British Eng Speaking နဲ့ Listening တိုးတက်လိုသူတိုင်း ကြည့်သင့်တဲ့ TV Show

British တွေပြောတဲ့ အင်္ဂလိပ်စာလေယူလေသိမ်းကို နားလည်ရခက်တယ်၊ဖမ်းရခက်လို့ စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီပြဿနာတွေကို ပြေလည်အောင်ကူညီပေးနိုင်တဲ့ အရာတစ်ခုရှိနေပါပြီ။တစ်နိုင်ငံနဲ့တစ်နိုင်ငံရဲ့ လေယူလေသိမ်းက မတူတော့ တခါတလေမှာ သူတို့ပြောတဲ့ စကားကို နားလည်အောင်ကြိုးစားရတာ အရမ်းကို ခက်ပါတယ်။အဲ့ဒီလို အခက်အခဲတွေထဲက မှ သင်ဟာ ဗြိတိန်တွေပြောတဲ့ အင်္ဂလိပ်စကားပြောကို နားမည်ဖူး၊British English Speaking  တိုးတက်ချင်သူတစ်ယောက် ဆိုရင်တော့ ကူညီပေးနိုင်တဲ့ အရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Tv Show တစ်ခုကို ကြည့်ပေးရမှာပါ။

Daily Express
Daily Express

အမေရိကန်တစ်ဝန်းမှာရှိတဲ့ မိဘတွေကတော့ ဒီ TV Show ကြောင့် သူတို့သားသမီးတွေရဲ့  British လေယူလေ သိမ်းက တော်တော်လေးကို တိုးတက်လာတယ်ဆိုပြီး ပြောနေကြပါတယ်။အဲ့ဒါကတော့ Peppa Pig.’ ဆိုတဲ့ TV Show ပါ။ကလေးတွေကြားမှာတော့ တော်တော်လေးကို နာမည်ကြီးနေတဲ့ Peppa နဲ့ သူမမိသားစုရဲ့ အကြောင်းလေးပါ။ဝက်မိသားစုလေးရဲ့ နေ့စဉ်လူနေမှုဘ၀အကြောင်းကို ပြထားတာပါ။

READ
လူငယ်များ အသက်မွေးဝမ်းကျောင်း ရွေးချယ်ရန် အကြံပြုချက်များ
shutterstock

British animated series ပါ။အမေရိကန် မှာတော့ ကလေးလေးတွေဟာ ဒီ Show ကို ကြည့်ရင်းကြည့်ရင်းနဲ့ သူတို့ရဲ့ အမေရိကန် လေယူလေ သိမ်းက ပျောက်ပြီး ဗြိတိန်လေယူလေသိမ်းတွေဖြစ်ကုန်တဲ့ အထိတောင်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

Source kptv.

SHARE