ကိုဗစ်ကာလအတွင်း အခမဲ့သီဆိုနိုင်တော့မယ့် ဂျပန်နိုင်ငံက ကာရာအိုကေဆိုင်များ

Pixabay-Sandra-Gabriel

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ဖြစ်နေကြတဲ့ အချိန်ဖြစ်တာကြောင့် လူတိုင်းအားလုံး စားသတိလာသတိနဲ့ နေနေရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာတော့ COVID 19 ကပ်ရောဂါ ဖြစ်ပွားမှုနှုန်းတွေ ကျဆင်းနေပေမယ့် တစ်ချို့နိုင်ငံတွေမှာတော့ ရောဂါဖြစ်ပွားသူတွေဟာ တဖြည်းဖြည်း များပြားနေတာပဲ ဖြစ်ပါတယ်။ လူတွေခမျာမှာလည်း ဘယ်အချိန်မှာ ပြီးဆုံးနိုင်မှာမှန်းမသိတဲ့ ဒီရောဂါဆိုးကြီးကြောင့် တော်တော်လေးကို စိတ်ညစ်နေရပါတယ်။ ဒါ့ကြောင့် အခုလည်း COVID 19 ကာလအတွင်း ဂျပန်နိုင်ငံမှာရှိတဲ့ ကာရာအိုကေဆိုင် အများစုဟာ သူတို့ဆိုင်တွေကို ပြည်သူတွေ စိတ်ချမ်းချမ်းသာသာနဲ့ သီချင်းသီဆိုနိုင်အောင်အတွက် ဆိုင်တွေကို အခမဲ့ ဖွင့်ပေးခဲ့ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-fernandozhiminaicela

လူတော်တော်များများဟာ စိတ်ညစ်ရင် များသောအားဖြင့် သီချင်းတွေကို တောက်လျှောက်အားရပါးရဆိုလိုက်ရရင် စိတ်တွေ လွတ်လပ်ပေါ့ပါးသွားတတ်ကြပါတယ်။ ဒါကိုသိတဲ့အတွက်ကြောင့် ဂျပန်အစိုးရကနေပြီးတော့ ဂျပန်နိုင်ငံမှာရှိတဲ့ ကာရာအိုကေဆိုင်တွေကို ပြည်သူတွေ အခမဲ့သီချင်းဆိုနိုင်အောင် ဖွင့်လှစ်ခိုင်းလိုက်ပါတယ်။ ဂျပန်နိုငံဟာ လက်ရှိအချိန်မှာတော့ COVID 19 ရောဂါဖြစ်သူတွေ ရှိပေမယ့် အရာအားလုံး ပုံမှန်ပြန်လည်ပတ်အောင် ကြိုးစားနေပြီပဲ ဖြစ်ပါတယ်။ အဆိုပါ ကာရာအိုကေဆိုင်တွေကိုသွားမယ်ဆိုရင် သီချင်းအခမဲ့ဆိုနိုင်ပေမယ့် စားစရာတစ်ခုနဲ့ သောက်စရာတစ်ခုကိုတော့ အနည်းဆုံးဆိုင်မှ အားပေးရမှာဖြစ်ကြောင်း သိရပါတယ်။

READ
ချစ်သူစိတ်ဆိုးမပြေမချင်း၊ လုံးဝမရပ်နားဘဲစန္ဒယားတီးရွှေနားတော်သွင်းမယ့် အမျိုးသား
Pixabay-StockSnap

“မဟုတ်ရင်လည်း ကျွန်တော်တို့ ကာရာအိုကေဆိုင်မှာဆိုရင်လည်း အခန်းတွေက အမြဲလိုလို ရှင်းလင်းနေတာပဲလေ။ အခုအစီအစဉ်က မဆိုးဘူးလို့တော့ ပြောရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီအတိုင်းကြီး ဘယ်သူမှမလာတာထက်ဆိုရင်တော့ လူလည်းလာပြီး စားရာ၊ သောက်စရာတွေလည်း ရောင်းလို့ ရတာပဲလေ။ လာဆိုတဲ့လူတွေလည်းပျော်တာပေါ့။ အခုဆိုရင်တော့ အရင်ကထက် လူတွေပြန်လာနေပါပြီ”လို့ Tokyo မြို့မှ ကာရာအိုကေဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

Pixabay-sofi5t

Pyi Hein Kyaw

SHARE