Disney+ စီးရီးမှာ အသွင်သစ်တစ်မျိုးနဲ့ တွေ့မြင်ရတော့မယ့် Loki

[email protected] twhiddleston

Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီး မင်းသားတစ်ဦးဖြစ်တဲ့ Tom Hiddleston ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ Marvel ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Tom ကိုတော့ ပရိသတ်တော်တော်များများက Marvel က ရိုကက်ကူးထုတ်လုပ်တဲ့ စူပါဟီးရိုး ဇာတ်ကားတွေထဲက Loki ဇာတ်ကောင်အဖြစ် ပိုပြီးလူသိများကြပါတယ်။ အခုလည်း မကြာခင်အချိန်မှာ Disney+ က ရိုက်ကူးထုတ်လွှင့်မယ့် Loki စီးရီးမှာ Loki နေရာက သရုပ်ဆောင်တဲ့ Tom ကို ပရိသတ် အများစု လုံးဝမမြင်ဖူးတဲ့ အသွင်တစ်မျိုးနဲ့ တွေ့မြင်ရတော့မှာဖြစ်ကြောင်း Pink News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

1 month. #AvengersEndgame

A post shared by Tom Hiddleston (@twhiddleston) on

အဆိုပါ Loki စီးရီးဟာ မကြာခင်အချိန်အတွင်း Disney+ ရုပ်သံလိုင်းကနေ ထုတ်လွှင့်တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ Loki ပရိသတ် တော်တော်များများကလည်း အဆိုပါ Loki စီးရီးကို မျှော်လင့်စောင့်စားနေကြပါတယ်။ အကြောင်းကတော့ အဆိုပါ Loki စီးရီးဇာတ်ကားထဲမှာ Loki ကို bisexual တစ်ယောက်အဖြစ် အမျိုးသားကော၊ အမျိုးသမီးပါ ကြိုက်တတ်တဲ့သူအဖြစ်နဲ့ တွေ့မြင်ရမှာမို့လို့ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ အဆိုပါ စီးရီးဇာတ်ကားဟာ Trailer မထွက်ရှိသေးတာကြောင့်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုနှုန်းက တော်တောလေးကို မြင့်တက်နေပါတယ်။

READ
တရုတ်နိုင်ငံမှာ အညှာအတာမဲ့စွာ မြင်းအစစ်တွေနဲ့ ပြေးဆွဲနေတဲ့ မြင်းရဟတ်

 

 

View this post on Instagram

 

My first time on @fallontonight! Thank you so much @jimmyfallon and the team for the laughs. #BetrayalBroadway #Loki

A post shared by Tom Hiddleston (@twhiddleston) on

“ဒီစီးရီးကတော့ ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ Loki ရဲ့ တစ်ကိုယ်တော် စီးရီးတစ်ခုပါ။ ဒီစီးရီးဇာတ်ကားဟာ မကြာခင်အချိန်အတွင်း Disney+ ကနေ ထုတ်လွှင့်ပြသသွားမှာပဲ ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ ပရိသတ်တွေ မမျှောလင့်တဲ့ ပုံစံတစ်ခုနဲ့ Loki ပုံစံကို တွေ့မြင်ရမှာပါ။ အဲဒါကတော့ Loki ဟာ ဒီစီးရီးဇာတ်ကားထဲမှာ bisexual တစ်ယောက် ဖြစ်နေတာပါပဲ။ ကျိန်းသေတာတစ်ခုကတော့ ပရိသတ်တွေအနေနဲ့ တော်တော်လေးကို ကြိုက်နှစ်သက်မယ့် စီးရီးတစ်ခုဖြစ်လာမှာပါပဲ”လို့ Tom က ပြောကြားခဲ့ပါတယ်။ Marvel ဟာ LGBT ကို ထောက်ခံအားပေးလျက်ရှသလို မကြာသေးခင်အချိန်ကလည်း LGBT စူပါဟီးရိုးတွေ ပါဝင်တဲ့ The Eternals အမည်ရ စူပါဟီးရိုးဇာတ်ကားတစ်ကားကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ ဇာတ်ကားကို အစပိုင်းမှာတော့ ၂၀၂၀ ခုနှစ်၊ နိုင်ဝင်ဘာလထဲမှာ ထုတ်လွှင့်ပြသဖို့ စီစဉ်ခဲ့ပေယ့် COVID 19 ကပ်ရောဂါကြီးကြောင့် ထုတ်လွှင့်ပြသမယ့် ရက်ကိုလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ရွှေ့ဆိုင်းလိုက်တာပဲ ဖြစ်ပါတယ်။

READ
ဦးခေါင်းအနီးက ဖြတ်ကျော်ပျံသန်းတဲ့ လေယာဉ်နဲ့တိုက်မိပြီး၊ အမျိုးသမီးတစ်ဦးသေဆုံး

 

Pyi Hein Kyaw

SHARE