အားကျအတုယူစရာကောင်းတဲ့အမျိုးသမီးတီထွင်ဖန်တီးရှင်များအကြောင်း

အမျိုးသမီးတွေဟာ အမျိုးသားတွေလိုပဲ တီထွင်ဖန်တီးနိုင်စွမ်း ရှိကြသူတွေဖြစ်ပါတယ်။ ကော်ဖီစစ်တဲ့ ဇကာ၊ မိုနိုပိုလီ၊ ကားလေကာမှန် ရေယက်တွေအပါအ၀င် ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာတွေကို တီထွင်ခဲ့ကြသူတွေဟာ အမျိုးသမီးတွေသာဖြစ်ပါတယ်။ အခုလို ထူးထူးခြားခြားစွမ်းဆောင်ဖန်တီးခဲ့တဲ့ အမျိုးသမီးပညာရှင်တွေရှိခဲ့ပေမယ့် တော်တော်များများက အသိအမှတ် ပြုမခံခဲ့ရပါဘူး။ စာဖတ်သူတွေအတွက် ဗဟုသုတအလို့ငှာ အမျိုးသမီးစွန့်ဦးတီထွင်သူများအကြောင်းကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ကော်ဖီစစ်ဇကာ

PHOTOGRAPH BY INTERFOTO, ALAMY

ကော်ဖီစစ်ဇကာကို ဂျာမနီနိုင်ငံမှ Melitta Bentz ဆိုသူက တီထွင်ခဲ့တာဖြစ်ပါတယ်။ (၁၉၀၈)ခုနှစ်မှာ Bentz ဟာ ကော်ဖီကောင်းကောင်း သောက်နိုင်ဖို့နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ သူမက ကော်ဖီစေ့ရဲ့ခါးသက်တဲ့အရသာနဲ့ ကော်ဖီအနည်အနှစ်တွေ ပေါ်လောကြီးဖြစ်နေတာကို မကြိုက်နှစ်သက်ခဲ့ပါဘူး။ ဒါကြောင့်သူမက မင်နှိပ်စက္ကူရွက်တွေနဲ့ စမ်းသပ်ခဲ့ပြီးတဲ့နောက် စက္ကူကော်ဖီစစ်ဇကာကို တီထွင်နိုင်ခဲ့ပါတယ်။ သူမရဲ့ဖန်တီးမှုအတွက် မူပိုင်ခွင့်ရရှိခဲ့ပြီး သူမနေထိုင်ရာ တိုက်ခန်းမှာပဲ ကိုယ်ပိုင်ကော်ဖီစစ်ဇကာ ရောင်းချတဲ့ကုမ္ပဏီတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

မိုနိုပိုလီ

PHOTOGRAPH BY PF-(USNA), ALAMY (LEFT) AND PHOTOGRAPH BY MARTIN BENNETT, ALAMY (RIGHT)

Elizabeth Lizzie Magie အမည်ရတဲ့အမျိုးသမီးဟာ (၁၉၀၄)ခုနှစ်က The Landlord’s Game လို့ အမည်ပေးထားတဲ့ဂိမ်းရဲ့ ပထမဦးဆုံးဗားရှင်းကို တီထွင်ခဲ့ပြီး မူပိုင်ခွင့်ရခဲ့သူပါ။ ဂိမ်းဆော့ခြင်းအားဖြင့် စီးပွားရေးမညီမျှမှုအခြေအနေတွေကို နားလည်နိုင်ဖို့ တီထွင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူမရဲ့ ဂိမ်းကို ဒေါ်လာ(၅၀၀) နဲ့ Parker Brothers ဆီရောင်းချခဲ့ပါတယ်။ နှစ်(၃၀) အကြာမှာတော့ Charles Darrow ဆိုသူက ယင်းဂိမ်းကို ပြန်လည်ဆန်းသစ်တီထွင်ပြီး မိုနိုပိုလီဂိမ်းလို့ အမည်ပေးခဲ့ပါတယ်။ Charles Darrow ဟာ (၁၉၃၅)ခုနှစ်မှာ Parker Brothers ဆီကို ယင်းဂိမ်းအား ထပ်မံရောင်းချခဲ့ပါတယ်။

READ
ဝပေမယ့်အရမ်းလှတဲ့ အကိတ်ဆိုဒ်မော်ဒယ်(၁၀)ဦး

လေကာမှန်ရေယက်များ (ကားဝိုက်ပါများ)

(၁၉၀၂)ခုနှစ်တုန်းက နယူးယောက်ကို အလည်သွားခဲ့တဲ့ အလယ်ဘားမားပြည်နေ Mary Anderson ဆိုသူဟာ လေကာမှန်မှာ တင်နေတဲ့ဆီးနှင်းတွေကို ကားဆရာက ခဏခဏသုတ်နေရတာကြောင့် ခရီးကြန့်ကြာနေမှန်း တွေ့ရှိခဲ့ပါတယ်။ ထိုကနေတဆင့် ကားထဲမှာ လီဗာအသုံးပြုပြီး အလုပ်လုပ်လို့ရတဲ့ မှန်သုတ်ကိရိယာတစ်ခုကို သူမက တီထွင်ခဲ့ပါတယ်။

