အမိုက်စားတော်ကီတွေနဲ့ နန်းဆု ကြွေအောင် လုပ်နေသူ ဘယ်သူဆိုတာ အားလုံး သိချင်နေကြ

သရုပ်ဆောင်မင်းသမီးချော နန်းဆုရတီစိုးရဲ့ အချစ်ရေးကို လူတိုင်းစိတ်ဝင်စား နေကြပါတယ်။နန်းဆု က သူမရဲ့ အချစ်ရေးအကြောင်းနဲ့ပတ်သက်ပြီး အရမ်းချစ်ရတဲ့ ချစ်သူရှိနေပါပြီ။သေချာရင် ပရိသ တ်ကို အသိပေးပါ့မယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။

သူမ ချစ်သူက ဘယ်သူပါလို့ မပြောသေးပဲ လျှို့ဝှက်ထားတာကြောင့်ရယ်၊နန်းဆုရတီစိုးက အဆိုတော် G fatt ရဲ့ Post တစ်ခုအောက်မှာ မန့်လိုက်တဲ့ Comment ကြောင့် သူတို့နှစ်ယောက် တွဲနေတာလား ဆိုတဲ့ သတင်းတွေလည်း အွန်လိုင်းမှာ ထွက်နေပါတယ်။

နန်းဆုကလည်း သူမကို တစ်စုံတစ်ယောက်က ပေးပို့ထားတဲ့ စာကို အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။အဲ့ ဒီစာကို ရေးတဲ့သူ ဘယ်သူလဲ ဆိုတာကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။G fatt က နန်းဆုတို့ အိမ်နားမှာရှိတဲ့ ဆိုင်တစ်ဆိုင်ကို သွားစားတဲ့ အကြောင်း fb Post တစ်ခု တင်လိုက် ရာကနေ သတင်းတွေထွက်လာတာပါ။နန်းဆု Instagram ပေါ်တင်နေတဲ့ စာသား တွေရဲ့ ပိုင်ရှင် ဘယ်သူ လဲဆိုတာကိုလည်း အားလုံး က သိချင်နေကြပါတယ်။

READ
သင်​မသိ​သေးတဲ့ Lee Sung Kyung ရဲ့ အ​ကြောင်း

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

FROM Nan Su Yat Soe ‘s Instagram

SHARE