Millennials အများစုမသုံးဖြစ်တော့တဲ့ နေ့စဉ်သုံးပစ္စည်းများ

Pexels/bruce mars

Pew သုတေသနစင်တာအရ (၁၉၈၁) ခုနှစ်ကနေ (၁၉၉၆) အတွင်း မွေးဖွားလာသူတွေကို millennials တွေလို့ ခေါ်ပါတယ်။ Millennials တွေနဲ့ ရင်းနှီးခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ အဖြစ်အပျက်တွေကတော့ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ (၂၀၀၈) ခုနှစ် စီးပွားရေးပျက်ကပ်ဆိုက်မှုတွေပဲ ဖြစ်ပါတယ်။ Millennials တွေဟာ ပထမဆုံးအင်တာနက်စပေါ်ပေါ်ချင်းအချိန်မှာ ကြီးပြင်းခဲ့တာဖြစ်တဲ့အတွက် သူတို့ရဲ့နေ့စဉ်ဘ၀တွေမှာ စမတ်ဖုန်းတွေဟာ တစိတ်တဒေသအဖြစ် အရေးပါလျက် ရှိနေပါတယ်။ အခုဖော်ပြပေးမှာတော့ insider သတင်းမှာ တွေ့ရှိရတဲ့ millennials တွေ အသုံးမပြုကြတော့တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

Pexels/rawpixel.com

စာပို့ခြင်းအလေ့အထ

Millennials တွေခေတ်မှာ ဆက်သွယ်ရေးဟာ ပိုပြီး အဆင့်မြင့်လာပါတယ်။ စာရွက်စက္ကူတွေနေရာမှာ အီးမေးလ်တွေနဲ့ အွန်လိုင်းစာပို့စနစ်တွေက ၀င်လာပါတယ်။ အွန်လိုင်းကနေ ပစ္စည်းမှာတာကအစ စာတစ်တန်ပေတစ်တန်နဲ့ ရေးသားနေစရာမလိုပဲ ဖုန်းတစ်ချက်ဆက်ရုံ၊ စာလေးတစ်ကြောင်းပို့ရုံနဲ အလုပ်ဖြစ်နေပါပြီ။

READ
သင့်အတွက် မနက်စာကော်ဖီကို တစ်ခါတည်းဖျော်ပေးမယ့် ဘက်စုံရနှိုးစက်နာရီလေး

လူခေါ်ခေါင်းလောင်းများ

တွစ်တာအသုံးပြုသူတစ်ဦးဖြစ်တဲ့ @youngandjoven က millennials တွေဟာ အိမ်ရှေ့ရောက်လို့ လူခေါ်ခေါင်းလောင်းတီးရမှာကို ခေါင်းလောင်းမတီးပဲ ရောက်နေပြီလို့ စာပို့တာနဲ့ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ်လောက် ရေးပေးကြဖို့ တိုက်တွန်းဖူးပါတယ်။ ဒီပို့စ်နဲ့ပတ်သက်လို့ တက်လာတဲ့ မန့်တွေအရ လူခေါ်ခေါင်းလောင်းတီးတဲ့ဓလေ့ဟာ အိုဟောင်းနေပြီလို့ အများစုက ဆိုပါတယ်။ လူခေါ်ဘဲလ်တီးမယ့်အစား ဖုန်းဆက်တာ၊ စာလှမ်းပို့တာမျိုးကို ပိုလုပ်လာကြပါတယ်။

Pexels/Pixabay

ဂဏန်းပေါင်းစက်

Millennials တွေဟာ ဂဏန်းပေါင်းစက်တွေကို အသုံးပြုတာ တော်တော်လေးနည်းပါးလာပါတယ်။ ဖုန်းတွေ၊ ကွန်ပြူတာတွေမှာလည်း ဂဏန်းပေါင်းလို့ ရနေတာကြောင့် အလုပ်တစ်ခုတည်းပဲ လုပ်နိုင်တဲ့ ဂဏန်းပေါင်းစက်တွေကို millennials တွေ မသုံးကြတော့တာ ဖြစ်ပါတယ်။

Fax machines

Millennials တွေက fax machines ဆိုရင် မသုံးတတ်သူ များပါတယ်။ iPhone နောက်ဆုံးပေါ် version ကို upgrade မြှင့်တတ်ရင်သာ ရှိမယ်၊ fax machines လို့ ဆိုရင်တော့ ဘယ်ကနေဘယ်လို စသုံးရမှန်းတောင် မသိတဲ့သူတွေဟာ millennials တွေပါ။

READ
အကောင်းဆုံးခေါက်ဆွဲခြောက်ပြုတ်နည်းကို ထုတ်ပြလိုက်တဲ့ ဂျပန်ကအစားဂုရုမမ
Pexels/Pixabay

နာရီနှိုးစက်

နာရီနှိုးစက်တွေဟာလည်း millennials တွေလက်ထက်မှာ တစစနဲ့ အသုံးပြုတာနည်းလာပါတယ်။ အကြောင်းကတော့ စမတ်ဖုန်းတွေထဲ  နာရီနှိုးစက်အပြင် အခြားအချိန်မှတ်သားတဲ့ လုပ်ဆောင်ချက်တွေပါ ပါလာတာကြောင့် millennials တွေဟာ နာရီနှိုးစက်တွေအစား ဖုန်းကိုပဲ ပိုအားကိုးလာတာ ဖြစ်ပါတယ်။

မြေပုံစာရွက်

Millennials တွေက စမတ်ဖုန်းတွေ အသီးသီးကိုင်လာပြီးတဲ့နောက် မြေပုံစက္ကူတွေဆိုရင် မေ့နေပါပြီ။ ဘာကြောင့်လည်းဆိုတော့ ဖုန်းထဲမှာက ဘယ်လမ်းကြောင်းသွားချင်လဲ၊ ဘယ်ကိုရောက်နေလဲဆိုတာ ချက်ခြင်းသိနိုင်ပါတယ်။ ဒါကြောင့် millennials တွေက မြေပုံစာရွက်တွေအစား ဖုန်းတွေကိုပဲ အားကိုးလာကြပါတယ်။

လင်းလင်း (ShweMom)

SHARE