြေ့မောင်ချို နေမကောင်း လို့ ဆေးရုံတက်နေပေမယ့် လဲ ပွဲကို ရွှေ့ဆိုင်းဖို့ မရှိပဲ ပုံမှန်အတိုင်း ဆက်လက်ကျင်းပသွား မယ်လို့ တရားဝင် အသိပေးကြေညာခဲ့ပါတယ်။

READ
ခေတ်လေးနဲ့ သစ်လေးရဲ့ မွေးနေ့အလှူပွဲ ပုံရိပ်များ

နောက်ဆုံးအချိန်အထိ ချမ်းမြေ့မောင်ချိုကို စောင့်ဆိုင်းသွားမယ်လို့ သိရပါတယ်။။ချမ်းမြေ့မောင်ချိုအနေနဲ့ ရောက်ရှိလာနိုင်ခြင်းမရှိပါက Winner အဖြစ် ဖြိုးမြတ်အောင်က ရရှိသွားမှာဖြစ်ပြီး Voting စနစ်လည်းရှိတော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

ချမ်းမြေ့မောင်ချိုဟာ အာသီးရောင်ခြင်း၊ တုတ်ကွေးရောဂါဖြစ်ခြင်းနဲ့ လေးဖက်နာ (ASO) တက်ခြင်းတို့ကြောင့် သြဂုတ်​လ ၉ ရက်​​နေ့၊ ရန်​ကုန်​မြို့၊ သုခကမ္ဘာ​ဆေးရုံမှာ တက်​ရောက်​နေတဲ့ သတင်းတွေ၊ပုံတွေ  သြဂုတ်လ (၉) ရက်နေ့က ထွက်ပေါ် လာခဲ့ပါတယ်။ချမ်းမြေ့မောင်ချိုတစ်ယောက် နောက်ဆုံးဖိုင်နယ်ပွဲကို လာရောက်ယှဉ်ပြိုင် မပြိုင် ကိုတော့ အားလုံး ကစိတ်ဝင်တစားစောင့်ကြည့်နေပါတယ်။

 

from – Thukha Gabar Hospital’s Facebook၊One News

SHARE