သူမဟာ (၁၉၀၃)ခုနှစ်ဟာ မူပိုင်ခွင့်ရရှိခဲ့ပေမယ့် ထိုစဉ်က ကားစက်ရုံတွေဟာ ပေါ်ထွန်းကာစဖြစ်တဲ့အတွက်ကြောင့် လူစိတ်ဝင်စားမှု နည်းခဲ့ပါတယ်။ အခုအခါမှာတော့ Anderson ရဲ့ဖန်တီးမှုမပါပဲနဲ့ မိုးရေထဲကားမောင်းရရင် မတွေးရဲစရာပါပဲ။

ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာ

PHOTOGRAPH BY SCREENPROD, PHOTONONSTOP/ALAMY

Hedy Lamarr အမည်ရတဲ့ကမ္ဘာ့အချောအလှဆုံးအမျိုးသမီးဟာ Wi-Fi ကို တီထွင်ခဲ့သူပါ။ အနုပညာရှင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ သူမမှာ လှပတဲ့မျက်နှာလေးအပြင် ထက်မြက်တဲ့ဥာဏ်ရည်လည်း ရှိသူဖြစ်ပါတယ်။ ပထမကမ္ဘာစစ်တုန်းက Lamarr ဟာ “Spread-spectrum radio” ကို George Antheil နဲ့အတူ ဖန်တီးခဲ့ပါတယ်။ အဆိုပါစနစ်ဟာ ရေဒီယိုအချက်ပေးစနစ်တွေကနေတဆင့် တော်ပီဒိုတွေကို ပစ်မှတ်နေရာဆီအရောက်သွားနိုင်ဖို့ ထိန်းချုပ်ပေးနိုင်တဲ့စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကိုအခြေခံပြီး ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာ ပေါ်ပေါက်လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။

READ
မိန်းကလေးများအတွက်ယောက်ျားလေးသူငယ်ချင်းရှိခြင်း၏အကျိုးများ

ပရိုဂရမ်ရေးဆွဲခြင်းအတတ်နဲ့ ကွန်ပြူတာဆော့ဝဲလ်

PHOTOGRAPH BY SCIENCE HISTORY IMAGES, ALAMY

ဒေါက်တာ Grace Hopper ဆိုသူဟာ သင်္ချာနဲ့ရူပဗေဒပပညာရှင်တစ်ဦးဖြစ်ပြီး ပထမဆုံး ကွန်ပြူဆော့ဝဲလ်ကို ဖန်တီးခဲ့သူဖြစ်ပါတယ်။ (၁၉၅၃)ခုနှစ်မှာ လူတွေရဲ့လမ်းညွှန်ချက်စနစ်တွေကို ကွန်ပြူတာနားလည်နိုင်တဲ့ ဆော့စ်ကုဒ်တွေအဖြစ် ပြောင်းနိုင်ဖို့ Complier ကို တီထွင်ခဲ့ပါတယ်။ အဆိုပါပရိုဂရမ်ကို လစာတွက်ချက်ပေးတာနဲ့ အလိုအလျောက် ဘေတွက်ချက်တာစတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ ရေးဆွဲခဲ့တာဖြစ်ပါတယ်။

ကွန်ပြူတာပရိုဂရမ်ရေးဆွဲခြင်း

အချစ်ကဗျာတွေ ရေးသားလေ့ရှိတဲ့ကဗျာဆရာ Lord Byron ရဲ့ သမီးဖြစ်သူ Ada Lovelace ဟာ ပထမဆုံးကွန်ပြူတာပရိုဂရမ်အတွက် ညွှန်ကြားချက်တွေ ရေးဆွဲခဲ့သူတစ်ဦးဖြစ်ပါတယ်။ (၁၈၀၀)ခုနှစ် အလယ်လောက်မှာ သူမဟာသင်္ချာပညာရှင် Charles Babbage ဆိုသူနဲ့ အလုပ်တွဲလုပ်ခဲ့ပြီး Analytical Engine ရဲ့လုပ်ငန်းဆောင်တာတွေကို ဘာသာပြန်ခဲ့ပါတယ်။ သူမရဲ့ ဘာသာပြန်ချက်တွေဟာ (၁၈၄၃)ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေပြီး အင်ဂျင်ရဲ့အလုပ်လုပ်ပုံနဲ့ Bernoulli နံပတ်တွေကို ထုတ်ပေးနိုင်တဲ့ အယ်ဂိုရမ်သမ်ပြဿနာ ဖြေရှင်းနည်းစနစ်ကို ဖော်ပြပေးထားပါတယ်။

အဆိုပါအယ်ဂိုရမ်သမ်ဟာ ကမ္ဘာ့ပထမဆုံး ကွန်ပြူတာပရိုဂရမ်တစ်ခုဖြစ်ကြောင်း သိရပါတယ်။ အချို့က သူမရဲ့တီထွင်ဖန်တီးမှုနဲ့ပတ်သက်လို့ အရာမသွင်းကြပေမယ့် သူမရဲ့ အားထုတ်မှုမပါပဲ ယနေ့ခေတ်ဝက်ဆိုဒ်တွေ၊ App တွေဆိုတာ ရှိလာနိုင်မှာ မဟုတ်ပါဘူး။

လင်းလင်း (ShweMom)

Source: news.nationalgeographic

SHARE