မရှိဆင်းရဲသားတွေအတွက် ဟင်းသီးဟင်းရွက်ဈေးဖွင့်ပြီး အလှူပေးနေတဲ့ မြို့လေး

[email protected]_kundu_

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့ ဒီလိုအချိန်မှာ လူတိုင်းရဲ့ စားဝတ်နေရေးဟာ အနည်းနဲ့အများကျပ်တည်းနေကြမှာ အမှန်ပါပဲ။ ချမ်းသာတဲ့ လူတန်းစားတွေနဲ့ အလယ်အလတ် လူတန်းစားတွေဖို့အတွက်တော့ တစ်လစာ စားနပ်ရိက္ခာကို ကြိုတင်ဝယ်ယူနိုင်ပေမယ့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံလူတန်းစားတွေအတွက်ကတော့ တစ်နေ့စာတောင် တစ်နေ့အနိုင်နိုင်ပါပဲ။ ဒီလိုလူတွေအတွက် အိန္ဒိယနိုင်ငံရှိ မြို့လေးတစ်မြို့မှာ ဟင်းသီးဟင်းရွက်ဈေးကို ဖွင့်ကာ ပိုက်ဆံပေးစရာမလိုပဲ အလကားရောင်းပေးနေကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]_kundu_

အဆိုပါမြို့လေးရဲ့ နာမည်ကတော့ Jadavpur ဖြစ်ပြီး Kolkata မြို့ကြီးနားမှာ တည်ရှိတာ ဖြစ်ပါတယ်။ ဒီဈေးဖွင့်နိုင်အောင် အလှူအရှင်တွေနဲ့ Volunteer တွေက အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးခဲ့ရတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အဆိုပါဟင်းသီးဟင်းရွက်ဈေးဟာ ဖွင့်တာ တစ်ပတ်ကျော်ရှိနေပြီဖြစ်ပြီး Volunteer တွေ ကူညီရောင်းချပေးမှုကြောင့် အစစအရာရာ အဆင်ပြေ နေပါတယ်။

READ
Air-Con ထဲက ထူးဆန်းတဲ့ အသံတွေရဲ့ တရားခံကြောင့် အံ့သြတုန်လှုပ်ခဲ့တဲ့ အမျိုးသား
[email protected]_kundu_

ဈေးထဲဝင်မယ်ဆိုရင် ပိုက်ဆံပေးစရာမလိုပဲ ဈေးထိပ်နားမှာ တိုကင်ယူရပါတယ်။ အဲဒီနောက်မှာတော့ ဈေးထဲလှည့်လည် ကြည့်ရှု့ပြီး ကိုယ့်မှာရှိတဲ့ တိုကင်ပမာဏနဲ့ ပစ္စည်းတွေအတွက် ဈေးအဖြစ်သတ်မှတ်ထားတဲ့ တိုကင်ပမာဏ ချိန်ဆပြီး စိတ်ကြိုက် ဝယ်ယူနိုင်ပါတယ်။ တစ်ခုရှိတာကတော့ လူအများစုအတွက် ဖွင့်ပေးထားတဲ့ ဈေးဖြစ်တာကြောင့် ကိုယ့်စိတ်ကြိုက် မဝယ်ပဲနဲ့ တစ်နေ့စာတစ်နေ့ လောက်ငှရုံပဲ ဝယ်ယူရမှာ ဖြစ်ပါတယ်။

https://twitter.com/sanchita_kundu_/status/1262358572907798529

“ဝယ်ရတာ တော်တော်အဆင်ပြေပါတယ်။ ဟင်းသီးဟင်းရွက်တွေက တော်တော် လတ်ဆတ်ပါတယ်။ အလှူပေးနေတဲ့ လူငယ်တွေကလည်း တော်ရှာပါတယ်။ အခုဆိုရင်တော့ တစ်နေ့တစ်ခေါက် ဒီဈေးလေးမှာပဲ မနက်တိုင်း လာဖြစ်ပါတယ်။ အခုလို ဒီဈေးလေးဖွင့်နိုင်အောင် ကူညီလှူဒါန်းပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေအကုန်လုံးကို တော်တော်ကျေးဇူးတင်ပါတယ်” လို့ ဈေးလာဝယ်သူ အမျိုးသမီးတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE