အိမ်ထဲကမထွက်ရုံနဲ့ ရွှေဒင်္ဂါးဆုကအစ အဝတ်လျှော်စက်အဆုံး ဆုတွေရနိုင်မယ့် အခွင့်အရေး

Pixabay-Lina_cao Pixabay-timcgundert

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကပ်ရောဂါဆိုးကြီးကြောင့် လူတိုင်း အလုပ်ပျက်အကိုင်ပျက်ဖြစ်ပြီး အိမ်ထဲမှာပဲ နေနေကြရပါတယ်။ လူအများစုကတော့ အိမ်ထဲကမထွက်ရ အမိန့်ကို နာခံကြသလို တစ်ချို့ကျပြန်တော့လည်း ဘာမှမဖြစ်သလို အပြင်မှာ လျှောက်သွားနေတုန်းပါပဲ။ အိန္ဒိယနိုင်ငံရဲ့ မြို့တော်တော်များများမှာ အိမ်အပြင်ထွက်တဲ့သူတွေကို ရဲတွေက တုတ်နဲ့ လိုက်ရိုက်တဲ့ကိစ္စကိုတော့ လူတိုင်းနီးပါး သိနှင့်ကြပြီး ဖြစ်မှာပါ။ အခု အိန္ဒိယနိုင်ငံရဲ့ မြို့တစ်မြို့ကတော့ အိမ်ထဲမှာပဲ နေပြီး အပြင်လုံးဝမထွက်တဲ့ မိသားစုတွေကို မဲဖောက်ပေးပြီး ဆုချီးမြှင့်မယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။

Google Map

အိန္ဒိယနိုင်ငံ၊ Kerala ပြည်နယ်၊ Malappuram မြို့က Thazhekkode Grama Panchayat လို့အမည်ရတဲ့ ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့ကတော့ Malappuram မြို့ထဲမှာ နေထိုင်ပြီး အပြင်မထွက်တဲ့ မိသားစုတွေကို မဲဖောက်ပေးပြီး ဆုတွေချီးမြှင့်မှာပဲ ဖြစ်ပါတယ်။ ဆုတွေကတော့ အများကြီးပါပဲ။

READ
ဖုန်းကို အလင်းအမြင့်ဆုံးထိတင်ပြီး သုံးလို့ မြင်လွှာထိခိုက်ခဲ့တဲ့ အမျိုးသမီး
Pixabay-timcgundert

အဲဒီဆုတွေထဲမှာ ရွှေဒင်္ဂါးပြားတွေ၊ ရေခဲသေတ္တာတွေ၊ အဝတ်လျှော်စက်တွေလည်း ပါဝင်ကြောင်း သိရှိရပါတယ်။ ဆုတွေကတော့ စုစုပေါင်း ဆုပေါင်း ၅၀ ရှိပါတယ်။ ဒီလိုချီးမြှင့်ရခြင်းရတာကလည်း လူတွေကို အိမ်ထဲမှာပဲ နေစေချင်လို့ ဖြစ်ကြောင်း သိရပါတယ်။

Pixabay-Lina_cao

“လူတွေကတော့ ဒီအချိန်မှာ စိတ်ညစ်နေကြမှာ အမှန်ပါပဲ။ ကျွန်တော်တို့ မြို့မှာ မိသားစု ၁၀,၀၀၀ နီးပါးရှိပါတယ်။ ကပ်ရောဂါစဖြစ်နေပြီလို့ ကြေညာတဲ့အချိန်မှာလဲ လူတွေက  အပြင်ထွက်နေကြတုန်းပါပဲ။ ဒါ့ကြောင့် ဧပြီလ ၆ ရက်နေ့မှာ ကျွန်တော်တို့ အစည်းအဝေးလုပ်ပြီး နောက်တစ်ရက်မှာ ဒီမဲဖောက်မယ့် ကိစ္စကို ကြေညာခဲ့တာပါ။ ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ရှင်းပါတယ်။ လူတိုင်းကို အိမ်မှာပဲ နေစေချင်တာပါ။ ဒီမဲဖောက်ပေးမယ့်ပွဲကို မေလ ၃ ရက်နေ့အကျော်မှာ ကျင်းပဖြစ်မယ်လို့ ထင်ပါတယ်။ အိမ်ထဲက အိမ်အပြင်မထွက်တဲ့ မိသားစုတွေကိုပဲ ကျွန်တော်တို့ မဲဖောက်ပေးသွားမှာပါ” လို့ Thazhekkode Grama Panchayat ရဲ့ ဥက္ကဌဖြစ်သူ A.K.Nasar က ပြောကြားခဲ့ပါတယ်။

READ
ပေါင်မုန့်ကင်ထဲ မတော်တဆပါသွားတဲ့ ဓားကိုမျိုချမိလို့ ဆေးရုံပြေးခဲ့ရတဲ့သူ

Pyi Hein Kyaw

SHARE